page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, September 12, 2013

ဟာသဗိမာန်-ဆရာသန်၏ ဟာသများ စုစည်းမှု ( ၁ )

ညချစ်သူ | 5:08 PM |
ညချစ်သူ | 5:08 PM |




Best Blogger Tips
Share


"ငါ့ကျ ဒါမျိုးချည်းပဲ"

ကျောင်းဆရာမတစ်ယောက်ရယ်၊ တံငါသည်တစ်ယောက်ရယ်၊ ရှေ့နေတစ်ယောက်ရယ် ကွယ်လွန်တော့ နတ်ပြည်ရဲ့ တံခါးဝကို ရောက်လာတယ်။

သူတို့ကို နတ်ပြည်မှာ လက်ခံသင့် မခံသင့် သိကြားမင်းက စစ်ဆေးတယ်။

"အသင်တို့ကို မေးခွန်းတစ်ခုစီမေးမယ်၊ မှန်အောင်ဖြေနိုင်ရင် နတ်ပြည်ကို ဝင်ခွင့်ပြုမယ်"

ပထမဆုံးက ကျောင်းဆရာမအလှည့်

ကလေးတွေကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာမဆိုတော့ သိကြားမင်းကလည်း ကျောင်းဆရာမကို နတ်ပြည်မှာ လက်ခံချင်နေတယ်
ဒါကြောင့် မေးခွန်းကို လွယ်တာပဲ မေးလိုက်တယ်... ...

"ရေခဲတောင်နဲ့ တိုက်ပြီး နစ်မြုပ်သွားတဲ့ သင်္ဘောအမည်က ဘာလဲ၊ ရုပ်ရှင်တွေတောင် ရိုက်ကြသေးတယ်လေ"

ဒါလောက်တော့ ဆရာမက ဖြေတာပေါ့... ..

"တိုက်တန်းနစ်"
"မှန်ပါတယ်၊ နတ်ပြည်မှ ကြိုဆိုပါတယ်"

နောက်တခါ တံငါသည်အလှည့်
အကုသိုလ်အလုပ်နဲ့ အသက်မွေးခဲ့တဲ့ တံငါသည်ကို နတ်ပြည်မှာ သိပ်လက်မခံလိုဘူး
ဒါနဲ့ နည်းနည်းပိုခက်တဲ့ မေးခွန်း မေးလိုက်တယ်... ...

"အဲဒီ သင်္ဘောနစ်တော့ လူဘယ်နှယောက် သေတာလဲ"

တလောကမှ အဲဒီရုပ်ရှင်ကို ကြည့်ထားတာဆိုတော့ ကိုတံငါက ပြန်ဖြေတယ်... ...

"၁၂၂၈ ယောက်"
"မှန်ပါတယ်၊ နတ်ပြည်မှ ကြိုဆိုပါတယ်"

ဒီတခါ ရှေ့နေအလှည့်... ...
ဘာမှလုပ်မနေဘူး သိကြားမင်းက တန်းမေးတယ်... ...

"သေတဲ့လူတွေရဲ့ နာမည်တွေ ပြောစမ်း"
"ဂျာ... "



▬▬▬▬▬▬
တစ်ယောက်စာ
▬▬▬▬▬▬

'ကျမတို့ လက်ထပ်ပြီးရင် ဘာနဲ့ရပ်တည်ကြမှာလဲ'

"ကိုယ့်လစာက ဒေါ်လာသုံးထောင်၊ အဲဒါ မင်းအတွက် မလောက်ဘူးလား"

'လောက်ပါတယ်၊ ဒါဆို ရှင့်အတွက်ကရော...'

"ဟင်..."




 "မယုတ်မာရဘူး"

1.
မိဘတွေက သားတွေကို ဆုံးမလေ့ရှိတယ်
"ငါ့သား... ဆိုးချင်ဆိုး မိုက်ချင်မိုက်၊ မယုတ်မာနဲ့" တဲ့
အဲဒီအတိုင်း တထပ်ထဲပါပဲ ကျနော့်အဖေက ကျနော့်ကို ဆုံးမပါတယ်
"ငါ့သား... ဆိုးချင်ဆိုး မိုက်ချင်မိုက်၊ မယုတ်မာနဲ့" တဲ့

2.
လက်ဝှေ့ပွဲတွေ အခါအားလျှော်စွာ ကြည့်ဖြစ်တယ်
ယောက်ျားတွေ....
သတ္တိရှိလို့ ကြိုးဝိုင်းထဲ ဝင်တာ
အစွမ်းရှိသရွေ့ နိုင်အောင်ထိုး
အရည်အချင်းရှိသရွေ့ထိုး
ကွဲပြဲသွား သနားစရာမလိုဘူး
ဒါပေမယ့်...
လဲကျသွားရင် ထိုးတာကိုရပ် ကိုယ့်ရန်ဘက်ကို ပြေးထူ
ဒါမှ တကယ့်လူ တကယ့်ယောက်ျား

3.
စစ်သား
အစိုးရဘက်က သူပုန်ဘက်က ကိစ္စမရှိဘူး
နိုင်အောင်ပစ် မှန်ရင်ခံ
ကျိုးပဲ့သွား မသနားနဲ့ သတ္တိရှိလို့ စစ်သားလုပ်တာ
ဒါပေမယ့်...
စစ်သုံ့ပန်း မညှင်းပန်းရဘူး
မနှိပ်စက်ရဘူး
လူကို လူလိုဆက်ဆံ

4.
မြင်ရတွေ့ရ စိတ်မချမ်းသာဘူး
ခင်ဗျားတို့ ဖြစ်နေတဲ့ စစ်
ရပ်
တောင်းပန်တယ်
သေသွားတဲ့ စစ်ဗိုလ် ကျနော့်ညီလေးသာဆို
ကျနော် ငိုလို့ ပြီးမှာ မဟုတ်ဘူး


တိုင်းရင်းသားအားလုံး အေးချမ်းပါစေ



 "လူတတ်ကြီး"

မူလတန်းကျောင်းသားလေး မောင်ကျေးညိုမှာ 'လက်မ' စုပ်တဲ့အကျင့် ရှိတယ်
ဒါကို သူ့အမေက မကြိုက်ဘူး
တရက်တော့ ကျေးညို လက်မကို စုပ်နေတာတွေ့လို့ သူ့အမေက ပြောတယ်... ...

"သား ... လက်မကြီးကို စုပ်စုပ်မနေနဲ့၊ ဗိုက်ကြီးပူတတ်တယ်"
"ဟုတ်လား မေမေ"

ဒါနဲ့ ဗိုက်ပူမှာကြောက်လို့ လက်မ မစုပ်ရဲတော့ဘူး

တရက်တော့ ကျောင်းမှာ သူ့အတိုင်းပိုင်ဆရာမ ခွင့်ယူလို့ တခြားဆရာမတစ်ယောက် အစားထိုး လာသင်တယ်
ဖြစ်ချင်တော့ အဲဒီဆရာမက ကိုယ်ဝန်ကြီးနဲ့
သူက ဆရာမကို သွားပြောတယ်... ...

"ဆရာမ ဘာလုပ်လို့ ဗိုက်ကြီးစူနေတာလဲဆိုတာ သားသိပါတယ်နော်" .. တဲ့

ဟိုက ရှက်ရှက်နဲ့ တီးလွှတ်လိုက်တာ သူ့ခမျာ ဘုမသိ ဘမသိနဲ့ တော်တော်အီသွားတယ်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်ခန်းစာ။. ။ သိတိုင်းလည်း ဆရာကြီး မလုပ်နဲ့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬




 "မူးတာကိုး"

မိန်းမလုပ်သူက သူ့ကောင်လေးနဲ့ အိပ်နေတုန်း ယောက်ျားလုပ်သူ ပြန်လာသံကြားလိုက်တယ်
ကောင်လေးက ထွက်ပြေးမလို့ ပြင်တော့... ...

"နေ.. နေ မောင်လေး၊ အိပ်ယာထဲမှာပဲ ဟန်မပျက်နေ၊ ကိစ္စမရှိဘူး၊ သူမူးလာတာ"

ခဏနေတော့ သူ့ယောက်ျား အိပ်ယာထဲဝင်လာတယ်
ဟုတ်ပါ့၊ သူ့မိန်းမရဲ့ ဟိုဖက်ဘေးမှာ လူတစ်ယောက် အိပ်နေမှန်း မသိဘူး
ဒါပေမယ့် စောင်အောက်ကထွက်နေတဲ့ ခြေထောက်တွေကို မြင်တော့ ကိုငမူးက မေးတယ်... ...

"အား မီးမ၊ အိပ်ယာပေါ်မှာ မင်းရယ် ငါရယ်ပဲရှိတာ ခြေထောက်က ခြောက်ခြောင်း ဖစ်နေပါရားကွ"
"ရှင် တအားမူးနေပြီ၊ လေးခြောင်းထဲပါ"

"ခြောက်ခြောင်းပါကွ"
"ကဲ အောက်ကိုဆင်းပြီး ကုတင်ခြေရင်းကနေ သေချာသွားရေကြည့်"

"အေး... "

ကိုငမူး ကုတင်ခြေရင်းဖက် ဆင်းသွားတယ်
ပြီးတော့ ခြေထောက်တွေကို ပြန်ရေတယ်... ...

"တစ်... နှစ်... သုံး ... လေး၊ အဲ ဟုတ်သား၊ လခွီး ငါတော်တော်မူးနေတာပဲ"



သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
Share

No comments: