Share
ကိုယ်ကျင့်သိက္ခာ ( အင်ခြူးကာနက်ဂျီ )
ကိုယ်ကျင့်သိက္ခာကင်းမဲ့လျှင် မည်မျှ အစွမ်းအစပင် ရှိပါစေ ၊ အရေးမပါချေ ။
မယူထိုက်သော အကြံ ( အီစွပ် )
အခက်အခဲ ကြုံနေသူ၏ အကြံပြုချက်များကို မည်သည့်အခါမျှ ယုံကြည်ကိုးစားမှု
မရှိပါနှင့် ။
အကာနှင့်အနှစ် ( အီစွပ် )
အရိပ်ဖမ်းရန် ဇောသန်ပြီး အနှစ်နှင့် လမ်းလွှဲမှုကို သတိပြုပါ ။
တည်ဆောက်ခြင်းနှင့် ဖြိုဖျက်ခြင်း ( ဖရန်စစ်ဘေကွန် )
အကြံကောင်းပေးသူသည် လက်တစ်ဖက်ဖြင့် တည်ဆောက်သူဖြစ်သည် ။
အကြံကောင်းပေးပြီး စံနမူနာ ဟန်ပြလုပ်သူသည် လက်နှစ်ဖက်ဖြင့် တည်
ဆောက်သူ ဖြစ်သည် ။သို့သော် အကြံကောင်းပေးပြီး နမူနာ ဆိုးပြသူသည်
လက်တစ်ဖက်ဖြင့် တည်ဆောက်ပြီး လက်တစ်ဖက်ဖြင့် ဖြိုဖျက်သူသာ ဖြစ်
သည် ။
စာအုပ်များ ( ဖရန်စစ်ဘေကွန် )
အချို့ စာအုပ်များကို အရ သင်ရသည် ။ အချို့ စာအုပ်များကို မျိုချ ရသည် ။
အချို့ စာအုပ်များကို ၀ါးပြီး ကျေချက်ရသည် ။
လူပီသရန် ( ဖရန်စစ်ဘေကွန် )
စာဖတ်ရှုလေ့လာခြင်းသည် ပြည့်ဝသောသူ ဖြစ်စေသည် ။ဆွေးနွေး သုံးသပ်
ပြီး ထက်မြက်သောသူ ဖြစ်စေသည် ။စာရေးသားခြင်းသည် တိကျသောသူ
ဖြစ်စေသည် ။
အောင်မြင်မှု ( အင်ခြူးကာနက်ဂျီ )
မည်သည့်နေရာတွင် ဖြစ်ပါစေ အထူးတလည် အောင်မြင်လိုလျှင် ထိုနေရာ
တွင် ဆရာဖြစ်အောင် ကြိုးစား ရမည် ။
ဆောင်ပုဒ် ( အင်ခြူးကာနက်ဂျီ )
ကျွန်တော့် ဆောင်ပုဒ်ကား အာရုံစိုက်မှုပင် ။ပထမ ရိုးသားမှု ၊ ဒုတိယ ကြိုး
စားမှု နှင့် တတိယ အာရုံစူးစိုက်မှု လိုအပ်သည် ။
Share
No comments:
Post a Comment