page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, April 28, 2012

ညီအစ်ကိုနှစ်ယောက်

ညချစ်သူ | 1:57 PM |
ညချစ်သူ | 1:57 PM |




Best Blogger Tips
Share



by Nyolinn Htun on Saturday, April 28, 2012 at 1:26am ·


ညီအစ်ကိုနှစ်ယောက်
(ဖေမြင့် နှလုံးသာ အဟာရ)


မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက်အတူတကွ လုပ်ကိုင်ကြသည်။
တစ်ယောက်က အိမ်ထောင်သည်၊ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က
လူပျိုလူလွတ်။
တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့်
အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူမျှတူ ခွဲဝေယူကြသည်။

တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်။ ``လယ်ယာထွက်သီးနှံတွေ
အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး၊ ငါကတစ်ယောက်တည်းသမား၊
ငါ့လိုအပ်ချက်က နည်းနည်းလေး´´ သည်လိုတွေးကာ ညစဉ်ညတိုင်း သူ့စပါးကျီမှ
စပါးတစ်အိတ်စီထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ်ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က
စပါးကျီတည်းသွားထည့်သည်။
သည်အတွင်း အိမ်ထောင်ရှင်အစ်ကိုကြီးကလည်း စဉ်းစားသည်။ ``သီးနှံတွေ
ဝင်ငွေတွေကို ညီတူညီမျှဝေယူနေကြတာမမှန်ဘူး၊ ငါကအိမ်ထောင်သည်၊ ငါ့မှာ
အသက်ကြီးတဲ့အချိန်
ပြုစုစောင့်ရှောက်ဖို့မိန်းမရှိ

တယ်၊ သားထောက်သမီးခံရှိတယ်၊ ငါ့ညီမှာက
တစ်ယောက်တည်း၊ မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက်မယ့်သူမရှိဘူး´´ ဟူရ်ျတွေးကာ
ညတိုင်းစပါးတစ်အိတ်စီထမ်းပြီး သူ့ညီ စပါးကျီထဲသွားထည့်သည်။
သည်လိုနှင့် နှစ်ချီကြာလာသည်။ ကိုယ့်ကျီထဲကစပါးတွေ ညစဉ်ထုတ်ယူနေပါလျက်
လျော့နည်းသွားခြင်းမရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစားမရဖြစ်ကြသည်။
သို့သော် မှောင်မှောင်မည်းမည်းညတစ်ညတွင်
ညီအစ်ကိုနှစ်ယောက်ဝင်တိုက်မိကြသည်။ သည်တော့မှပင်
တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဖြစ်ပျက်နေပုံအလုံးစုံကို
နှစ်ဦးသားသိမြင်သွားကြသည်။
စပါးအိတ်တွေပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ထားလိုက်မိကြသည်။


(မူရင်း ။ ။ More Sower's Seeds စာအုပ်မှ အမည်မသိစာရေးသူ၏ Two Brothers)



Share

No comments: