Share
ဒီအကြောင်းကတော့ အိမ်ထောင်ရှင် ကိုကို ၊ မမ များအတွက် ရည်ရွယ်သလို အိမ်ထောင်ပြုဖို့ ရည်ရွယ်နေကြတဲ့ ညီငယ် ၊ ညီမငယ်များလည်း သိသင့်တယ်လို့ 
ထင်မြင်မိပါတယ်။
၁။တစ်ယောက်နဲ့ တစ်ယောက်ကြည်ဖြူစွာချစ်နေဖို့တစ်ယောက်အပေါ်တစ်ယောက်အကောင်းမြင်
ဆန္ဒတွေနဲ့သာဆက်ဆံပြောဆိုရပါမယ်။တစ်ယောက်မကောင်းတာကိုတခြားသူအပေါ်မပြော
ဆိုမိဖို့လိုအပ်ပါတယ်။တစ်ယောက်မကောင်းတာကိုအကြံပေးပြုပြင်ပေးရပါမယ်။
၂။မင်းတို့တွေအရမ်းချစ်တယ်ဆိုရင်ဒါလေးတွေလုပ်ပေးဖို့မင်းမမေ့ပါနဲ့။ရုပ်ရှင်ကြည့်တဲ့အချိန်မှာသူကို
နမ်းရှိုက်ပေးပါသူလက်ကလေးတွေကိုယုယစွာဆုပ်ကိုင်ထားပါ.ပါးစပ်ကလည်းသူကို(မင်းဟာအရမ်း
လှတယ်လို့)တစ်ကြိမ်ထက်မနည်းပြောပေးပါ။ :P
၃။သတိထားရပါ့မယ်။သူမနေမကောင်းဖြစ်နေတဲ့အခါမှမိသားစု၊သူငယ်ချင်းများကိုအရမ်းသာကော
မပြောမိပါစေနဲ့အထူးသဖြင့်သူမမနှစ်သက်သောသူများကိုမပြောမိစေပါနဲ့.ဥပမာ။သူနေမကောင်းဖြစ်
ပြန်ပြီကွာ(စိတ်ဓာတ်ကျသံ)နဲ့မပြောမိပါစေနဲ့။
၎။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ။မင်းမှားနေတဲအခါ(Sorry)ဆိုတဲ့စကားလေးပြောဖို့
မမေ့ပါနဲ့။မင်းမှန်နေတယ်ဆိုရင်လည်းတိတ်တိတ်လေးနေပေးလိုက်ပါ။
၅။လူတွေအများကြားမှာမင်းဇနီးစကားပြောတာမှားနေသည်ဖြစ်စေ၊မှန်သည်ဖြစ်စေကြားမှဝင်ရောက်
ပြီးဟန့်တားပြောဆိုတာမျိုး(သို့)အမှားပြင်ပေးတာမျိုးမလုပ်ပါနဲ့.လူတွေနဲ့ကင်းရာကိုခေါ်သွားပြီးမှားနေ
တာကိုပြောဆိုရှင်းပြပေးပါ။
၆။မင်းဟာ ငြင်းခုံတဲ့စကားတွေ ပြောဆိုတာမျိုးဖြစ်လာတဲ့အခါမှာလည်းမိးလောင်နေတဲ့အိမ်ကိုမြင်လို့
ကြောက်လန့်စွာအော်ဟစ်နေတဲ့အသံမျိုးနဲ့မပြောဆိုပါနဲ့.တီးတိုးအေးဆေးညင်သာစွာပြောဆိုပါ။
၇။တနေ့မှာ တစ်ယောက်န တစ်ယောက်အဆင်မပြေတာကြုံလာတဲ့အခါမှာမင်းတို့တွေတစ်ယောက်နဲ့
တစ်ယောက်အသက်မကချစ်ခဲ့ကြတယ်ဆိုတာကိုသတိရပါ ။
မေလ်းထဲမှာ တွေ့ လို့ ဝေမျှလိုက်တာနော် ။
သူငယ်ချင်းအပေါင်းလည်း သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရှင်များ ဖြစ်ပါစေလို့ 
ဆန္ဒပြုလျှက်
ညချစ်သူ
Share
No comments:
Post a Comment