page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 14, 2012

ဖတ်ဖူးသမျှ ဟာသများ

ညချစ်သူ | 10:56 PM |
ညချစ်သူ | 10:56 PM |




Best Blogger Tips
Share
ရယ်မောခြင်းသည် အသက်ရှည်စေတယ်တဲ့ ဒါကြောင့် သူငယ်ချင်းအားလုံး ဘ၀အမောတွေကို ရယ်မောခြင်းဖြင့် ဖြေဖျောက်နိုင်ကြပါစေသော် ။
အလုပ်မအားတာနဲ့ စာမရေးအားလို့  ဟာသလေးတွေပဲ အရင်တင်ပေးလိုက်ပါတယ်နော် ။
အားပေးကြတဲ့ သူငယ်ချင်းအားလုံးကို လေးစားခင်မင်စွာဖြင့်
ညချစ်သူ
ဆရာမကြီးအထာနဲ့ 
သူ့ဘာသာသူ အေးအေးလူလူ ဆေးလိပ်ထိုင်သောက်နေတဲ့ ယောက်ျားတစ်ယောက်ကို လမ်းသွားလမ်းလာ မိန်းမတစ်ယောက်က ဆရာမကြီးအထာနဲ့ မေးခွန်းထုတ်လာပါတယ်။

မ။ ရှင် ဆေးလိပ်သောက်တတ်တယ်ပေါ့။

ကျား။ ဟုတ်ကဲ့ သောက်တတ်ပါတယ်။



မ။ တစ်နေ့ကို ဘယ်နှစ်ဗူးသောက်သလဲ။

ကျား။ သုံးဗူး သောက်ပါတယ်။

မ။ တစ်ဗူးကို ဘယ်လောက်ပေးရလဲ။

ကျား။ တစ်ထောင်ငါးရာလောက်ပါပဲ။

မ။ ဆေးလိပ် စွဲသောက်နေတာ ဘယ်လောက်ကြာပြီလဲ။

ကျား။ ဆယ့်ငါးနှစ်လောက်တော့ ရှိပြီထင်ပါတယ်။

မ။ ဒါဆို ဆေးလိပ်တစ်ဗူးကို တစ်ထောင်ငါးရာ၊ တစ်ရက်ကို သုံးဗူးဆိုတော့ လေးထောင်ငါးရာ၊ တစ်လကို တစ်သိန်းသုံးသောင်းငါးထောင်လောက် ကုန်ပြီပေါ့။ တစ်နှစ်ဆိုရင် တစ်ဆယ့်ခြောက်သိန်း လေးသောင်းနှစ်ထောင့်ငါးရာ ကုန်ကျမနေဘူးလား။

ကျား။ မှန်ပါတယ်။

မ။ တစ်နှစ်ကို အဲသလောက်ကုန်တယ်ဆိုရင် ရှင်သောက်လာတာ ဆယ့်ငါးနှစ်ဆိုတော့ နှစ်ရာလေးဆယ့်ခြောက်သိန်း သုံးသောင်း ခုနှစ်ထောင်ငါးရာ ဖြုန်းခဲ့သလို ဖြစ်မနေဘူးလား။

ကျား။ ဟုတ်ပါတယ်။

မ။ အဲသည့် ငွေဟာ ငွေကြေးဖောင်းပွနှုန်းနဲ့တွက်ရင် သိန်းသုံးရာကျော်လောက်ရှိမသွားနိုင်ဘူးလား

ကျား။ သေချာပါတယ်။

မ။ တကယ်လို့ ရှင်သာ ဆေးလိပ်မသောက်ခဲ့ပဲ အဲဒီပိုက်ဆံတွေကို ဘဏ်မှာစုထားနိုင်ခဲ့ရင် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုတစ်ခုခုကို လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က စလုပ်ခဲ့ရင် ခုချိန်မှာဆို နောက်ဆုံးပေါ်ပြိုင်ကားတောင် ဝယ်မစီးနိုင်ပေဘူးလား။ ရှင်ကိုယ်ရှင် နားလည်ဖို့သင့်တယ်။

ကျား။ ခင်ဗျားကော ဆေးလိပ်သောက်လား။

မ။ လုံးဝမသောက်ပါဘူး

ကျား။ေxာက်ကောင်မ အဲလိုသာတွက်ကြေးဆို နင့်ပြိုင်ကားဘယ်မှာလဲပြောစမ်း။
သြော်....ပုရိသ...
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်
ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ
သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်
ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ
လို့မှ မဖြစ်နိုင်တာ"
    


ပြုံးပျော်နိုင်ပါစေ......


တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ
မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက
အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို
မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို
အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...

"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ
ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့
နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း
ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။
ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို
အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့
ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက
တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး
ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့
ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး
မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။
သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!"
လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ
ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ
ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."
အော်.. ယောက်ျား

ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?

လက်ထပ်ပြီးစ.......

အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?

ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ

မီးဖိုထဲတွင်
၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ်
၆လအကြာ........ ဒီည ဘာစားမလဲ?
၆နှစ်အကြာ...... လာပြန်ပြီ.. ဒီဟင်း!

ရှော့ပင်းပြန်ချိန်
၆ရက်အကြာ..... ဟာ... ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းပဲ
၆လအကြာ...... ရှော့ပင်းထွက်ပြန်ပြီလား?
၆နှစ်အကြာ..... မင်း ပိုက်ဆံတွေ ဘယ်လောက်ဖြုန်းခဲ့ပြန်ပြီလဲ?

တီဗွီရှေ့တွင်
၆ရက်အကြာ...... ချစ်လေး.. ဒီညမောင်တို့ ဘာအစီအစဉ်ကြည့်မလဲ?
၆လအကြာ........ ဒီကားကြည့်မယ်.. ဒီကားကြိုက်တယ်။
၆နှစ်အကြာ....... ဒီကားကြည့်မယ်။ မင်း မကြည့်ချင်ရင် သွားအိပ်တော့..
ကိုယ့်ဘာသာ ကိုယ်ကြည့်မယ်။

တတ်လို့၊ သိလို့ ရေးတာ မဟုတ်ပါဘူး။ "အော်..မိန်းမ" ကို ဖတ်ပြီး "အော်..
ယောက်ျား"လည်း ရေးပါအုန်းဆိုလို့ ဖတ်ဖူးတာလေးတွေကို ရယ်ရအောင်
ပြန်မျှဝေတာပါး)

Share