page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 7, 2014

တိုင်းပြည်တည်ငြိမ်ပြီး အေးအေးချမ်းချမ်းရှိကာ ပြည်သူတွေကလဲ သဘောကျသည်ဆိုပါက မည်သူပဲတက်တက် တက်စေချင်ကြောင်း သမ္မတဦးသိန်းစိန် ဆွစ်ဇာလန်တွင် ပြောကြား

ZOLZOL | 1:07 PM |
ZOLZOL | 1:07 PM |




Best Blogger Tips
Share
ရန်ကုန်၊
တိုင်းပြည် တည်ငြိမ်ပြီး အေးအေးချမ်းချမ်း ရှိကာ ပြည်သူတွေကလဲ သဘော ကျသည်ဆိုပါက မည်သူပဲ (သမ္မတ အဖြစ်) တက်တက် မိမိအနေဖြင့် တက်စေချင်ကြောင်း၊ မိမိ၏ ဆန္ဒ အမှန်မှာ အနားယူလိုခြင်းသာဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ဥရောပသုံးနိုင်ငံခရီး ဒုတိယ မြောက်ခရီးစဉ်အဖြစ် ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို့သို့ရောက်ရှိစဉ် ပြော ကြားလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တော် ရှိ Bellevue Palace ဟိုတယ်တွင် ဆွစ်ဇာလန် သတင်းဌာန NNZ News နှင့်တွေ့ဆုံစဉ် နောက်သက် တမ်းတွင် သမ္မတဝင်အရွေးခံဦးမည် လားဟု အင်န်ဇက်ဇက်သတင်းထောက် ၏ အမေးကို နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်သည်။

''ဒီမေးခွန်းကို တော်တော်များ များဖြေဆိုခဲ့ရပါတယ်။ ကျွန်တော် သဘောထားအရဆိုရင် ကျွန်တော် အငြိမ်းစားယူချင်ပါတယ်။ နားချင် ပါတယ်။ သို့သော်လဲပဲ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ကြည့်ရပါဦးမယ်။ ဘာဖြစ် လို့လဲဆိုရင် တိုင်းပြည်ရဲ့တာဝန်ကို ဒီကနေ့ ကျွန်တော်တာဝန်ယူထားရ လို့ဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး အေးအေးချမ်းချမ်းဖြစ် မယ်။ ပြည်သူတွေကလဲ သဘောကျ တယ်ဆိုရင် ဘယ်သူပဲတက်တက် ကျွန်တော်ကတော့ တက်စေချင်ပါ တယ်။ ကျွန်တော်ကတော့ နားချင် ပါတယ်။ သို့သော်လဲပဲ တစ်ဖက်က တိုင်းပြည်ရဲ့ အခြေအနေကို ပြန် ကြည့်ရဦး မှာဖြစ်ပါတယ်''ဟု နိုင်ငံ တော်သမ္မတက ဖြေကြားခဲ့သည်။
သမ္မတဦးသိန်းစိန်က သူ့အနေ ဖြင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အ ပစ်အခတ်ရပ်စဲအပြီးတွင် Political Dialogue များလုပ်သွားမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဦး တည်ဆောင်ရွက်သွားမည်ဟုလည်း သတင်းဌာနကိုပြောကြားသည်။
မြန်မာ-တရုတ်ဆက်ဆံရေး နှင့်ပတ်သက်သော မေးခွန်းကို ဖြေ ကြားရာတွင်လည်း အနောက်နိုင်ငံ များနှင့်ကူးလူးဆက်ဆံမှုများ ရှိနေ သည်ကို တရုတ်နိုင်ငံအနေဖြင့် မကြိုက်တာမရှိကြောင်း ဖြေကြား သည်။
‪#‎Democracytoday‬
Share

No comments: