page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, April 28, 2012

ကောင်လေးနဲ့ ခွေးလေး

ညချစ်သူ | 2:09 PM |
ညချစ်သူ | 2:09 PM |




Best Blogger Tips
Share



by Nyolinn Htun on Saturday, April 28, 2012 at 12:30am ·


ကောင်လေးနဲ့ ခွေးလေး
 (ဖေမြင့်  နှလုံးသားအာဟာရ)



စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။
``ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´´ တဲ့။
သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့က
ခွေးချစ်တတ်သူများမဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက်
ဆိုင်ပေါက်ဝသို့ရောက်လာသည်။

``ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ´´ ဟုမေးသည်။
``ဒေါ်လာ 30 က 50 ထိ ဈေးအစားစားရှိတယ်´´ ဆိုင်ရှင်ကဖြေသည်။
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေနှိုက်ထုတ်သည်။
``ကျွန်တော့မှာ 2 ဒေါ်လာနဲ့ 37 ဆင့်ရှိပါတယ်၊ ခွေးလေးတွေ
ကျွန်တော်ကြည့်လို့ရမလားခင်ဗျ´´
ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့်
ခွေးမကြီးကိုလေချွန်ပြီးခေါ်လိုက်သည်။
ခွေးမကြီးဆိုင်ခန်းထဲ ပြေးဝင်လာတော့
သူ့နောက်က ခွေးပေါက်ကလေးငါးကောင်တန်းစီရ်ျ
လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊အမွေးကသိပ်ရှည်တော့
တစ်ကိုယ်လုံးအမွေးတွေဖုံးကာ လုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က
ဟိုးနောက်မှာပြတ်ကျန်ခဲ့သည်။ သူကထော့တီးထော့နဲ့နှင့် လမ်းမလျှောက်တတ်သလို။
ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည်။
``ဒီခွေးလေးက ဘာဖြစ်တာလဲဟင်´´
ခွေးလေးမှာမွေးကတည်းက တင်ပါးဆုံအရိုးခွက်ပါမလာသဖြင့်
တစ်သက်လုံးခြေထော့နဲ့ဖြစ်နေမည် ဟု တိရစ္ဆာန်ဆေးကု
ဆရာဝန်ကပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကရှင်းပြသည်။
ကောင်လေးပိုရ်ျစိတ်ဝင်စားသွားသည်။
``ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ´´
``ဟာ … မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါပေးပါ့မယ်´´
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူကမကျေနပ်သည့်
အမူအရာမျိုးနှင့် ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီးပြန်ပြောသည်။
``အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့
တန်းတူတန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျော့ပါဘူး၊
ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ်
၊ ဒါပေမယ့် ကျွန်တော့်မှာလောလောဆယ် 2 ဒေါ်လာနဲ့ 37
ဆင့်ပဲရှိပါတယ်၊ အခုအဲ့ဒါယူထားပါ၊ နောက်ကိုတစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ
ကျွန်တော်ဆက်ပေးပါ့မယ်´´
သို့သော် စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။
``မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက
ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး´
´
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ
သူ့ဘောင်းဘီအောက်နားစကို လှန်ရ်ျပြရင်း လေသံတိုးတိုးနှင့်ပြောသည်။
``ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ
သူ့ကိုကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ရှိဖို့လိုမှာပေါ့´´ တဲ့
ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ
လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။

Tags: blog
Prev: Women, as explained by Engineers....
Next: FUNNY :)




Share

No comments: