Share
မည်သည့် အနေထာမှာ မဆို လူသည် မိမိ ကိုယ်တိုင်၏ အရှင်သခင်ဖြစ်သည်။
စဉ်းစားဆင်ခြင်ဥာဏ် အနည်းဆုံးအချိန် ၊ အဆိုးယုတ် အနိမ့်ကျဆုံးအချိန်၌လည်း
အရှင်သခင်သည် အရှင်သခင်ပဲဖြစ်သည် ။ သို့သော် ထိုသို့သော အချိန်မျိုး၌မူသူသည် မိမိအိုးအိမ်ကို ကောင်းစွာစောင့်ရှောက်ထိန်းသိမ်းနိုင်စွမ်း မရှိသည့် မိုက်မဲသော အရှင်သခင်ဖြစ်သည် ။ သို့သော် အကယ်၍ မိမိအနေအထားကို ပြန်လှန်သုံးသပ်မှု ပြုလာမည် ၊ မိမိဘ၀ တည်မှီနေရသည့်အကြောင်းအကျိုး နိယာမ တရားကို စူးစမ်းသိမြင်လာမည်ဆိုလျှင်မူ သူ၌ ဥာဏ်အမြော်အမြင် ရှိလာပြီ ။ သတိသမပဇဉ်တရားကို သူ လက်ကိုင်ထားတတ်လာပြီ ။ ထိုအခါ သူ၏စွမ်းအားများကို အသိဥာဏ်တွဲ၍ အသုံးပြုတတ်လာမည် ။ သူ၏ အတွေးအကြံများကိုလည်း အကျိုးကျေးဇူးဖြစ်ထွန်းမည့် အကြောင်းရပ်များဘက်သို့ တည့်မတ် ထိန်းကျောင်းတတ်လာမည် ဖြစ်သည် ။ ထိုအခါ လိမ္မာသော အရှင်သခင် သူ ဖြစ်လာပေပြီ ။ ။
Share
No comments:
Post a Comment