page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, May 9, 2012

“ အသည်းကွဲခြင်းကို ကျော်လွှားရန် နည်းလမ်းများ ”

ညချစ်သူ | 12:20 AM |
ညချစ်သူ | 12:20 AM |




Best Blogger Tips
Share

“ အသည်းကွဲခြင်းကို ကျော်လွှားရန် နည်းလမ်းများ ”

ချစ်သူစုံတွဲများသည် မိမိတို့၏ကံကြမ္မာကို ကြိုတင်မမြင်နိုင်ကြသည့်အတွက် မိမိတို့၌ ကွဲကွာစရာအကြောင်းများမရှိဟူ၍ တွေးကာ ပျော်နေတတ်ကြသည်။ ဤသည်မှာလည်း သဘာဝဖြစ်သည်။ သို့သော်လည်း ကံဆိုးမိုးမှောင်ကျ၍ဖြစ်စေ၊ တစ်ယောက်သောချစ်သူမှသစ္စာဖောက်၍ဖြစ်စေ ခွဲခွာကြရသောအခါ ရင်ကွဲပက်လက်ဖြင့် မဖြေဆည်နိုင်ဖြစ်ကြရလေသည်။

ထိုကဲ့သို့ ခံစားရသောအခါ မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မပြုလုပ်နိုင်ပဲ ခံစားနေရခြင်းသည် မသင့်တော်ပေ။ မိမိကိုယ်ကိုယ်ပြန်လည်ထိန်းကျောင်းကာ မိမိ၏နာကျင်ခံစားနေရမှုကို ဖြေဖြောက်ကြရမည်။ တစ်ဦးချင်းစီအတွက် နာကျင်ခံစားမှုကိုပြေပြောက်စေသော နည်းလမ်းများမှာ တူညီကြမည်မဟုတ်ပေ။ နည်းလမ်းတစ်ခုချင်းစီတိုင်းသည် လူတိုင်းအတွက်သင့်တော်မည်မဟုတ်။ မိမိနှင့်သင့်တော်သော်နည်းလမ်းများကို ရွေးချယ်အသုံးပြုသင့်သည်။ ဖြေဆည်နိုင်ရန်အတွက် အောက်ပါရိုးရှင်းသော နည်းလမ်းများကို တင်ပြလိုက်ရပါသည်။

၁။ ဖြစ်ပေါ်လာတဲ့အခြေအနေကို လက်ခံလိုက်ပါ။
မမျှော်လင့်ထားပဲလမ်းခွဲလိုက်ရခြင်းက သင့်ကိုထိတ်လန့်သွားစေနိုင်ပါတယ်။ ထိုကဲ့သို့လမ်းခွဲလိုက်ရခြင်းကို လက်မခံနိုင်ခြင်းက သင့်ခံစားမှုကို ပိုပြင်းထန်စေပါတယ်။ လက်မခံနိုင်ဘဲ တသသ တွေးနေတဲ့ အချိန်တလျှောက်လုံးသင်နာကျင်ခံစားနေရမှာဖြစ်ပါတယ်။ မိမိလက်ရှိဖြစ်ပေါ်နေသောအခြေအနေမှန်ကို လက်ခံလိုက်ခြင်းဖြင့် ခံစားမှု တစ်ဝက်လောက်လျော့နည်းသွားမှာဖြစ်ပါတယ်။

၂။ ပစ်သွားသော ချစ်သူထံ ရူးရူးမူးမူးနှင့်ပြန်လည်မချင်းကပ်ပါနှင့်။ ထိုအပြုအမူဟာသင့်ကိုနောင်တရစေပါလိမ့်မယ်။ တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်လည်ဆွေးနွေးပါ။ မဖြစ်နိုင်တော့ဘူးလို့သိလိုက်ရတဲ့အချိန်မှာ ရှေ့ဆက်မတိုးပါနဲ့။ အစားထိုးချစ်နိုင်မဲ့အခြားတစ်ယောက်ကို ရှာဖွေပါ။ ထိုသို့ပြုလုပ်ခြင်းဟာ အသည်းကွဲမှုကို အပြည့်အဝနီးပါး ကုစားနိုင်ပါတယ်။ အနည်းဆုံး သင့်ရဲ့စိတ်တွေကို ခံစားနေရမှုမှ အဝေးကိုခေါ်သွားနိုင်ပါလိမ့်မယ်။

၃။ မိမိသူငယ်ချင်းအပေါင်းအဖေါ်များနှင့် သွားလာနေထိုင်ပါ။
အခန်းထဲ၌တစ်ယောက်တည်း ပူဆွေးနေခြင်းထက် သူငယ်ချင်းများနှင့် သွားလာနေထိုင်ခြင်းက ခံစားနေရမှုကို သက်သာစေနိုင်ပါတယ်။ သို့သော် သူငယ်ချင်းများနှင့် သွားလာနေထိုင်ရင်း မူးယစ်ဆေးဝါးများဖြစ်သော အရက်၊ ဘီယာ စသည်တို့ကို မှီဝဲခြင်းကြောင့် ယခုပူဆွေးမှုကို မသက်သာစေရုံမျှမက နောက်ထပ်အဆွယ်အပွား ဒုက္ခများကိုပါဖြစ်ပေါ်လာစေနိုင်ပါတယ်။

၎။ အလုပ်တစ်ခုထဲသို့ အာရုံထည့်လိုက်ပါ။
လုပ်စရာအလုပ်မရှိပဲ အာလပ်ချိန်များနေခြင်းသည် သင့်ကို သင့်ချစ်သူအကြောင်းပို၍တွေးနေစေနိုင်ပါသည်။ ထို့ကြောင့်မိမိကိုယ်ကိုယ် အနားမပေးပဲ အလုပ်ဖိခိုင်းပါ။ လုပ်ငန်းခွင်ဝင်နေသူဖြစ်လျှင် မိမိတာဝန်များကို စွမ်းစွမ်းတမံကြိုးစားလုပ်ကိုင်ရင်း အလုပ်ထဲစိတ်နှစ်ထားလိုက်ပါ။

၅။ မိမိယုံကြည်မှုကို မပျက်ပြားပါစေနှင့်။
ချစ်သူက မိမိကိုစွန်ပစ်သွားခြင်းသည် အကြောင်းတစ်ခုခုမတိုက်ဆိုင်၍ ဟူ၍သာလက်ခံသင့်ပါတယ်။ မိမိတွင်အရည်အချင်းမရှိ၍၊ မလှပ၍၊ ပညာအရည်အချင်းနိမ့်ကျ၍ စသည့် မိမိရဲ့ ယုံကြည့်မှုကို ပျက်ပြားစေမယ့် အတွေးများမဝင်ရောက်ပါစေနဲ့။

၆။ နာကျင်ခံစားနေရမှုကိုလည်း မစွဲလမ်းပါစေနှင့်။
တစ်ခါတစ်ရံ ထိုကဲ့သို့ နာကျင်ခံစားနေရမှုကို မိမိကိုယ်၌က စွဲလမ်းနေတာမျိုး၊ ကြိုက်နှစ်သက်တာမျိုးရှိပါတယ်။ ထိုကဲ့သို့မဖြစ်ပါနဲ့ ထိုစွဲလမ်းမှုကိုဖြောက်ပစ်ပါ။

၇။ အကြံဥာဏ်ပေးနိုင်မည့်အရင်းနှီးဆုံးမိတ်ဆွေများနှင့် တိုင်ပင်ပါ။
အထက်ပါ နည်းလမ်းများအပြင် မိမိအနီးအနားဝန်းကျင်တွင် မိမိခံစားနေရမှုကို ဝေမျှခံယူပေးမည့် မိတ်ဆွေနှင့် ရင်းရင်းနှီးနှီးတိုင်ပင်ပါ။ ကိုယ်တိုင်ခံစားနေရမှုကြောင့် မတွေးခေါ်တတ်သောအချိန်တွင် ဘေးမှမိတ်ဆွေက အမှန်နှင့်အမှားကို ခွဲခြားပြနိုင်ပါလိမ့်မယ်။



အောင်မျိုးခန့် (မော်ကျွန်း)
၂၉၊ ၂၊ ၂၀၁၂ (ဗုဒ္ဓဟူးနေ့)

Share

1 comment:

သုတေတီ said...

ကျေးကျေးပါနော်