9/17/10
စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပစ်လဲ။
ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပစ်လိုက်တယ်။
စကာၤပူ
ဝန်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့ ပြစ်ပြီး
လိမ္မော်သီး ယို လုပ်တယ်ဗျ။ ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ
ပီကယ်မှာလိုက်ပါတယ်.စားပြီးသွားတော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း
ဆက်မေးပါတယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ပီကယ် ကိုရော ဘုရင် တို့ ထိုင်းနိုင်ငံမှာ ဘာလုပ်သလဲဗျ။
ထိုင်းဘုရင် ။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။
စင်္ကာပူ
ဝန်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို
စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့ထိုင်းနိုင်ငံကို တင်ပို့
ရောင်းချတယ်။ ဆက်ပြီးတော့ ဘုရင်ကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက် လိုက်ပါတယ်။
ပြန်ခါနီးကြမှ ဘုရင်က မေးခွန်းတစ်ခု ထမေးပါတယ်။
ထိုင်းဘုရင် ။ ။ မင်းတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
ထိုငိးဘုရင်။
။ အေး၊ ငါတို့ စီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို ပို့ပြီး
စင်္ကာပူကို တင်သွင်း ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ကွ။
ရသောလခကို ရေတွက်ကြည့်ရင်းက ကိုဘမောင် ငွေကိုင်စာရေးကိုပြောသည်။
" ကျွန်တော့်ကို ပေးတဲ့လခတစ်ထောင်တိတိ လျော့နေပါလားဗျ"
" ဟုတ်တယ်။ လွန်ခဲ့တဲ့လက ခင်ဗျားကို ကျွန်တော် တစ်ထောင် ပိုပေးခဲ့မိတယ်လေ၊ အဲဒီတုံးက ခင်ဗျား ငြိမ်နေခဲ့တယ် မဟုတ်လား၊ "
" ပထမအကြိမ် မှားတာပဲလေ ဆိုပြီး သည်းခံခဲ့တာဗျ၊ အခု ဒုတိယအကြိမ် မှားပြန်ပြီဆိုတော့ လွန်လွန်းတယ်ဗျာ"
=========================================================
ရဟတ်ယာဉ်ပျက် သူဌေးကြီး လူကြီးလူကောင်းဆန်ပုံ
ရွှေဝါပြည်မှ
သူဌေးကြီး ဦးသူရသည် ရဟတ်ယာဉ်ဖြင့် ရေခဲတောင်သို့ လေ့လာခရီးသွားစဉ်
ရဟတ်ယာဉ် စက်ချို့ယွင်းကာ ရေခဲတောင်ပေါ်တွင် သောင်တင်နေလေသည်။
အနောက်နိုင်ငံကြီးများကို
စီးပွားရေး ပိတ်ဆို့မှုပြုလုပ်မည်ဟု ကြွေးကြော်ထားသည့် ရွှေဝါပြည် သူဌေးကြီး
ဦးသူရကို ကယ်ဆယ်ရန် ကောင်းမွန်သည့် ရဟတ်ယာဉ်နှင့် ကျွမ်းကျင်သည့်
ကယ်ဆယ်ရေးလုပ်သားများ မရှိဖြစ်နေရာ အနောက်နိုင်ငံများ၏ နည်းလမ်းများဖြင့်
ချမ်းသာကြွယ်ဝနေသော အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံသို့ အကူအညီတောင်းရလေ၏။
အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံကလည်း ကယ်ဆယ်ခ မြိုးမြိုးမြက်မြက်ရသဖြင့် သွားရောက် ကယ်ဆယ်လေသည်။
ကယ်ဆယ်ရေးအဖွဲ့သည်
တကြိမ်လျှင် ၃ ဦးသာ ကယ်နိုင်မည်ဖြစ်ရာ ဦးသူရသည်
သူနှင့်အတူရှိနေသူများကို အရင်ကယ်ထုတ်သွားရန် ပြောသဖြင့် ကယ်ဆယ်သူများလည်း
သူနှင့်အတူပါသူ ၅ ဦးအနက်မှ ၃ ဦးကို အရင်ကယ်ထုတ်သွားလေသည်။
ကယ်ဆယ်ရေး
ရဟတ်ယာဉ်ပေါ်ပါလာသည့် ဦးသူရကုမ္ပဏီဝန်ထမ်း ၃ ဦးကို ကယ်ဆယ်ရေး လုပ်သားတဦးက
“ခင်များတို့ သူဌေးက လူကြီးလူကောင်းဆန်သားပဲဗျ။ သူများတွေ ပြောသလို
မဆိုးပါဘူး။ အခု ခင်များတို့ကို အရင်ကယ်ထုတ်ခိုင်းတာပဲကြည့်လေ”ဟု
ပြောလေသည်။
ပြောရင်း ကုမ္ပဏီဝန်ထမ်း သုံးဦးကို သေချာကြည့်မိသော် ရေခဲတောင်ဝတ် အနွေးထည်များ မတွေ့ရသဖြင့် မေးလေသည်။
“ခင်များတို့ဗျာ ရေခဲတောင်ဘက်ကို လာတာ အနွေးထည်ဝတ်မလာကြဘူးလားဗျ”
ကယ်ဆယ်ရေးဝန်ထမ်း၏ အမေးကို သူဌေးကြီး ဦးသူရ၏ ကုမ္ပဏီဝန်ထမ်းတဦးက မေးတဆတ်ဆတ် တုန်ရင်း အောက်ပါအတိုင်း ပြန်ဖြေလေသည်။
“အနွေးထည်ပါ
ပါသကောဗျာ။ ကျနော်တို့ အနွေးထည်တွေအားလုံးကို မနေ့ညကတည်းက
သူယူဝတ်လိုက်တယ်ဗျ။ လူကြီးလူကောင်းဆန်မဆန်တော့ မသိဘူး....ဟူး....ဂတ်.ဂတ်''
=========================================================
ဆရာဝန်ရဲ့ စမ်းသပ်ပုံ
အမျိုးသမီးတစ်ဦး ကလေးငယ်လေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
အမျိုးသမီး။....။ ကလေးကအားနည်းနေလို့ပါဆရာ။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာဖြစ်လို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
ဇဝေဇ၀ါဖြစ်နေသောအမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို
ခံလိုက်တယ်။ အသေအချာစမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ..
“ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိပဲ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့”
အဲလို ပြောတော့ အမျိုးသမီးက ဒေါသတကြီး ပြန်အော်လိုက်တယ်။
“ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီရှင့်”
=======================================================
တူလိုက်ပုံက
တစ်ခါက
ဟိုတယ်တစ်ခု၏ အောက်ထပ် စားသောက်ခန်းတွင် အသက် ငါးဆယ်ခန့်
လူကြီးတစ်ယောက်နှင့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်တို့
စားပွဲတစ်လုံးတည်းမှာ အတူထိုင်၍ အရက်သောက်နြေ ကသည်။ နှစ်ယောက်လုံးလည်း
အတော်မူးနေကြသည်။ အမူးသမားတို့ ထုံးစံအတိုင်း ပြောစရာ စကားမရှိ စကားရှာကာ
တစ်ဦးနှင့်တစ်ဦး မိတ်ဖွဲ့ကြတော့သည်။
“ဒါနဲ့ ငါ့တူက ဘယ်ကလဲ၊ ဦးလေး မင်းကို တစ်နေရာရာမှာ မြင်ဖူးသလိုလိုပါပဲ”
“ကျွန်တော်လဲ ဦးလေးကို တွေ့ဖူးသလိုလိုပဲ၊ ကျွန်တော်က မန္တလေးကပါ”
“ ဟုတ်လား၊ ဒါကြောင့်နေမှာ ဦးလေးလဲ မန္တလေးကပဲ၊ နေတော့ကော ဘယ်အရပ်ထဲမှာလဲ ပြောစမ်းပါဦး”
“ မြို့သစ်မှာပါ”
“ ဟာ ငါလဲ မြို့သစ်မှာ နေတာပဲ၊ ဒါကြောင့် တွေ့ဖူးသလိုလို မြင်ဖူးသလိုလို ဖြစ်နေတာကိုး၊ ဟေး ဟေး ရော့သောက်ကွာ”
“ ဟုတ်ကဲ့ ဒါနဲ့ ဦးလေးက မြို့သစ် ဘယ်အရပ်ထဲမှာလဲ”
“ ဇ ကွဲ ထဲမှာ”
“ ဟာ ကျွန်တော်လဲ ဇ ကွဲ ထဲမှာပဲ”
“ ဟန်ကျလိုက်တာကွာ တစ်မြို့တည်းသား တစ်ရပ်တည်းသားတွေ လာဆုံရတာ၊ အမြည်းမှာကွာ၊ ငါက အရက်မှာလိုက်မယ်”
“
ရပါတယ် ဦးလေးရာ ၊ မိတ်ဖြစ်ဆွေဖြစ် နှစ်မျိုးလုံး ကျွန်တော်ပဲ မှာပါ့မယ်၊
ဟေ့ ကြက်ခြောက်ကြော် တစ်ပွဲ ရမ်လေးပက်၊ ဒါနဲ့ ဦးလေးနေတော့”
“ ခြောက်ဆယ့်တစ် ကျောကပ်လမ်းမှာ”
“ တူလိုက်တာ ကျွန်တော်လဲ ခြောက်ဆယ့်တစ် ကျောကပ်လမ်းမှာပဲ၊ ကျွန်တော်က အိမ်နံပါတ် - ၄၄”
“ ဟေ.. လေးဆယ့်လေး “
“ ဟုတ်ပါတယ်”
“ ဟာ.. ငါလဲ လေးဆယ့်လေးပဲ၊ အံ့ရောဟေ့၊ တူတာမှ အကုန်တူတာ၊ ဒါနဲ့ မင်းဒီမှာ တည်းတော့ ဘယ်အခန်းမှာလဲ”
“ ၀မ်းအိုဝမ်းမှာ”
“ဟေဟေ ၀မ်းအိုဝမ်းမှာ နှစ်ခန်းများ ရှိသလား မသိဘူး၊ ငါလဲ ၀မ်းအိုဝမ်း ပဲဟာ၊ ကဲ ချလိုက်ကြဦးစို့”
သို့ဖြင့် နှစ်ယောက်သား အမူးလွန်ကာ မှောက်သွားကြသည်။ ထိုအခါ အခြားအရက်ဝိုင်းမှ လူတစ်ယောက်က ကောင်တာမှာ ထိုင်နေသူအား
“ ဟို နှစ်ယောက် တူလိုက်ပုံက အတော်ဆန်းကြယ်တယ်နော်၊ နေတဲ့မြို့ရော၊ လမ်းရော၊ အိမ်ရာ”
ထိုအခါ ကောင်တာမှာ ထိုင်နေသူက
“ တူမှာပေါ့ဗျ၊ သူတို့က သားအဖတော်တယ်။ အတူလာပြီး အတူတည်းကြတာပဲ။ အမူးလွန်နေလို့ တစ်ယောက်ကို တစ်ယောက် မမှတ်မိတာ”
ဟု ပြောလိုက်လေသတည်း။
ကံချွန် (ကြားဖူးနားဝ ဟာသပုံပြင်များ - ၁) မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment