page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 8, 2012

ကျွန်တော် ဖတ်ဘူးသော ဒဿနစကားများ

ညချစ်သူ | 6:36 PM |
ညချစ်သူ | 6:36 PM |




Best Blogger Tips
Share
၁။ တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ

သူ့ကိုခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။


၂။  ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို

စိတ်ပျက်အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။


၃။  ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။


၎။  စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။

စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။

ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။



၅။ ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။

ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။


၆။ သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။

သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။


၇။ ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?

ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?


၈။  ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၉။ အတိတ်က ကြုံတွေ့ နေရသော မအောင်မြင်မှုများ၊ ၀မ်းနည်းဖြင်းများ၊ မှားယွင်းမှုများကို
ထပ်တလဲလဲ တွေးနေမည့်အစား ထိုအရာများကို သင်ခန်းစာယူပြီး လိုလားတောင့် တမှုများ
ပြည့်ဝအောင်သာ ကြိုးစားပါ။


၁၀။ မိမိစွမ်းဆောင်နိုင်သောစွမ်းအားကို  ကိုယ်ကျိုးအတွက်ချည်းလည်း မသုံးသင့်ပေ။
ထို့ ထက်....မကောင်းသောကိစ္စများတွင် ပိုရ်ျ မသုံးသင့် ပေ။


၁၁။ ဆိုးကျိုးကောင်းကျိုးများသည် မလိုချင်လည်း ရလာနိုင်သော်လည်း လိုချင်သော်
လည်း ရလာမည် မဟုတ်ပေ။ သင့်အနေနှင့် ကတော့ မည်သည့် ရလဒ်ကိုပဲဖြစ်စေ အကောင်းဆုံး
ရင်ဆိုင်နိုင်သော စိတ်ဓာတ်ကိုသာ မွေးမြူထားသင့်ပေဧ။် ။။


၁၂။ အပျက်သဘောဆောင်သည့်အတွေးသည် ဆိုးကျိုးကိုသာ ပေးသည်။
ထိုအတွေးကို ကောင်းသည်ဟု ထင်လျှင်တော့  အဆိုးဝါးဆုံး ဖြစ်ပေတော့ သည်။

၁၃။ အထက်ကိုတက်တော့ မည်ဆိုလျင် လမ်းတိုသည် ရှည်သည် ကြမ်းသည်  ချောသည်
ရွေးချယ်နေမည့်အစား နှင့် သင့်လျော်သော အမြန်ဆုံး အပေါ်ရောက်နိုင်သည့် လမ်းကိုသာ
ရွေးချယ်ပါ။


၁၄။ ချစ်ခြင်းမေတ္တာသည် စိတ်ဓာတ်မခိုင်မာနှင့်  တန်ဖိုးမသိသူတို့ ထံသို့  လာလေ့မရှိပေ။
ထိုသူများ ရသောမေတ္တာမှာလည်း  အစစ်အမှန် မဟုတ်ဘဲ အတုသာ ဖြစ်ပေလိမ့်မည်။


၁၅။ အခြားသူများအား ပြစ်တင်ဝေဖန်တော့ မည်ဆိုလျှင် ဦးစွာ မျန်တစ်ချပ်ရှေ့ ရပ်ပြီး
ထိုစကားလုံးများကို အရင်ရွတ်ဆိုကြည့် သင့်ပါသည်။



 
သူငယ်ချင်းများအားလုံးကို ခင်မင်လျှက်  
                                      
  ညချစ်သူ Share

No comments: