page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, July 25, 2012

စိတ်ထားပြုပြင်နည်း ခုနှစ်သွယ်

ညချစ်သူ | 12:06 AM |
ညချစ်သူ | 12:06 AM |




Best Blogger Tips
Share






(၁) ငြိမ်းချမ်းစိတ်၊ ကျန်းမာရေးစိတ်၊ မျှော်လင့်သည့်စိတ်၊သတ္တိရှိသောစိတ်တို့ဖြင့် ပြည့်လျှမ်းနေပါစေ.. .
အဘယ့်ကြောင့်ဆိုသော်လူတို့၏ ဘ၀သည် မိမိတို့စိတ်က ပြုပြင်သမျှ ဖြစ်ရပါသည်။


(၂) ရန်သူကို ဂရုမပြုပါနှင့်၊ ဂရုပြုလျှင် ရန်သူကို ထိခိုက်သည်ထက်ကိုယ့်ကိုယ်ကို ပိုထိခိုက်စေပါသည်။


(၃) သူတစ်ပါးက ကျေးဇူးမဲ့မှုနှင့် ပတ်သက်၍ သောက ဖြစ်နေမည့်အစားကျေးဇူးမဲ့မည်ကို ကြိုတင်၍ မျှော်လင့်သင့်သည်. . ကျေးဇူးအတင်ခံဖို့မမျှော်လင့်မှ စိတ်ချမ်းမြေ့ဖွယ် ရမည်
 ဖြစ်ပါသည်. . . . မိမိသားသမီးတို့ကိုကျေးဇူးသိတတ်သည့် အလေ့ရှိစေလိုလျှင်ကျေးဇူး
သိတတ်မှုကို အားပေးကာသင်ကြားပေးရပါသည်။


(၄) ကိုယ့်မှာ ခံစားရသည့် အကျိုးကျေးဇူးတို့ကိုသာပွားများချို့တဲ့မှုကို နှလုံးမသွင်းပါနှင့်. .



(၅) သူတစ်ပါးကို မတုပါနှင့်. . . နဂိုအနေအတိုင်း ပြုပါ. . .သူတစ်ပါးကို မနာလိုခြင်းသည် အလွန်
ဆိုးရွားခြင်းပင်ဖြစ်သည်. . တုပခြင်းသည်. . မိမိ၏နဂို အရည်အချင်းများကို ချိုးနှိမ်လိုက်ခြင်း ဖြစ်သည်. . 
ကိုယ့်ကိုယ် ကိုသတ်ခြင်းနှင့် တူသည်။


(၆) ကံဆိုးတည်းဟူသော သံပရာကို ရရှိလျှင် ကံကောင်းတည်း ဟူသော သံပရာဖျော်ရည်ဖြစ်အောင်ကြိုးပမ်းပါ


(၇) သူတစ်ပါး အကျိုးဆောင်နိုင်သလောက် ဆောင်ခြင်းဖြင့် ကိုယ့်သောကကိုဖျောက်ပစ်ပါ. . . "

စာဖတ်သူ ညီအကိုမောင်နှမများ အားလုံးအထက်ပါ နည်းလမ်း (၇)
သွယ်ဖြင့် စိတ်ငြိမ်းချမ်း သာယာမှုရပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်. .

တက်တိုး (သောကကင်းဝေးနေနိုင်ရေး)

အားလုံးကိုချစ်ခင်လေးစားလျှက်

ညချစ်သူ

Share

No comments: