page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, February 24, 2014

မြင်းနှင့် ငန်း

ညချစ်သူ | 9:02 PM |
ညချစ်သူ | 9:02 PM |




Best Blogger Tips
Share

တခါက မြင်းနဲ့ ငန်း ရေအိုင်စပ်နားမှာ တွေ့ကြတယ်။ အဲမှာ ငန်းက ခပ်ကြွားကြွား လေသံနဲ့ ဟိတ် မြင်းကြီး ခင်ဗျား ကိုယ်ခန္ဒာကြီးနဲ့ လုပ်နိုင်တာ တခုပဲ ရှိတယ်၊ ငါဆိုရင် ဟောဒီ မြေပြင်ပေါ်မှာ လမ်းကောင်းကောင်း
လျှောက်နိုင်တယ်၊ ရေထဲလည်း သွားလာနိုင်တယ်၊ တောင်ပံ နဲ့ လေထဲကို လည်း ပျံဝဲ နိုင်တယ်၊ ကုန်းရေလေ ပေါ်မှာ သုံးနိုင်တဲ့ ခွန်အားတွေ ငါ အားလုံး ပိုင်ဆိုင် တယ်၊ မင်းဆိုရင် တခုပဲပိုင်တယ် ဆိုပြီး မြင်းကို ဟားတိုက် တယ်။

အဲမှ မြင်းက ငန်းကို ခဏကြည့်ပြီး အေးအေးဆေးဆေး ပြန်ဖြေတယ်။ အေး
လေ ခင်ဗျားပြောတဲ့အတိုင်း ဟုတ်မှာပါ။ ကျုပ် မျက်လုံးထဲမှာတော့ ခင်ဗျား ကြီး လေထဲ ပျံတယ်ဆိုတာလည်း မနိုင်မနင်း လေးလေးလံလံ၊ သိန်းငှက် တွေလိုလည်း မပျံနိုင်။ ရေထဲ ကူး နိုင်တယ်ဆိုတာလည်း
ရေငြိမ်ပေါ်မှာ တရွေ့ရွေ့ လေးသွား နေတာ၊ ငါးတွေဖျံတွေ လိုလည်း မကူးနိုင်၊ မြေပေါ် လမ်းလျှောက်တယ် ဆိုတာကလည်း အချိုးမကျ၊

ဟုတ်ပါတယ် ကျုပ်က တခုပဲ လုပ်နိုင်တယ်လေ၊ ဟောဒီ မြေကြီး ပေါ်မှာ အရှိန်အဟုန် နဲ့ ပြေးဖို့ မွေးလာတဲ့ ကျုပ်၊ ကျူပ်က တမျိုးတည်းသမား၊ ဒါပေမယ့် အဲဒီ နေရာမှာတော့ ထူးထူးချွန်ချွန် ပေါက်မြောက်အောင်မြင်တယ် ကွယ့်၊ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်တာမဟုတ်ဘူးကွယ် လို့ ဖြေလေ၏။

ဘ၀မှာ အောင်မြင်သူတွေ၊ လူတွေကို ဦးစီးဆောင်ရွက်နိုင်သူ တွေဟာ ပညာရပ် တခုမှာ ထူးထူးချွန်ချွန် အောင်မြင်နေသူတွေ ဖြစ်ပါတယ်။ ဦးတည်ချက် များပြား သူဟာ ထွေပြားပြီး ဟိုဟာလုပ်ချင်၊ ဒီဟာ လုပ်ချင် ၊ သူတို့ စွမ်းအင် တွေ မှာ အရပ်မျက်နှာမျိုးစုံသို့ ပြန့်ကြဲနေသည့်အတွက် ဘာမှ အဖတ်မတင် ဖြစ်ရပါတယ်။ ဒါကြောင့် မိမိမှာ ရှိတဲ့ စွမ်းအင်တွေကို တခု တည်းသော အရာမှာ စူးစိုက်ရင် ပန်းချီပညာကျော်၊သိပ္ပံပညာရှင်၊ စစ်ဗိုလ်ချုပ်၊ မဟာသူကြွယ်၊ နိုင်ငံရေးခေါင်းဆောင် စသဖြင့် နယ်ပယ် အသီးသီးမှာ ထိပ်တန်းရောက်မည်ဖြစ်သည်။ မဟုတ်ရင်တော့ ငန်းလိုတော့ အကုန်တတ်ပါရဲ့ ဟိုမရောက်ဒီမရောက် သာဖြစ်မည်။

~MM~
သုတစွယ်စုံကျမ်း
Share

No comments: