page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 7, 2014

မုတ်သုံလေတစ်ကျော့ပြန် အားကောင်းလာ၍ လေပြင်းနှင့် မိုးကြီးမှုအန္တရာယ် သတိပြုရန်လို

ZOLZOL | 12:57 PM |
ZOLZOL | 12:57 PM |




Best Blogger Tips
Share
ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် မုန်တိုင်းငယ် အဆင့်သို့    ရောက်လာနိုင်ပြီး မုတ်သုံလေတစ်ကျော့ပြန် အား ကောင်းလာနေကြောင်း မိုးလေ၀ သပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားသည်။
‘‘ဘင်္ဂလားပင်လယ်အော်ထဲ မှာ မုတ်သုံလေတွေ အားပြန်ပျိုး ပြီး လေတိုက်နှုန်းတွေ တိုးလာနိုင် ပါတယ်။ မုန်တိုင်းအန္တရာယ်မရှိ ပေမယ့်   လေပြင်းနဲ့   ရေလှိုင်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒီရက် ပိုင်းတွေမှာ လေပြင်းအန္တရာယ် ရော မိုးကြီးမယ့် အန္တရာယ်ပါ သတိပြုဖို့ လိုပါတယ်’’ဟု ဒေါက် တာထွန်းလွင်က ပြောသည်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် စက်တင်ဘာ ၄ ရက်မှ    စတင်ကာ လေဖိအား နည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာ ခြင်းဖြစ်ပြီး တဖြည်းဖြည်း အား ကောင်းလာနေကြောင်း မိုး/ဇလ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
မုတ်သုံလေ  အာပြန်ကောင်း လာခြင်းနှင့် ပတ်သက်၍ ၎င်းက‘‘မိုးသက်လေပြင်းရော လှိုင်းကြီး မယ့် သတိပေးချက်ရော ထုတ်ထားတယ်။ နောက်ပြီး နေရာကွက် ပြီး   မိုးကြီးမယ့်   ဒေသတွေကို သတင်းထုတ်ထားလို့ သက်ဆိုင် ရာဒေသတွေ ရေလွှမ်းမယ့် အန္တရာယ်  သတိထားဖို့  လိုပါတယ်’’ ဟု ပြောသည်။
မိုး/ဇလဌာနက ရေဘေး အန္တရာယ်ကျရောက်ခဲ့သည့် ပဲခူး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထား သည်။ အဆိုပါ ဒေသရှိ မြေနိမ့် ဒေသများ ရေလွှမ်းမည့်အန္တရာယ် ရှိနေသေးကြောင်း နိုင်ငံတကာ မိုးလေ၀သဌာနများ၏ ခန့်မှန်း ချက်များကို ကိုးကား၍ ဒေါက် တာထွန်းလွင်က သတိပေးသည်။
စက်တင်ဘာလဆန်းမှ စတင်ကာ ဘင်္ဂလားပင်လယ် အော်၊      ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် မုန်တိုင်းများဖြစ်ပေါ်လေ့ရှိပြီး ယင်း မုန်တိုင်းများ၏ အရှိန်ကြောင့် လေပြင်းအန္တရာယ်နှင့် မိုးကြီးမည့် အန္တရာယ်များ   ရင်ဆိုင်ရနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ဆိုထားသည်။
ပြီးခဲ့သည့်လက    မုတ်သုံ လေဆက်တိုက်ကောင်းခဲ့ပြီး မိုး သည်းထန်စွာ ရွာခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့တွင် ရေဘေးအန္တရာယ် အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည်။ သြဂုတ်လကုန်ခန့်ကလည်း နေ ရာကွက်၍ မိုးသည်းထန်စွာ ရွာခဲ့ သောကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊   စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့အနီးပတ်ဝန်း ကျင်ဒေသများနှင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့တို့တွင် လက်ရှိအချိန်အထိ   ရေဘေး အန္တရာယ် ရင်ဆိုင်နေရဆဲ ဖြစ် သည်။
Share

No comments: