page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, July 31, 2012

ယုံကြည်မှုတည်ဆောက်ခြင်း

ညချစ်သူ | 1:49 AM |
ညချစ်သူ | 1:49 AM |




Best Blogger Tips
Share




Best Blogger Tips

လောကမှာ လူတိုင်းလူတိုင်းက ကိုယ်ကိုယ်တိုင်သော်၎င်း ၊ မိမိပက်ဝန်းကျင်နဲ့ သော်၎င်း ၊အဆင်ပြေချောမွေ့ စွာ ဆက်ဆံနိုင်ရန်အတွက်  ယုံကြည်မှုကို တည်ဆောက်သင့်တယ်လို့ ထင်ပါတယ် ။
ဒါမှလည်း အားလုံးရဲ့  ယုံကြည်မှုကို ရရှိနိုင်ပြီး အောင်မြင်သောသူတစ်ယောက်ဖြစ်နိုင်မယ်လို့ ထင်ပါတယ် ။
ယုံကြည်မှုဆိုတာ ဘယ်နေ၇ာမှာဖြစ်ဖြစ် ဘယ်သူနဲ့မဆို ကိုယ်ကိုကိုယ်အရင်ယုံကြည်အောင် တည်ဆောက်
သင့်ပါတယ် ။ယုံကြည်မှုတည်ဆောက်ဖို့ အတွက် အောက်ပါအချက်အလက်တွေ ကို လိုက်နာသင့်တယ်လို့ 
ထင်မြင်ယူဆမိပါတယ်ခင်ဗျာ ။

( ၁ ) ရိုးသားပါ


တကယ်တော့ရိုးသားမှုဆိုတာ မလွယ်ပါဘူး ။မလွယ်ပေမဲ့ ရအောင်ကြံသူတွေ ရိုးသားမှုကြောင့် ဂုဏ်တက်သူတွေကို စံနမူနာယူပြီး ကျင့်ကြံအားထုတ်ရမှာက ကိုယ်ရဲ့ တာဝန်ပါ ။တည်ကြည်ဖြောင့်မတ်တဲ့ လူသားတစ်ဦးဖြစ်လာဖို့၊ ကောင်းမွန်တဲ့ဘ၀ကို ပိုင်ဆိုင်မှုအတွက်
လိုအပ်တဲ့ အခြေခံမူ တွေထဲက ရိုးသားခြင်းဟာ အလွန်အရေးကြီးတယ်။ဒါကြောင့် ယုံကြည်မှုတည်ဆောက်ဖို့ ဆိုရင် ရိုးသားစွာ ဆက်ဆံ
တတ်ဖို့ လည်း လိုအပ်ပါတယ် ။

( ၂ ) စံပြဖြစ်ပါစေ -စာရိတ္တကောင်းရှိပါ ။

စံပြဖြစ်ဖို့ ဆိုတာ တကယ်တော့ မလွယ်လှပါဘူး ။ဒါကြောင့် ဘယ်လိုလူမျိုးကို စံပြအဖြင့်နမူနာ ယူသင့်သလဲဆိုတာ  ကိုယ်တိုင်သတ်မှတ်ပြီး  စံအဖြင့်ရွေးချယ်ကာ လိုက်နာဆောင်ရွက်သင့်ပါတယ် ။
စံပြဖြစ်ဖို့ ဘာတွေလိုအပ်သလဲ ဆိုတော့


က ။  လောဘ ၊ဒေါသ ။မောဟ နည်းပါးသောသူ ။
ခ ။   သတ္တ၀ါအားလုံးအပေါ်မှာ မေတ္တာတရား ထားနိုင်သောသူ ။
ဂ ။  စိတ်ထားဖြူစင်သောသူ ။
ယ ။ အရာရာကိုအကောင်းမြင်တတ်သူ ။
င  ။ မိမိနဲ့ တွေ့ ကြုံလာသမျှ ( မည်သူအပေါ် )မဆို စာနာညှာတာ ဂရုဏာစိတ်ထားဖြင့် စိတ်ချမ်းသာမှု၊
     ပျှော်ရွှင်မှုကို ပေးစွမ်းနိုင်သောသူ ။
စသည့်အချက်တွေနဲ့ ပြည့်စုံအောင်ရှိတတ်ဖို့  လိုအပ်သလို စာရိတ္တကောင်းလည်း ရှိဖို့ လိုအပ်ပါသေးတယ် ။

( ၃ ) စာရိတ္တကောင်းကြောင်းကိုပြပါ ။

ရိုးသား ဖြောင့်မတ်သည့် စာရိတ္တကောင်းရှိဖို့ ဆိုတာ ငယ်ငယ်တည်းကအကျင့်တစ်ခုနဲ့ တည်ဆောက်မှ ရနိုင်ပါလိမ့်မယ် ။လိုက်နာဖို့ ခဲယင်းတဲ့အထဲမှာ စာရိတ္တရှိဖို့ ဆိုတာလည်း ပါဝင်ပါတယ် ။ဘာပဲဖြစ်နေနေ
အနည်းဆုံးတော့ ကိုယ်ကိုကိုယ်ယုံကြည်အောင် စာရိတ္တကောင်းရှိဖို့ က လိုအပ်တာမို့  ရိုးသားဖြောင့်မတ်စွာ
ဖြင့် ကိုယ်စာရိတ္တကို မြှင့်တင်ကြပါလို့ တိုက်တွန်းပါရစေခင်ဗျာ ။

( ၄ ) လူတိုင်းနှင့် အလုပ်တိုင်း၏ သိက္ခာကိုလေးစားပါ ။

လောကမှ ရှိနေတဲ့လူတိုင်းလူတိုင်းကို လေးစားစွာဖြင့် ဆက်ဆံသင့်ပါတယ် ။လူအမျိုးမျိုးစိတ်ထွေထွေ
ဆိုပေမဲ့  အကောင်းမြင်စိတ်ဖြင့်တွေး မြင်ပြီး လေးစားစွာ ဆက်ဆံသင့်သလို အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟူ
သော လောကနိယာမ အတိုင်း ဘယ်အလုပ်လုပ်ပါစေ ကိုယ်ပိုင်အလုပ်တစ်ခုလို သဘောထားပြီး လုပ်ကိုင်မယ်ဆိုရင် အလုပ်ရှင်နဲ့ မိမိအကြားမှာလည်း ခိုင်မြဲတဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။

( ၅ ) စကားမပြောခင် အရင်နားထောင်ပါ  ။နားလည်ပါ ။နားလည်နိုင်အောင်ကြိုးစားပါ ။

 ကိုယ်နဲ့ဘယ်သူနဲ့မဆို စကားပြောပါက သူပြောချင်တာကို အရင်နားထောင်လိုက်ပါ ။ပြီးမှ အပြန်အလှန်ပြန်လည်ဆွေးနွေးမယ်ဆိုရင် ပိုပြီးထိရောက်နိုင်ပြီး အချင်းချင်းနားလည်မှုလည်း
ရရှိနိုင်ပေသည်။ဒါမှလည်း သူပြောတာ အရင်နားထောင်လိုက်လို့   ဘာမှမဖြစ်သွားပါဘူး ။သူပြောချင်တာ
ဖြစ်စေချင်တာကို အရင်နားထောင်ပြီး သူပြောချင်တာ ဖြစ်စေချင်တာကို နားလည်ပါမှ ကိုယ်ဖြစ်စေချင်တဲ့ပုံ
စံ ၀င်အောင် ပြန်လည်ဆွေးနွေးသင့်ပါတယ် ။အရင်နားလည်နိုင်အောင် ကြိုစားလိုက်တာက ပိုကောင်း
ပါတယ် ။

( ၆ ) ဆုံးဖြတ်ချက်တွေ နဲ့ လုပ်ဆောင်ချက်တွေက ပေါ်ပေါ်ထင်ထင်မြင်သာပါစေ ။

တစ်ခါတစ်လေမှ အကြောင်းအရာတစ်ခုကို ဆုံးဖြတ်တော့မယ်ဆိုရင် လုပ်ဆောင်ချက်တွေနဲ့ ပွင့်လင်းမြင်မှု
ရှိဖို့ လည်း လိုအပ်ပါသေးတယ် ။ကိုယ်တစ်ကယ် လုပ်ဆောင်သင့်တယ် ဆုံးဖြတ်ပြီးမှ ဆုံဖြတ်ချက်တစ်ခုကို ချမှတ်သင့်ပါသည် ။

(၇ ) ပွင့်ပွင့်လင်းလင်းရှိပါ ။အစစ်အမှန်ဖြစ်ပါစေ ။

ဘယ်နေရာမှာမဆို မည်သူမဆို ဆက်ဆံပါက ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်ဘက်က အစစ်အမှန်ဖြစ်ဖို့ လည်း လိုအပ်ပါတယ် ။ မည်သူကိုမဆို ကိုယ်ဘက်က ရိုးသားကြောင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံသင့်ပါတယ် ။

( ၈ ) လုပ်မယ်လို့  ပြောတဲ့အတိုင်းလုပ်ပါ ။

ကိုယ်ဆုံးဖြတ်ထားတဲ့ မည်သည်ကိစ္စမဆိုလုပ်မယ်လို့ ပြောထားပြီးရင် ပြီးဆုံးတဲ့အထိလည်း လုပ်ဆောင်
သင့်ပါသေးတယ်  ။

( ၉ ) ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေကို အားပေးပါ ။

ကိုယ်လုပ်ထားတဲ့ကိစ္စတွေမှာ မှားမှားမှန်မှန် လုပ်ပြီးပါက အခြားသူမှ ဝေဖန်အကြံပေးမှုများကို လည်း  အလေးထားသင့်သလို ပွင့်လင်းတဲ့ ပြန်လည်ဆွေးနွေးမှုတွေကိုလည်း အားပေးကြောင်း ပြသသင့်ပေးသည်။

( ၁၀ ) ကိုယ်ကို လူအများယုံကြည်အားကိုးနိုင်တဲ့ လူဖြစ်ပါစေ ။

အထက်ဖော်ပြပါ အချက်အလက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် သင့်ဟာ လူအများယုံကြည်အားကိုး
နိုင်တဲ့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်နိုင်ပြီဆို ဆိုနိုင်ပါတယ်ခင်ဗျာ ။

မှတ်ချက် ။    ။တကယ်တော့ အချက်အားလုံးကို လိုက်နာဖို့ဆိုတာ ခဲ့ယင်းပေမဲ့ တကယ်လုပ်ရင် တကယ်ဖြစ်ရမယ်ဟူသော ယုံကြည်ချက်ဖြင့် လုပ်ဆောင်သင့်ပါကြောင့် အကြံပေးရေးသားလိုက်ပါတယ် ။

သူငယ်ချင်းအားလုံးကို အစဉ်လေးစားခင်မင်စွာဖြင့်
                                                                             ညချစ်သူ

Share

1 comment:

ချစ်စံအိမ် said...

လာဖတ်သွားပါတယ်..