page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 25, 2012

ပြုံးရုံလေးပြုံးလိုက်ပါ

ညချစ်သူ | 12:10 AM |
ညချစ်သူ | 12:10 AM |




Best Blogger Tips
Share
သတိပေးနေလို့

‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။

လင်ကွန်းမိန်းမ နာမည်က

အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း
မေးနေသည်။ ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင်
စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆ
ရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ"
....... ..... လွယ်လွယ်လေး နှော....။

အဖြေမှန်


ဇီဝဗေဒ ဘာသာရပ်ကို သင်ကြားနေချိန်တွင် ဖြစ်သည်။
ဆရာက တပည့်များကို ပြောသည်။
“တပည့်တို့ကို ဆရာက စကားထာတစ်ခုဖွက်မယ်။ သေသေချာချာ နားထောင်ကြ”
“မိကျောင်းနှစ်ကောင် ပျံသွားကြတယ်။ တစ်ကောင်က အစိမ်းရောင် ...။
နောက်တစ်ကောင်က အာဖရိကတိုက်ကို ဦးတည်ပျံသွားတယ်။ ကဲ ....
ဆရာ့အသက်ဘယ်လောက်လဲ ....”
ကျောင်းသားအားလုံးငြိမ်နေကြသည်။
ပီတာလေးက ပြောသည်။
“ဆရာ့အသက် 24 နှစ်”
“မှန်တယ် ..။ ဒါနဲ့ မင်းဘယ်လိုသိတာလဲ”
“ကျွန်တော့အသက် 12 နှစ်ရှိပြီ။ ပြီးတော့ ကျွန်တော့်ကို ဦးနှောက်တစ်ခြမ်း ချောင်နေတဲ့အကောင်လို့ ပြောကြတယ်လေ။”


ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း


ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်
ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ
ပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို
ပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို
ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို
ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ
အတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို
တစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ

*ချွေတာတဲ့ ကိုချူချာ*

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး
> ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို
> လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့်
> ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။
>
> နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
> ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။
> ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး
> ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ
> ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား
> လို့များလား။
>
> မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ
> ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။
>
> ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။
> မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။
> ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ
> မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
>
> "ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
> "မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ "

ကြိုးစားကြည့်လေ


ဆရာက မေးသည်။
“ငါးတွေက ဘာဖြစ်လို့ စကားမပြောသလဲ”
ပီတာလေးက ချက်ချင်းဖြေသည်။
“ဆရာ ရေထဲမှာ စကားပြောကြည့်ပါလား ...” Share

No comments: