page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, July 4, 2012

ယောက်ျား Vs မိန်းမ (၃)

ZOLZOL | 1:38 AM |
ZOLZOL | 1:38 AM |




Best Blogger Tips
Share
Gadgets
Male - Phone၊ Tablets ၊ Desktop၊ Laptop အနည်းဆုံး ၁ မျိုးစီလိုအပ်သည်။ ဖြစ်နိုင်လျှင် Phone, Tablet တွေကို အမျိုးကွဲတွေပါလိုချင်သည်။
Female - အားလုံးထဲမှာ ၂ ခုလောက်ရှိရင် လုံလောက်သည်။

အဝတ်အစား
M - ပွဲတက်သွားရန် ပုံစံမတူသော အဝတ် ၃ စုံခန့်ရှိလျှင် အဆင်ပြေသည်။ အိမ်တွင်ဝတ်ရန် ၃ စုံခန့်ရှိရန် လုံလောက်ပြီ။
F - အဝတ်အသစ်အများအပြားရှိပြီး အချို့မှာ ဒီဇိုင်းတူ အရောင်သာကွဲသည်။ အများစုမှာ တစ်ခါဝတ်သာဖြစ်သည်။ နောက်တစ်ခါ ထိုအဝတ်အစားအတွက် အလှည့်ကျရန် အတော်ကြာစောင့်ဆိုင်းရမည်။ အပြင်သွားလျှင် အဓိကပြဿနာမှာ ဘယ်အဝတ်အစား ဝတ်ရမည်ပဲဖြစ်သည်။

ဈေးဝယ်ခြင်း
M - ၁ သိန်းဖိုးဝယ်စရာရှိလျှင် တစ်ခါတည်းဖြင့် ၁ သိန်းဖိုးဝယ်လိုက်သည်။
F -  ၁ သိန်းဖိုးဝယ်စရာရှိလျှင် ၁ သောင်းဖိုး ၁၀ခါ ခွဲဝယ်သည်။


မင်္ဂလာဆောင်ခြင်း
M - လက်ထပ်ရန်အတွက်မင်္ဂလာဆောင်သည်။
F - မင်္ဂလာဆောင်ရန်အတွက် လက်ထပ်သည်။

မှတ်မိခြင်း
M - ချစ်ပြီး မရခဲ့ဘူးတဲ့ မိန်းမတစ်ယောက်အမြဲမှတ်မိတယ်။
F - အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းကို အမြဲမှတ်မိတယ်။

ဖျော်ဖြေရေး
M - ဘီယာလေးသောက်အမြည်းဝါးရင်း ကြည့်သောဘောပွဲ၊ ဇာတ်လမ်း အပါအဝင် အခြားမည်သည့်အရာမျိုးမဆို။
F - ရုပ်ရှင်ဇာတ်လမ်းကောင်း၊ စာအုပ်၊ သီချင်း တစ်မျိုးမျိုး။

ရည်းစားစထားခြင်း
M - အထက်တန်းကျောင်းသားဘဝအထိ ဂိမ်းဆော့ကောင်းတုန်း။
F - အထက်တန်းကျောင်းသူဆိုရင် ရည်းစားစထားပြီ။

ထူးခြားချက်
M - ယောက်ျားလေးများ သီးသန့်ဖတ်တဲ့မဂ္ဂဇင်းတွေမှာလည်း မိန်းမပုံတွေပဲ။
F - မိန်းကလေးများ သီးသန့်ဖတ်တဲ့ မဂ္ဂဇင်းတွေမှာလည်း မိန်းမပုံတွေပဲ။

မှန်ကြည့်ခြင်း
M - အိမ်သာထဲကမှန်နဲ့ ကိုယ့်အိမ်က မှန်ပဲကြည့်ဖြစ်တယ်။
F - အိမ်သာ၊ အိပ်ဆောင်မှန်၊ အဝတ်အစား အရောင်းပြခန်းကမှန်၊ စားသောက်ဆိုင်ကဖန်ခွက်၊ အလင်းပြန်၍ ပုံရိပ်ထင်နိုင်သော မည်သည့်အရာဝတ္ထုမဆို။

အနွေးထည်
M - မဝတ်ဘဲမနေနိုင်အောင်ချမ်းမှသာ အနွေးထည်ဝတ်သည်။
F - နွေရာသီပင်ဖြစ်သော်လည်း ဒီဇိုင်းလှသော အနွေးထည် ခပ်ပါးပါးလေးတွေဝတ်လေ့ရှိသည်။

သန့်စင်ခန်းသွားခြင်း
M - သွားရန်အတွက် အဖော်ခေါ်လေ့မရှိ။ အထဲတွင်လည်း စကားများများစားစားပြောလေ့မရှိ။
F - အဖော်ကောင်းပါက ၁၀ မိနစ်အတွင်း ၂ခါပြန်သွားလေ့ရှိသည်။ အထဲတွင် အပြင်မှာမပြောဖြစ်သော စကားများကို အားရပါးရပြောကြသည်။ သန့်စင်ခန်းအတွင်းရှိ လက်ဆေးရာနေရာသည် ဒုတိယအလှပြင်ရာ နေရာဖြစ်သည်။

Myanmar Jokes

Share

No comments: