page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, May 9, 2012

မိဘ၀တ်

ညချစ်သူ | 1:13 AM |
ညချစ်သူ | 1:13 AM |




Best Blogger Tips
Share

ကျွန်တော် ဖတ်ဖူးကြားဖူးခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ဘယ်သူကမှန်လို့ ဘယ်သူကမှားနေတာလည်း
သူငယ်ချင်းတို့ အမြင်ကကော ဘယ်သူမှားနေတယ်ထင်လဲ ? ။
အဖြစ်အပျက်လေးက ဒီလိုပါ .................................
 ဟိုးတုန်းက သားအမိနှစ်ယောက်ရှိတယ် .. တစ်ဦးတည်းသောသား ဖတဆိုးလေးမို့ မိခင်ဖြစ်သူက သားကိုအရမ်းအလိုလိုက်သတဲ့ .. သားကောင်းတာလုပ်လည်း ဘာမှမပြောဘူး .. မကောင်းတာလုပ်လည်း ဘာမှမပြောဘူး .. ဒီလိုနဲ့ တစ်နေ့တော့သားဖြစ်သူက ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ပြီး ထောင်ချဖို့အပြစ်ဒဏ်ချမှတ်ခံရတယ်။ အဲ့ဒီအချိန်မှာ အချုပ်ခန်းစောင့်က ထောင်ကိုမသွားခင် နောက်ဆုံးဘယ်သူနဲ့တွေ့ချင်သလဲမေးတော့ သားဖြစ်သူက မိခင်ဖြစ်သူနဲ့ တွေ့ချင်ပါတယ်လို့ပြောတယ်။
မိခင်ဖြစ်သူရောက်လာတဲ့အချိန်မှာ သားက အမေ့ကိုတိုးတိုးပြောစရာရှိတယ် တိုင်နားကပ်လာပါလို့ပြောပြီး နားရွက်ကို ကိုက်ဖြတ်လိုက်သတဲ့ ။ ဘာ့ကြောင့်ကိုက်ဖြတ်ရသလဲလို့မေးတဲ့အခါ သားဖြစ်သူက မိခင်ဖြစ်သူက သူ့ကို မှန်တာ မှားတာ မသွန်သင်ပဲ အချစ်လွဲပြီး အလိုလိုက်ခဲ့လို့ သူဟာ အမှန်အမှား လောကတရားတွေကို နားမလည်ပဲ ဒီလိုပြစ်မှု ကျူးလွန်ရတာပါ .. ဒါ့ကြောင့်မိခင်ဖြစ်သူကို ဒဏ်ခတ်တာပါလို့ပြောသတဲ့။ တပည့်မကောင်း ဆရာ့ခေါင်း .. သားသမီးမကောင်း မိဘခေါင်းဆိုတဲ့စကားပုံလို သားသမီးဆိုးတာဟာ တစ်ခါတစ်ရံမှာ သွန်သင်ပြသသူတွေရဲ့ နည်းစနစ်အမှားကြောင့်လည်း ဖြစ်တတ်ပါတယ်။ မိဘကို ဘုရားနဲ့တစ်ဂိုဏ်းထဲထားဖို့ သွန်သင်ခြင်းမခံရတဲ့ တစ်ချို့ အနောက်နိုင်ငံတွေ တော်တော်များများမှာ မိဘကို ဂရုမစိုက်တာ၊ မိဘကို မိဘလို မဆက်ဆံတဲ့ သတင်းတွေ ခဏခဏကြားမိပါရဲ့။ ဒါ့ကြောင့်  ငယ်ငယ်ကတည်းက ကျေးဇူးတရားဆိုတာကို သိတတ်အောင် သင်ပေးရမှာလည်း မိဘ၀တ္တရားတစ်ခုလို့ ကောက်ချက်ချမိပါရဲ့ .. မိဘမေတ္တာဆိုတာ စမ်းရေပမာအေးမြပေမဲ့ ရေလိုက်လွှဲပြီး သားသမီးကို သွန်သင်ဆုံးမမှုမရှိခဲ့ရင်လည်း  မိဘ၀တ္တရား မကျေဘူး ဖြစ်နိုင်ပါတယ် ။ဒါကြောင့် သားသမီးကို ချစ်တဲ့ မိဘတွေအနေဖြင့်လည်း မိဘ၀တ္တရား ငါးပါးကို ကျေပွန်ကြပါလို့ ဆန္ဒပြုရင်း ..................................................
                                    မိဘ၀တ္တရား  ( ၅ ) ပါး                                   မကောင်းမြစ်တာ ၊ ကောင်းရာညွှန်လတ်                       အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊                       ထိမ်းမြားခြင်းလျှင် ၊ ၀တ်ငါးအင် ၊                       ဖခင်မယ်တို့ တာ ။( ၁ ) မကောင်းမှုမှ တားမြစ်ကုန်၏ ။( ၂ ) ကောင်းမှု၌ သက်ဝင်တည်စေကုန်၏ ။( ၃ ) အတတ်ပညာကို သင်စေကုန်၏ ။( ၄ ) သင့်တော်သော ပုဂ္ဂိုလ်နှင့် ထိမ်းမြားပေးကုန်၏ ။( ၅ ) သင့်တော်သော အချိန် ၌ အမွေဥစ္စာကို အပ်နှင်းကုန်၏ ။   ညချစ်သူ ခံစားရေး ဖွဲ့ တင်ပြသည် ။ အမှားပါရင် ခွင့်လွှတ်နိုင်ကြပါစေ ။                                                                            9 . 5 .2012                                                                        နံနက် 1 နာရီ 5 မိနစ် Share

No comments: