page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, September 12, 2013

ဟာသဗိမာန်-ဆရာသန်၏ ဟာသများ စုစည်းမှု ( ၂ )

ညချစ်သူ | 5:27 PM |
ညချစ်သူ | 5:27 PM |




Best Blogger Tips
Share




"စည်းကမ်းနှင့်အညီ"

ရှေ့နေနှစ်ယောက် စားသောက်ဆိုင်ထဲ ဝင်လာတယ်။
ဘီယာတစ်ခွက်စီ မှာသောက်တယ်
ခဏနေတော့ သူတို့အပြင်ကဝယ်လာတဲ့ ဆင်းဒဝစ်မုန့်တွေ ကိုယ်စီထုတ်ပြီး စားမလို့ ပြင်နေတုန်း...
ဆိုင်မန်နေဂျာ ရောက်လာပြီး ပြောတယ်... ...

"ဒီဆိုင်ထဲမှာ ကိုယ်ပိုင် အစားအစာ စားခွင့်မပြုပါဘူး ခင်ဗျာ၊ ဒါ ဆိုင်ရဲ့ စည်းကမ်းပါ"
"ဘာဖြစ်တယ်..."


မန်နေဂျာက ထပ်ပြောတယ်... ...

"ဒီဆိုင်ရဲ့ စည်းကမ်းအရ ဆိုင်ထဲမှာ ကိုယ်ပိုင် အစားအစာ စားခွင့် မပြုပါဘူး ခင်ဗျာ"
"အော်... ရပါတယ်ကွာ"

... ဆိုပြီး ရှေ့နေနှစ်ယောက် ဆင်းဒဝစ်ချင်း လဲစားလိုက်ကြတယ်။

ရှေ့နေပါဆိုမှ





"နောက်တစ်ကျင်းမှာ"

လူတစ်ယောက် ဂေါက်ရိုက်နေရင်းနဲ့ သူရောက်နေတာ ဘယ်နှကျင်းမြောက်လဲ မသိဘူးဖြစ်နေတယ်
ဒါနဲ့ သူ့ရှေ့တစ်ကျင်းမှာ ရိုက်နေတဲ့ အမျိုသမီးကို သွားမေးလိုက်တော့... ...

"ကျမက ၇ ကျင်းရောက်ပြီ၊ ရှင်က ကျမနောက်ကကျင်းဆိုတော့ ၆ ကျင်းမြောက်ပေါ့"
"ဟုတ်ကဲ့"

... ဆိုပြီး ဆက်ရိုက်သွားတာ ခဏနေတော့ ဘယ်နှကျင်းရောက်မှန်း မသိပြန်ဘူး
ရှေ့တကျင်းမှာ ရိုက်နေတဲ့ ခုန အမျိုးသမီးကို မေးရပြန်တယ်

"ကျမက ၁၆ ကျင်းမှာ၊ ရှင်က နောက်ကကျင်း ဆိုတော့ ၁၅ ကျင်းပေါ့"
"ကျေးဇူးပါ အစ်မ"

ဒီလိုနဲ့ ဂေါက်ရိုက်ပြီးလို့ ဂေါက်ကလပ်က ကော်ဖီဆိုင်မှာ ခုနက အမျိုးသမီးထိုင်နေတာနဲ့ သွားနုတ်ဆက်ရင်း စကားပြောဖြစ်ကြတယ်... ...

"ကွင်းထဲမှာ ကူညီပေးတာ ကျေးဇူးပါ အစ်မ"
"ရပါတယ် ရှင်"

"အစ်မက ဘာအလုပ်များ လုပ်ပါသလဲ"
"အရောင်းကိုယ်စားလှယ်ပါ"

"ဟောဗျာ တူနေပြီ၊ ကျနော်လည်း အရောင်းကိုယ်စားလှယ်ပဲ"
"ဟုတ်လား"

"အစ်မက ဘာရောင်းတာလဲ"
"အမျိုးသမီး လစဉ်သုံးပစ္စည်း"

"ဟာ... အလုပ်မှာလည်း အစ်မနောက်က ကျင်းပဲဗျို"
"ဟင်... ရှင်က ဘာရောင်းလို့လဲ"

"အိမ်သာသုံး စက္ကူ"
"အမ်မလေးတော်..."





▬▬▬▬▬
လာမနှိုင်းနဲ့
▬▬▬▬▬

ရပ်ကွက်ထဲ လမ်းအသစ်လာခင်းတာ တစ်လမရှိသေးဘူး လမ်းက ပြန်ပျက်နေပြီ
လူငယ်လေးတစ်ယောက် အရက်ဆိုင်ထဲဝင်လာပြီး အရက်သောက်နေတယ်
နည်းနည်းမူးလာတော့ လမ်းကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်လို့ ဆဲပါလေရော... ...

"အလကား အင်ဂျင်နီယာတွေ၊ အကုန်လုံး သူခိုးတွေချည်းပဲ"

ခဏနေ ထပ်ဆဲပြန်ရော...

"ခွေးမသား အင်ဂျင်နီယာတွေ၊ အကုန်လုံးသူခိုးတွေ"

အဲလို ခဏခဏ ဆဲနေတော့ ဆိုင်ထောင့်မှာ ထိုင်နေတဲ့ လူတစ်ယောက်က လှမ်းအော်တယ်... ...

"ဟေ့ကောင်... မင်း ငါတို့ကို သိက္ခာမချနဲ့၊ ဒီတစ်ခါ အဲဒီကောင်တွေနဲ့ နှိုင်းရဲနှိုင်းကြည့်၊ မင်းခေါင်းကို ငါလိုက်ပြီး ရိုက်ခွဲမယ်"

"ဘာလဲ.. မင်းက အင်ဂျင်နီယာလား"

"မဟုတ်ဘူး... ငါက သူခိုးကွ"





▬▬▬▬▬▬
ကလေးအတွေး
▬▬▬▬▬▬

မောင်ကျေးညိုလေး မနေ့က ကျောင်းပျက်လို့ ဆရာမက စစ်ဆေးနေတယ်... ...

"မင်း... မနေ့က ဘာလို့ ကျောင်းပျက်တာလဲ"

"ကျနော်တို့က မွေးမြူရေးလုပ်ပါတယ် ဆရာမ"
"အင်း... "

"မနေ့က အိမ်ကနွားမကြီး ဇီးတင်ဖို့ ရှိပါတယ်"
"အဲဒီတော့..."

"အဲဒါနဲ့ ဟိုဘက်ရွာမှာ နွားသိုးသွားဆွဲဖို့ ကျနော့်ကို အဖေကခိုင်းလို့ပါ"
"ဟဲ့... အဲဒါ မင်းအဖေ သူ့ဟာသူ လုပ်လို့ရရဲ့သားနဲ့"

"ဟာ... အဖေနဲ့မရဘူး ဆရာမ၊ နွားသိုးနဲ့မှ ရတာ"





▬▬▬▬▬▬▬
မီဒီယာဆိုသည်မှာ
▬▬▬▬▬▬▬

ထိုင်းဝန်ကြီးချုပ် ယင်လခ် စိတ်ညစ်နေတယ်။

ရေဘေးသင့်ဒေသလေး သွားစစ်မိပါတယ်
လှေစီးတော့ စီးပြန်ပြီ၊ ရေထဲဆင်းလျှောက်တော့ လျှောက်ပြန်ပြီနဲ့၊ မီဒီယာတွေရဲ့ အပြောကကို မလွတ်ဘူး၊

ဒါနဲ့...
လှေလည်းမစီးရ၊ ရေထဲလည်း ဆင်းမလျှောက်ရအောင် 'ရေပေါ်မှာလမ်းလျှောက်နိုင်မှ ဖြစ်မယ်လို့'... သူတွေးမိတယ်။
ဆိုတော့... ...
ထူးခြားတဲ့ ကျင့်စဉ်တခုကို ပြင်းပြင်းထန်ထန် လေ့ကျင့်လိုက်တာ အောင်မြင်သွားတယ်။
ခု ရေပေါ်မှာ လမ်းလျှောက်တတ်သွားပြီ... ...

တရက်မှာ မီဒီယာတွေကို ဖိတ်လိုက်တယ်
ထိုင်းဖက်ကမ်း မဲဆောက်ကနေ မြန်မာဖက်ကမ်း မြဝတီကို သောင်ရင်းမြစ်ရေပြင်ပေါ်က လမ်းဖြတ်လျှောက်ပြလိုက်တယ်
မြန်မာဖက်က ပရိတ်သတ်ကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး လက်ဆောင်တွေ ပေးလိုက်ကြတယ်
အပြန်ခရီးမှာလည်း ရေပေါ်ကနေပဲ လမ်းလျှောက်ပြန်သွားတယ်
ယင်လခ်စိတ်ထဲ ကြုံးဝါးလိုက်တယ်... ...

"ဒါလောက်တောင် အပြစ်ပြောချင်ကြတဲ့ မီဒီယာတွေ ပြောကြစမ်း၊ ဒီတခါ ဘာပြောနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဒီလိုနဲ့ နောက်ရက်ထုတ် သတင်းစာတွေမှာ ခေါင်းကြီးသတင်းတွေ ပါလာတယ်... ...

ဘန်ကောက်ပို့စ်မှာက...
"ယင်လခ်၊ ဝန်ကြီးချုပ်တစ်ယောက် လုပ်နေပြီး ရေလေးတောင် မကူးတတ်"

နေရှင်းသတင်းစာမှာက...
"ယင်လခ်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး မြန်မာဖက်မှ တံစိုးလက်ဆောင်များယူ"

ကမ္ဘာကျော် တိုင်းသတင်းစာမှာက...
"ယင်လခ်၊ တရားမဝင် နယ်စပ်ဖြတ်ကျော်"

အေးတာပဲ
Share

No comments: