page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, August 2, 2012

ဟာသကမ္ဘာ

ညချစ်သူ | 12:46 AM |
ညချစ်သူ | 12:46 AM |




Best Blogger Tips
Share
တမလွန်မှ မေးတစ်စောင်

လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသသည့်နောက် သူနေရမည့်
အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါ
ဝမ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့်
email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။

မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော
မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော
email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။

အမေဖွင့်ထားသော email မှာ

သို့
အချစ်ကလေး

အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှြိေ
ကာင်း
နေ့စွဲ။ ၅ သြဂုတ် ၂၀၀၈

အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို
ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ
ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့
အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။


မနက်ဖြန်တွေ့ကြရအောင်နော်
ချစ်တဲ့
မောင်

(၁)
တစ်နေ့မှာ... လူတစ်ယောက်ဟာ. သူ့သူငယ်ချင်းကို စိတ်ပျက်လက်ပျက်နဲ့..
သူ့အကြောင်းတွေကိုပြောပြနေတယ်တဲ့....
ငါ ကျောင်းဆရာမကို.. လက်ထက်ခဲ့မိတာ... မှားသွားပြီကွာ.. တဲ့..
ဘာလို့လဲ တဲ့.. သူ့သူငယ်ချင်းက.. မေးတယ်... တဲ့..
အေးကွာ... ဟိုနေ့က ငါအိမ်ပြန်နောက်ကျတော့..
အိမ်ထဲကိုအ၀င်မခံဘဲ.. ဗလာစာအုပ်တစ်အုပ်ချပေးတယ်ကွာ..
နောက်တစ်ခါ.. အိမ်ကို အချိန်မှန် ပြန်လာပါ့မယ်... နောက်မကျစေရပါဘူး.. လို့..
အကြောင်း တစ်ရာ ရေးခိုင်းတယ်ကွာ...

( ၂ )

အိမ်ရှင်၏သမီးသည် စန္ဒရားကို တီနေသည်။
၎င်းအနားသို့ ဧည့်သည်ဖြစ်သူ နာမည်ကြီးစန္ဒရားဆရာ ကပ်လာပြီး မေးသည်။
"ဘာဖြစ်လို့ ခြေနင်းကို အသုံးမပြုတာလဲ"
"ဘရိတ်အုပ်ရလောက်အောင်အထိ ကျမ မြန်မြန် မတီးတတ်သေးလို့ပါ"

( ၃ )

အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင်
မလိုအပ်သည်များကို မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ်
ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း
၃၈၇ ယောက်ရှိပါသည်။ ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ
ကျွန်တော့တွင် ပြင်းပြလျက်ရှိပါသည်"

ချစ်တဲ့သား.. တွမ်"

( ၄ )


နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို
ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး
တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ ပြန်ထွက်လာတယ်
အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်

ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်

( ၅ )

ဆိတ်ငြိမ်ရပ်ကွက်

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"

"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."

( ၆ )

အတွေးကိုယ်စီ

အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင်
အပြုံးရိပ်ပေါ်လာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ.. မနက်ကျရင်
ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။
ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို လွတ်ပြီ။"

( ၇ )

မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းခနဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့ လို့
မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။

နောက်တနေ့
မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းမ ဖုန်းဆက်လို့

( ၈ )

ဂျော်ဂျီယာပြည်နယ်မြို့တော် တဘီစီမြို့တွင်းသို့ ရုရားတစ်ယောက်
ကားမောင်းပြီး ၀င်လာသည်။
ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။

"ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုပြီး မောင်းလားတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက် ရေးပါ။"

"ကျွန်တော် ဂျော်ဂျီယာစာမှ နားမလည်ဘဲ။။ ဘယ်လိုလုပ် ရေးရမှာလဲ"

"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေး.. ဒါပဲ"

ကားဆရာရုရား စိတ်ညစ်သွားသည်။
မည်သို့မှ ရှင်းပြလို့လည်းမရ.. ဂျော်ဂျီယာ ယာဉ်ထိန်းရဲသည် အင်မတန်မှ ခေါင်းမာလှသည်။
နောက်ဆုံးတွေင် ရုရှားသည် စာရွက်တစ်ရွက်ကို ထုတ်ပြီး ဒေါ်လာ
ငါးဆယ်တန်တစ်ရွက်ကို ညှပ်ထည့်လိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးသည်။
ယာဉ်ထိန်းရဲသည် စာရွက်ကိုဖြန့်လိုက်သည်။
ငွေစက္ကူကို တွေ့သောအခါ ကားဆရာကို ပြောသည်။

"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာဖြစ်လို့ ပြောလဲ.. အခု
တစ်ဝက်တောင်ရေးပြီးပြီပဲ... ဆက်ရေး... "

( ၉ )


ချာတိတ်လေးက ချာတိတ်မလေးကို ပြောသည်။

နင်နဲ့ငါနဲ့ တိရစ္ဆာန်ရုံလုပ်တမ်း ကစားကြရအောင်...

ကောင်းသားပဲ.. ဘယ်လို ကစားကြမလဲ

ငါက မျောက်လုပ်မယ်... နင်က ငါ စားဖို့ ငှက်ပျော်သီး ယူလာခဲ့...

( ၁၀ )

ကောက်ချက်

"မှုခင်းသတင်း"

အပိုင်းပိုင်း ခုတ်ဖြတ်ထားသော သေသူ၏အလောင်းကို ဂုန်နီအိတ်ထဲတွင်
ထည့်ချုပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိကိုယ်မိမိ သတ်သေသည့်
အမှုမဟုတ်ဟု ယူဆသည်။

( ၁၁ )

စိတ်ကောင်းရှိသူ

နေရာတကာ စွာကျယ်ကျယ် ၀င်လုပ်နေသည့် ယောက္ခမကို ကိုဘမောင်
သည်းမခံနိုင်တော့သဖြင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ
တိုက်ခန်းပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင်
အကြားစကားပြောနေခန်းမှာ ဤသို့ဖြစ်သည်။

တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..

ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့
စိတ်ကောင်းရှိတဲ့သူ.. ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..

( ၁၂ )

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"

( ၁၃ )

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့

( ၁၄ )


၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြစ်သည်။
ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။
ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။

"I am Robin Hood"

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။
သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး
မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ
သောင်းသောင်းဖြဖြ အားပေးကြသည်။ လူငယ်ကပြောသည်။

"I am Willghelm Telle"

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားသည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော
ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို
ယူလိုက်ပြီး ချွန်ထက်သည့် စို့ချောင်းဖြစ်ပစ်စည်။ စို့ချောင်းသည်
ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။
ထိုဗလကြီးကပြောသည်။

"I am SORRY"

( ၁၅ )

တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။
ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့
တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်..
သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။
သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး
ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက
စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့
ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို
တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? "အားလုံး မင်းကို စောင့်နေတာ မင်းက
ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့

ကင်းခြေ ပြန်ဖြေလိုက်တာက

"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ"

သြော်..ကိုဘမောင်..ကိုဘမောင်..


ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ
အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း ဖွင့်စားနေသော
ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ
ကိုဘမောင်အိမ်တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ
လိုက်ကြည့် လေတော့သည်။

 အိမ်သို့ ရောက်ရောက်ခြင်းပင်...
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့
ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ...
နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”

ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား...”

ဗေဒင်ဆရာ။ ။ “ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့... ဒီမှာ
ခတ္တာဆိုတာ “ခက်တာ” နဲ့ အသံဆင်တယ်ဗျ...။ ခက်တာတွေ ဖြစ်တတ်တယ်။ စပါယ် ဆိုတာကလည်း
“စကတည်းက ပယ်ခံရတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်...”

ကိုဘမောင်။ ။ “ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ...”

ဗေဒင်ဆရာ။ ။ “ဒီမှာ အလွယ်လေးလေ... ကောက်ညှင်းပေါင်းလှူ...”

ကိုဘမောင်။ ။ “ဟုတ်လား... ကောက်ညှင်းပေါင်းလှူရင် ကောင်းတယ်လား...”

ဗေဒင်ဆရာ။ ။ “မသိရင်မှတ်၊ ကောင်းညှင်းပေါင်းဟုတ်ဘူး၊ ကောင်းခြင်းပေါင်း၊
ကောင်းခြင်းတွေ ပေါင်းလာအောင်... ပြီးတော့ သြဇာရှိအောင် သြဇာသီးကို လှူ...
ဒါလေးများ ဘာခက်တာမှတ်လို့... ပညတ်သွားရာ ဓာတ်သက်ပါတယ်တဲ့ ကိုဘမောင်ရ...”

ကိုဘမောင်။ ။ “ဟုတ်ကဲ့ဆရာ၊ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကျနော်
အလုပ်ကလည်း ပြောင်းရွှေ့ကြဦးမယ်။ မပြောင်းချင်ဘူး ဆရာရယ်...”

ဗေဒင်ဆရာ။ ။ “မပြောင်ချင်ဘူးလား... အလွယ်လေး ကိုဘမောင်ရယ်...
အိမ်ရှေ့ကခြံထဲမှာ... ပြောင်းဖူးရယ်၊ ချဉ်ပေါင်ရယ်၊ ဘူးသီးရယ် သုံးမျိုးကို
စိုက်လိုက်...”

ကိုဘမောင်။ ။ “ဟုတ်၊ ဆရာ... အဲဒါဆို မပြောင်းရတော့ဘူးပေါ့...”

ဗေဒင်ဆရာ။ ။ “ဟုတ်တယ်လေ... အဲဒီသုံးမျိုးရဲ့ အစစာလုံးတွေက ပြောင်းချဉ်ဘူး
မဟုတ်ဘူးလား၊ ဒီတော့ ပညတ်သွားရာ ဓာတ်သက်ပါပြီးတော့...”

ကိုဘမောင်။ ။ “ဟုတ်၊ ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အတော်လေး
စဉ်းစားစရာတွေ ဖြစ်လာပါတယ်... ကျေးဇူးပါ”

ဗေဒင်ဆရာ။ ။ “ရပါတယ်ဗျ... ဓာတ်တူရင် နတ်ကူသတဲ့ဗျာ...”

ဒီလိုနဲ့ ဗေဒင်ဆရာလည်း ပြန်သွားတော့သည်။ နောက်တစ်ပတ် ကိုဘမောင်က
ဆရာအိမ်လာကြည့်ပါဦး ဆရာပြောသလို ဟုတ်မဟုတ် ဆိုတာနဲ့ ဗေဒင်ဆရာလည်း တစ်ခေါက်
ထပ်လိုက်သွားသည်။ ဟိုရောက်တော့ သူပြောထားတဲ့အတိုင်း သြဇာသီးတွေ၊ မင်းဂွတ်သီးတွေ
ဘုရားလှူထားတာ တွေ့ရသည်။

ဗေဒင်ဆရာ။ ။ “ဒါနဲ့ ကိုဘမောင် မင်းဂွတ်သီးတွေက...”

ကိုဘမောင်။ ။ “ဆရာ့ နည်းစနစ်အတိုင်းလေ... မင်း Good သွားအောင်...
မင်းဂွတ်သီးကို လှူထားတာ”

ဗေဒင်ဆရာ။ ။ “ဟုတ်လားဗျ”

ကိုဘမောင်။ ။ “ဟုတ်တယ် ဆရာ၊ ပြီးတော့ ကျွန်တော် နောက်တစ်ပတ် ရွှေတောင်ဘက်ကို
ခရီးထွက်မလို့...”

ဗေဒင်ဆရာ။ ။ “ရွှေတောင်... ဟုတ်လား...”

ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ဆရာပြောသလို ပညတ်သွားရာ ဓာတ်သက်ပါအောင်လေ...
ရွှေတောင်ကြီး ဆိုက်အောင်၊ ရွှေတောင်ဘက်ကို ခရီးထွက်မလို့...”

ဗေဒင်ဆရာ။ ။ “ဟား... ဟား... ဟား...”

ကိုဘမောင်။ ။ “မဟားပါနဲ့ ဆရာ၊ ဟား ဟား ဆိုတဲ့ အတိုင်း သူများတွေ ဆရာ့ကို
ဟားပါလိမ့်မယ်...”

ဗေဒင်ဆရာ။ ။ “အော်... ကိုဘမောင်ရယ်”

ကိုဘမောင်။ ။ “မအော်ပါနဲ့ ဆရာ၊ ပညတ်သွားရာ ဓာတ်သက်ပါပြီး အော်နေရပါမယ်၊
ပြီးတော့ ကျွန်တာ့်ကိုလည်း “ကိုဘမောင်ရယ်” ဆိုပြီး အတင်းမရယ်ခိုင်းပါနဲ့...”

ဗေဒင်ဆရာ။ ။ “ဟိုက်၊ ခက်တော့တာပဲ...”

ကိုဘမောင်။ ။ “ခက်တော့တာပဲလို့ချည်း မညည်းပါနဲ့ဆရာ၊ ဆရာ့နောက်ကို ခက်တာတွေ
လိုက်လာပါလိမ့်မယ်... ရော့ သောက်ဆရာ...”

ကိုဘမောင်က ရေနွေးတစ်ခွက်ငှဲ့ပေးတော့ ဗေဒင်ဆရာလည်း ယူသောက်လိုက်သည်။
ပြီးတော့မှ... ချိုချို ခါးခါး ဘယ်လို အရသာကြီးမှန်းမသိသဖြင့်...

ဗေဒင်ဆရာ။ ။ “အာ... ဒါ... ဒါ... ဘာကြီးလဲ၊ ကိုဘမောင်...”

ကိုဘမောင်။ ။ “ဘကြီးလဲ လို့ မအော်ပါနဲ့ ဆရာ... ပညတ်သွားရာ ဓာတ်သက်ပါပြီး ဆရာ့
ဘကြီးတစ်ယောက်ယောက် ချော်လဲနေပါ့မယ်... ”

ဗေဒင်ဆရာ။ ။ “အာ... ခင်ဗျားဗျာ...”

ကိုဘမောင်။ ။ “ခုနက အရည်ကလေ... ကြံရည်ဖန်ရည် တိုးအောင်ဆိုပြီး ကြံရည်ရယ်
အဖန်ရည်ရယ် ရောသောက်တာလေ...”

ဗေဒင်ဆရာ။ ။ “ဟာ... ခင်ဗျားဗျာ... ဒီမယ်၊ ကိုဘမောင် ဗေဒင် ပညာကို အလွယ်လေး
မှတ်နေလား...”

ကိုဘမောင်။ ။ “ပညာလို့ မပြောပါနဲ့ ဆရာ... ပြင်ညာ ဆိုရင် ပြင်ပြီး ညာနေရပါမယ်။
ဗေဒင်နည်းစနစ်လို့ ပြောပါ ဆရာ...”

ဗေဒင်ဆရာ။ ။ “အာ... ဒါနဲ့ ထိုင်ခုံတွေလည်း မတွေ့ပါလား...“

ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ကျွန်တော် ရောင်းပစ်လိုက်တာ။ အရင်တစ်ပတ်
ဆရာပြန်သွားကတည်းက ကျွန်တော်တွေးမိတာလေ... ထိုင်လည်း ထိုင်၊ ခုန်လည်း ခုန်ဆိုတာ
သိပ်မဟုတ်ဘူးလိုပဲ ဓာတ်ပျက်နေသလားလို့ပါ...”

ဗေဒင်ဆရာ။ ။ “ဟိုက်...”

ကိုဘမောင်။ ။ “မဟိုက်ပါနဲ့ ဆရာ... အလကားနေရင်း မောဟိုက်နေပါ့မယ်...”

ဗေဒင်ဆရာ။ ။ “အာ... ကိုဘမောင်...”

ကိုဘမောင်။ ။ “ပြီးတော့ ခုနက ဆရာ့ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို တွေ့တယ်...
ပြင်ပါဆရာ...”

ဗေဒင်ဆရာ။ ။ “ဗျာ... ကျွန်တော့်ဆိုင်းဘုတ်က ဘာဖြစ်လဲ...”

ကိုဘမောင်။ ။ “ဟောခန်းဆိုတာလေ ဆရာ...”

ဗေဒင်ဆရာ။ ။ “ဟုတ်ကဲ့...”

ကိုဘမောင်။ ။ “ဟောပြီးရင် ခန်းခန်းသွားတယ်လို့ အဓိပ္ပာယ် မရဘူးလား ဆရာ... ရသမျှ
ငွေတွေ ခန်းကုန်မှာပေါ့ ဆရာ...”

ဗေဒင်ဆရာ။ ။ “အာ...”

ကိုဘမောင်။ ။ “ပြီးတော့... မနောမယ ဆိုတာလေ... မယ ဆိုတာ “မရ” မပိုင်ဆိုင်တာနဲ့
အသံတူတယ်လေ... ပညတ်သွားသလို...”

ဗေဒင်ဆရာ။ ။ “တော်၊ တော်... ကိုဘမောင်...”

ကိုဘမောင်။ ။ “ဟုတ်ကဲ့၊ ကျွန်တော် တော်လာပြီးလား ဆရာ၊ ကျေးဇူးတင်ပါတယ်...”

ဗေဒင်ဆရာ။ ။ “အာ... ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ... ပြန်မလို့...”

ကိုဘမောင်။ ။ “သိဘူးဆရာ၊ နာရီဆိုတာ နာလည်းနာတယ်၊ ရီလည်းရီတယ်ဆိုတော့
မချိပြုံးသလို အဓိပ္ပာယ်ထွက်တယ်လို့ ကျွန်တော်ခံစားရတာနဲ့ အိမ်မှာ ဘာနာရီမှ
မထားတော့တာ...“

ဗေဒင်ဆရာ။ ။ “အာ... ဟာဗျာ...”

ဤသို့ဖြင့် ဗေဒင်ဆရာသည် ကိုဘမောင်အိမ်မှ တချိုးတည်း ဆင်းပြေးလေတော့သည်။






အရင်ထုတ်လိုက်ရမှာ



အမျိုးသမီးတစ်ယောက်သည် ဆရာဝန်ထံသို အော်ဟစ်ရောက် လာ


ပြိး .. ဆရာဆရာ ကူပါအုံး ကျွန်မယောင်္ကျား ကြွက်တစ်ကောင်မြိုချမိ


လို့.....သူဆီပြန်သွားလိုက်ပါ၊သူပါးစပ်ရှေ့မှာ ဒိန်ခဲတစ်တုံး


ဝေ့ယန်းပြလိုက် ကျွန်တော်လိုက်လာခဲ့မယ်...ဟုဆရာဝန်က


ပြောလိုက်သည်။ ငါးမိနစ်လောက်ကြာမှဆရာဝန်ရောက်လာ သည်။


လူတစ်ယောက်သည်စက်တီပေါ်တွင်လှဲနေသည်။အမျိုးသမီးက


ထိုလူ၏ပါးစပ်နားတွင် ငါးသလောက်ခြောက် တစ်ကောင် ကိုဝေ့ယန်း


နေလေသည်။ ခင်ဗျားရူးနေလား ခင်ဗျားကိုကျုပ်ဒိန်ခဲပြပါဆိုနေ...


ကျွန်မသိပါတယ်ဆရာရယ်ဒါပေမယ့် ကျွန်မကြောင် ကိုအရင်ထုပ်


ရမှာဖြစ်လို့ပါ..



ဘာထင်လို့လဲ



ဘာလင်မြို့ပေါ်တွင်အမေရိကန်ဗုံးကျဲလေယာဉ်များ ပျံဝဲနေကြသည်။


အမျိုးသမီးမှ မြန်မြန်လုပ်လေ သွားခိုရအောင် ဘာလုပ်နေတာ လဲဟု


အော်ပြောလိုက်သည်။ ငါ့သွားတုမတွေ့လို့ ကွ ဟု အမျိုးသားပြန်အော်


လိုက်လေသည်။ သူတို့တွေဘာကျဲမယ်လို့ရှင်ထင်နေလို့လဲ.


အသားညှပ်ပေါင်မုန့်ကျဲမယ်လို့ရှင်ထင်နေလို့လား ဟုအသံစူုး စူး


ဖြင့်ပြန်အောက်လိုက်လေသသည်။



ထိမ်းမြားခြင်းကား



ထိမ်းမြားလက်ထပ်ခြင်းသည် ဖဲချပ်တစ်ထုပ်နှင့် တူသည်။


ခင်ဗျားလိုက်ပိုးပန်းနေစဉ်မှာတော့ Heart ဖဲချပ်ပေါ့။


ခင်ဗျားစေ့စပ်တဲ့အခါမှာတော့ အဲဒါ Diamond ပဲ။


မင်္ဂလာဆောင်ပြိးသွားတဲ့အခါကျရင်တော့ Clubs တွေဖြစ်သွားရော။


အဆုံးမှာတော့ အာလုံး Spades တွေဖြစ်ကုန်တော့တာပဲ။



ဘယ်နေရာလဲ



ဂျိုအန်း...။ ယောက်ကျားတွေ လက်ပတ်နာရီကလွဲပြီး


တခြားဘာမှမဝတ်တဲ့နေရာကိုသိတယ်..


ဖါးဂေါ့....။ဘယ်နေရာလဲ ဘယ်နေရာလဲ


ဂျိုအန်း....။လက်ကောက်ဝတ်မှာလေ...



မေးပါရစေ



အလုပ်သမား..။ကျွန်တော်ဇနီးကလူကြီးမင်းဆီကနေ ကျွန်တော်ကို


လခတိုးတောင်းခိုင်းပါတယ်..


အလုပ်ရှင်.......။ရပါတယ်။ကျုပ်လည်း 


ခင်ဗျားကိုလခတိုးပေးရမလားဆိုပြီး


ကျုပ်မိန်းမကိုမေးကြည့်ထားမယ်လေ..



ဘာလုပ်ရမှာတုန်း



အမျိုးသမီး.တစ်ယောက်သည် သူတောင်းစားအား...ရှင်မရှက်ဘူးလား


လမ်းမှာတောင်းစားနေရတယ်လို့..ဟုပြောလိုက်၏။ သူတောင်းစား. က


ဒီတော့ကျွန်တော်ဘာလုပ်ရမှာတုန်း ရုံးခန်းဖွင့်ရမှာလားလို့


ပြန်ပြောလိုက်တော့သည်။



တော်မှမတော်တာ



အလွန်နာမကျန်းဖြစ်နေသောအမျိုးသမီးသည် ခင်ပွန်းသည်


အားပြောလေသည်။ကျွန်မသေမယ်ဆိုရင် ရှင်နောက်အိမ်ထောင်ပြုပါ၊


ဒါပေမယ့် ကျွန်မအဝတ်အစားတွေကိုတော့ နောက်မိန်းမကို


ပေးမဝတ်ပါဘူးလို့ ကတိပေးပါဟူပြောလေသည်။ ယောက်ျားက


စိတ်ချပါ ငါပေးမဝတ်ပါဘူး၊ ပြိးတော့ အဲဒါတွေကလည်း သူနဲ့မတော်ပါ


ဘူးကွာဟု ပြန်ပြောလိုက်လေသည်။



တိုးတိုးပြော…



ခြံထဲရှိသရက်ပင်ပေါ်တွင် သရက်သီးများခိုးနေသော အိမ်ဘေးမှ


ချာတိတ်အား
အိမ်ရှင်ကဖမ်းမိသည်။ လာလိုက်ခဲ့မင်းအဖေ

ဆီသွားမယ်။ ကလေးကိုမဆုံးမရကောင်းလားလို့
ငါ သူ့ကို

သွားချဲမယ်၊
တိုးတိုးပြောပါဦးလေးရယ် ဖေဖေကြား သွားပါ့မယ်။

ဖေဖေကဟိုဘက်သစ်ပင်ပေါ်မှာ...။



လူပျောက်ရှာ…..



ယောက်ျားပျောက်သွားသဖြင့် ကူညီရှာဖွေပေးပါရန်


ရန်စခန်းသို့မိန်းမဖြစ်သူကလာပြောသည်။


ယောက်ျား၏ပုံပန်းသဏ္လန်ကို မေးမြန်းစုံစမ်းပြီးနောက်


ရဲအရာရှိကအမျိုးသမီးကိုပြောသည်။
ကောင်းပြီးလေ၊

ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ခင်ဗျားရဲ့ ယောက်ျား


ကိုတွေ့ရင်
ဘာပြောပေးရမလဲ ပြောလိုက်ပါ၊ကျွန်မအမေ

ကျွန်မတို့အိမ်မှာလာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်း

လိုက်တယ်လို့´။



ပို့စ်မော်ဒန်….



ပို့စ်မော်ဒန်ဆိုတာဘာလဲဟင်´
စားစရာမရှိရ တဲ့အထဲ

အရေမရအဖတ်မရတွေကို မစဉ်းစားဘူးဟေ့´



အသိပေးရောပေါ့….



စာသင်ခန်းတွင်ဖြစ်သည်။


ဆရာမ…ကဲမောင်မြပြောစမ်း.ရ
ှိတ်စပီးယား ဘယ်တုန်းက

သေတာလဲ။


မောင်မြ…ဟင်သေသွားပြီဟုတ်လား


နေမကောင်းဖြစ်တယ်တောင်မကြားလိုက်မိဘူး..


 http://kyaysarlay.blogspot.com/

 
Share

No comments: