သူငယ်ချင်းအားလုံးပဲ မဂ်လာပါဗျာ ။ကျွန်တော် ဒီပိုစ်လေးကို တိုက်ဆိုင်မှု့ တစ်ခုရှိလို့ ပြန်လည်ဝေမျှဖြစ်တာပါ။
အားလုံးပဲ ဖတ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
ပြန်လည်ဖတ်ပေးကြဖို့ လည်း မျှော်လင့်ပါတယ်
သူငယ်ချင်းအားလုံးကို
ခင်မင်လေးစားစွာဖြင့်
ညချစ်သူ
ကိုယ်နဲ့မဆိုင်ဘူး။ဒီကိစ္စက သူ့ကိစ္စပဲ။ငါနဲ့ ဘာမှမပတ်သက်ဘူး။သူဖြစ်သူခံ။
ကျွန်တော်တို့
လူ့အဖွဲ့အစည်းမှာ" အသာနေ" ဆိုတဲ့ စိတ်ဓာတ်တွေ
တွေ့နေရတယ်။ကိုယ့်လမ်းထိပ်မှာ
ဘီယာဆိုင်ကြီးတွေ၊အရက်ဆိုင်ကြီးတွေဖွင့်တယ်။ကိုယ်နဲ့
ဘာမှမဆိုင်ဘူးလို့ထင်ကြတယ်။အရွယ်ရောက်လာတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့
သားတွေ အရက်ဆိုင်ရောက်သွားပါလေရော။
စာရိတ္တကို အရင်းအနှီးလုပ်ပြီး ကိုယ်ကျင့်တရားကို ငွေလုပ်တတ်တဲ့ မိန်းကလေးတစ်စု လမ်းထဲမှာ အိမ်ငှားနေကြတယ်။
ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ဒီလိုနဲ့ ကိုယ့်အိမ်ကယောက်ျားတွေ ၊သားကြီးတွေ အချိန်တစ်ခုမှာ ငြိစွန်းပတ်သက်ကုန်ကြရော။
ဟိုး..ဘက်အရပ်မှာ
မီးလောင်နေတယ်။ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး
ထိုင်ပြီးကြည့်နေကြတယ်။မကြာခင်မှာဘဲ အဲဒီလောင်နေတဲ့မီး ကိုယ့်အရပ်ထဲကို
ရောက်လာတော့တယ်။
ဒီလိုပါပဲ ကိုယ်နဲ့မဆိုင်ဘူး"အသာနေ" ဆိုတဲ့
တာဝန်မဲ့စိတ်ဓာတ်တွေ ကြောင့် ကိုယ်နှင့်ဆိုင်လာတဲ့အခါ
ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်တတ်ကြတယ်။တွေးကြည့်ကြစမ်းပါ။
"အသာနေ" "အသာနေ" ဆိုပြီး "အသေနာ" ခဲ့ရတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြပါ့မယ်…..
########################## ######
တခါတုန်းက
ကြွက်တစ်ကောင်ဟာ နံရံတစ်ခုရဲ့ အကွဲကြောင်းကို ဖြတ်သန်းပြီး လယ်သမား နဲ့
သူ့ဇနီး အထုပ်တစ်ထုပ်ဖြည်နေတာကို ချောင်းကြည့်နေခဲ့တယ် ။ “ ဒီအထုပ်ထဲမှာ
ဘာစားစရာတွေများ ပါမှာပါလိမ့် ” ကြွက်ဟာ သိချင်စိတ်တွေပြင်းပြနေခဲ့တ ယ် ။ သူဟာ အထုပ်ကို အသေအချာကြည့်လိုက်တဲ့အခါမှာ တော့ အဲဒါဟာ ကြွက်ထောင်ချောက်တစ်ခုဖြစ်ေ နတဲ့အတွက် အလွန်ကို စိတ်ဓါတ်ကျသွားခဲ့ရတယ် ။
ဒါနဲ့ ကြွက်ဟာ ခြံဝိုင်းထဲ ပြန်လာပြီး အသံကျယ်ကျယ်နဲ့အော်ပြောလိုက်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ် -- အိမ်ထဲ မှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”
အဲဒီအခါ ကြက်ဖ က ကတော်ကတော်ဆိုပြီးအ သံပေးပြီး မြေကြီးကို ဒေါသတကြီး ခြစ်ကုတ်လို့ ဦးခေါင်းကို မော့ပြီး ပြောလိုက်တယ် ။ “ ဒီမယ် မောင်ကြွက် ဒါဟာ မင်းနဲ့ပဲ ဆိုင်တဲ့ အရေးကြီးအကြောင်းအရာဖြစ်တယ် ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး ဒါကြောင့် မင်းဘာသာ ငြိမ်ငြိမ်နေရင်ကောင်းမယ် ”
ကြွက်ဟာ ဒီလိုနဲ့ ၀က်ဆီကိုရောက်သွားပြီးပြောတ ယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် -- အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”
ဝက်ဟာ ခေါင်းခါလိုက်ပြီးကြွက်ကိုေ ပြာတယ်
။ “ စိတ်မကောင်းပါဘူး မောင်ကြွက်ရယ် ငါမင်းအတွက် ဆုတောင်းပေးယုံကလွဲလို့
ဘာမှ လုပ်ပေးနိုင်စရာမရှိပါဘူး မင်းကိုငါဆုတောင်းပေးနေပါ့မ ယ် ”
ကြွက်ဟာ နွားဆီကိုသွားပြန်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် -- အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ်
!! ” လို့ပြောလိုက်တယ် ။ အဲဒီအခါနွားက ပြန်ပြောတယ် ။ “စိတ်မကောင်းပါဘူး
မောင်ကြွက်ရယ် ငါလည်းမင်းကို ဘာမှ လုပ်ပေးနိုင်တာမရှိပါဘူး ”
အဲဒီညမှာ အိမ်ကြီးဆီကနေ အသံတစ်ခုကို ကြားလိုက်ရတယ် ။ ကြွက်ထောင်ချောက်မှာ သတ္တ၀ါတစ်ကောင်ကောင်မိနေတဲ့ အသံလိုမျိုးပေါ့ ။ ဒါနဲံ လယ်သမားရဲ့ဇနီးက ဘာအကောင်မိနေသလဲဆိုတာ သိဖို့ အမှောင်ထဲကို ပြေးထွက်သွားခဲ့တယ် ။ အမှောင်ထဲမှာတော့ -- အဆိပ်ရှိတဲ့မြွေတစ်ကောင်ရဲ့ အမြှီးက ကြွက်ထောင်ချောက်ထဲ ညှပ်မိနေတယ်ဆိုတာ လယ်သမားရဲ့ဇနီးက မသိရှာခဲ့ဘူး ။ ဒါနဲ့ မြွေက လယ်သမားရဲ့ဇနီးကိုကိုက်လိုက်ပါတယ် ။
ဒီလိုနဲ့ လယ်သမားလည်း ပြာယာခတ်သွားပြီး သူ့ဇနီးကိုဆေးရုံကိုပို့ခဲ့ တယ် ။ ဆေးရုံကနေ နည်းနည်းသက်သာလာပေမယ့် အဖျားက မပျောက်သေးပဲ ဆရာဝန်က စောင့်ကြည့်ဖို့ပြောတယ် ။
ဖျားနာနေတဲ့လူမမာအတွက် အကောင်းဆုံးက ကြက်စွပ်ပြုတ်ဟင်းရည်ဆိုတာ လူတိုင်းသိကြပါတယ် ။ လယ်သမားဟာ ပုဆိန်ကိုယူပြီး သူ့ဇနီးအတွက် လိုအပ်တဲ့ကြက်စွပ်ပြုတ်လုပ် ပေးဖို့ ခြံဝင်းထဲဆင်းသွားခဲ့တယ် ။ ကြက်ဖ ကိုသတ်ပြီး ကြက်စွပ်ပြုတ်အဖြစ်ပြောင်းလဲခဲ့တယ် ။
ဒါပေမယ့် လယ်သမားရဲ့ဇနီးဟာ အဖျားကနေမသက်သာလာပါဘူး ပိုပိုဆိုးလာခဲ့တယ် ။ သူငယ်ချင်းတွေနဲ့အိမ်နီးနား ချင်းတွေက သတင်းလာမေးကြပြီး လူမမာမေးမှာ ထိုင်နေကြတယ် ။ သူတို့ကို ဧည့်ခံဖို့ လယ်သမားဟာ ၀က်ကိုသတ်ပြီးချက်ကျွေးခဲ့တ ယ် ။
လယ်သမားဇနီးဟာ ပြန်ကောင်းမလာခဲ့ပါဘူး ဒီလိုနဲ့ သူမ သေဆုံးသွားတယ် ။ နာရေးကို လူတွေလူတွေ အများကြီးလာကြတယ် ။ သူတို့အတွက်လုံလောက်တဲ့အသား ကိုရရှိဖို့အတွက် လယ်သမားဟာ နွားကို သတ်ပြီး အမဲသားဟင်းကျွေးခဲ့တယ် ။
ကြွက်ဟာ နံရံ အကွဲကြောင်းထဲကနေ အဲဒီအဖြစ်အပျက်ကို မြင်ပြီး
ဒါနဲ့ ကြွက်ဟာ ခြံဝိုင်းထဲ ပြန်လာပြီး အသံကျယ်ကျယ်နဲ့အော်ပြောလိုက
အဲဒီအခါ ကြက်ဖ က ကတော်ကတော်ဆိုပြီးအ သံပေးပြီး မြေကြီးကို ဒေါသတကြီး ခြစ်ကုတ်လို့ ဦးခေါင်းကို မော့ပြီး ပြောလိုက်တယ် ။ “ ဒီမယ် မောင်ကြွက် ဒါဟာ မင်းနဲ့ပဲ ဆိုင်တဲ့ အရေးကြီးအကြောင်းအရာဖြစ်တယ်
ကြွက်ဟာ ဒီလိုနဲ့ ၀က်ဆီကိုရောက်သွားပြီးပြောတ
ဝက်ဟာ ခေါင်းခါလိုက်ပြီးကြွက်ကိုေ
ကြွက်ဟာ နွားဆီကိုသွားပြန်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ
အဲဒီညမှာ အိမ်ကြီးဆီကနေ အသံတစ်ခုကို ကြားလိုက်ရတယ် ။ ကြွက်ထောင်ချောက်မှာ သတ္တ၀ါတစ်ကောင်ကောင်မိနေတဲ့ အသံလိုမျိုးပေါ့ ။ ဒါနဲံ လယ်သမားရဲ့ဇနီးက ဘာအကောင်မိနေသလဲဆိုတာ သိဖို့ အမှောင်ထဲကို ပြေးထွက်သွားခဲ့တယ် ။ အမှောင်ထဲမှာတော့ -- အဆိပ်ရှိတဲ့မြွေတစ်ကောင်ရဲ့
ဒီလိုနဲ့ လယ်သမားလည်း ပြာယာခတ်သွားပြီး သူ့ဇနီးကိုဆေးရုံကိုပို့ခဲ့
ဖျားနာနေတဲ့လူမမာအတွက် အကောင်းဆုံးက ကြက်စွပ်ပြုတ်ဟင်းရည်ဆိုတာ လူတိုင်းသိကြပါတယ် ။ လယ်သမားဟာ ပုဆိန်ကိုယူပြီး သူ့ဇနီးအတွက် လိုအပ်တဲ့ကြက်စွပ်ပြုတ်လုပ်
ဒါပေမယ့် လယ်သမားရဲ့ဇနီးဟာ အဖျားကနေမသက်သာလာပါဘူး ပိုပိုဆိုးလာခဲ့တယ် ။ သူငယ်ချင်းတွေနဲ့အိမ်နီးနား
လယ်သမားဇနီးဟာ ပြန်ကောင်းမလာခဲ့ပါဘူး ဒီလိုနဲ့ သူမ သေဆုံးသွားတယ် ။ နာရေးကို လူတွေလူတွေ အများကြီးလာကြတယ် ။ သူတို့အတွက်လုံလောက်တဲ့အသား
ကြွက်ဟာ နံရံ အကွဲကြောင်းထဲကနေ အဲဒီအဖြစ်အပျက်ကို မြင်ပြီး
အလွန်ကို ၀မ်းနည်းစိတ်ထိခိုက်နေခဲ့ရတ ယ် ။
########################## ######
##########################
အဲဒါကြောင့် နောင်တစ်ချိန်မှာ တစ်ဦးတစ်ယောက်က
အခက်အခဲပြဿနာတစ်ခုကြုံနေရတာကိုသိပြီး ငါနဲ့မဆိုင်ပါဘူးလေလို့ တွေးမိခဲ့ရင်
သင်တို့ထဲကတစ်ဦးတစ်ယောက် အန္တရာယ်ကြုံတွေ့ရရင် သင်ကိုယ်တိုင်လဲ
အန္တရာယ်ရှိနေတယ်ဆိုတာ သတိရပေးပါ။ ကျွန်တော်တို့အားလုံးဟာ ဘ၀ဆိုတဲ့
ခရီးရှည်ကြီးကို အတူတကွဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ တစ်ယောက်ကောင်းကျိုးအတွက်
တစ်ယောက်က ကြည့်ရှုဖေးမပေးကြရမှာဖြစ်ပါတယ်။
########################## ######
ကျွန်တော်တို့ လူအဖွဲ့အစည်းမှာလည်း တာဝန်မဲ့ နေထိုင်တတ်တဲ့ "အသာနေ" ဆိုတဲ့ စိတ်ကို မွေးသင့်…မမွေးသင့်စဉ်းစားဖို့ အချိန်ရောက်ပါပြီ။ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်က ဝင်ပြီး ကူညီဆောင်ရွက်ကြရမှာပဲ။ဒါမှသာ လူ့အဖွဲ့အစည်းတိုးတက်မှာပေါ့။
########################## ######
ဒီပုံပြင်လေးထဲကလိုပေါ့။ ”ပြောမှသိ၊ ထိမှ နာ၊ သာမှ နေ၊ သေမှာ ခင်၊ ဤလေးအင်၊
လူတွင် မကျင့်ရာ“ ဆိုတာလိုမျိုး ကိုယ့်ကို တိုက်ရိုက်ထိခိုက်တာ မဟုတ်ရင်၊
ကိုယ့်အကျိုးစီးပွားကို တုတ်နဲ့ မထိုးရင် မတရားမှုတွေကိုယ့် မျက်စိရှေ့ မှာ
ဘယ်လောက်ဖြစ်ဖြစ် လက်ပိုက်ကြည့်နေမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ပေါ့ဘူးလေ၊
မတရားမှုကို တွေ့ရင် မတရားမှန်းကို ဦးစွာ သိရမယ်။ အဲဒါကို မတရားမှုမှန်း လက်ခံနိုင်ရမယ်။ ဒါက ဒက်စ်မွန်တူးတူးရဲ့ စကားအတိုင်းပေါ့လေ၊ အဲဒီ အချိန်မှာ Moral အရတော့ ကိုယ်က မတရားလုပ်ခံရတဲ့ဘက်က ရပ်လိုက်ပါပြီ။ ဒီမှာတင် ရပ်နေရင်တော့လည်း မသင့်တော်သေးပါဘူးဗျာ။ နည်းနည်းလေး တစ်ဆင့်လောက် ရှေ့ တိုးပြီး မတရားလုပ်ခံရတဲ့သူကို နူတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းဖြစ်ဖြစ် အနည်းဆုံးတော့ စကားလုံးလေးတွေနဲ့ နှစ်သိမ့်အားပေးတာလောက်တော့ လုပ်သင့်တယ်၊ ဖြစ်သင့်တယ် ထင်ပါတယ်။ ဒီလိုနဲ့ ကိုယ်လည်း အနှိမ်ခံရတဲ့ သူတွေရဲ့ ဘ၀ကို တစတစ ပိုနားလည်ပြီး စိတ်ဓာတ်ခွန်အားတွေ တဖြည်းဖြည်းနဲ့ တည်ဆောက်နိုင်မယ်ထင်ပါတယ်။ ဒါဆိုရင် အခြေအနေနဲ့ အချိန်အခါများ ပေးလာလို့ သင့်ကို နိုင်ငံတော်က အလိုရှိလာခဲ့ရင် အဆင်သင့် ဖြစ်နေမှာပေါ့ မိတ်ဆွေတို့ရေ။......။
မတရားမှုကို တွေ့ရင် မတရားမှန်းကို ဦးစွာ သိရမယ်။ အဲဒါကို မတရားမှုမှန်း လက်ခံနိုင်ရမယ်။ ဒါက ဒက်စ်မွန်တူးတူးရဲ့ စကားအတိုင်းပေါ့လေ၊ အဲဒီ အချိန်မှာ Moral အရတော့ ကိုယ်က မတရားလုပ်ခံရတဲ့ဘက်က ရပ်လိုက်ပါပြီ။ ဒီမှာတင် ရပ်နေရင်တော့လည်း မသင့်တော်သေးပါဘူးဗျာ။ နည်းနည်းလေး တစ်ဆင့်လောက် ရှေ့ တိုးပြီး မတရားလုပ်ခံရတဲ့သူကို နူတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းဖြစ်ဖြစ် အနည်းဆုံးတော့ စကားလုံးလေးတွေနဲ့ နှစ်သိမ့်အားပေးတာလောက်တော့ လုပ်သင့်တယ်၊ ဖြစ်သင့်တယ် ထင်ပါတယ်။ ဒီလိုနဲ့ ကိုယ်လည်း အနှိမ်ခံရတဲ့ သူတွေရဲ့ ဘ၀ကို တစတစ ပိုနားလည်ပြီး စိတ်ဓာတ်ခွန်အားတွေ တဖြည်းဖြည်းနဲ့ တည်ဆောက်နိုင်မယ်ထင်ပါတယ်။ ဒါဆိုရင် အခြေအနေနဲ့ အချိန်အခါများ ပေးလာလို့ သင့်ကို နိုင်ငံတော်က အလိုရှိလာခဲ့ရင် အဆင်သင့် ဖြစ်နေမှာပေါ့ မိတ်ဆွေတို့ရေ။......။
########################## ######
ကဲ သင့်ရဲ့ပတ်ဝန်းကျင်မှာကော သင်နဲ့မသက်ဆိုင်ဘူးလို့ထင်တဲ့ ကိစ္စရပ်တွေရှိနေသေးသလား?
“The mouse trap” ဘာသာပြန်ဆိုပါသည်။
Telos
မှီငြမ်း
ဆရာ ဦးဘုန်း(ဓာတု) ဧ။် "အသာနေ" ဆောင်းပါး
နှင့်
အင်တာနက်ပေါ်မှ ကွန်းမန့် များကိုအခြေခံရေးဖွဲ့ ထားပါတယ်။
No comments:
Post a Comment