page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, May 3, 2012

မေမေ သားကိုမချစ်ဘူးလာဟင်...

ZOLZOL | 12:07 AM |
ZOLZOL | 12:07 AM |




Best Blogger Tips
Share




မေမေ သားကိုမချစ်ဘူးလာဟင်...အင်းပေါ့နော်
မေမေ သားကိုမချစ်လို့သာ ဒီလိုအမှိုက်ပုံထဲ
ရက်ရက်စက်စက်ပစ်ထားရက်တာပေါ့နော
မေမေ...သားချမ်းတယ် မေမေ နံစော်နေတဲ့
အမှိုက်ပုံတွေကြားမှာ သားဘာကြောင့်များ
လူလာဖြစ်ရသလဲဟင် မေမေ..



မေမေကိုသားမမုန်းပါဘူး မေမေကတော့ဘာလို့
သားကိုမုန်းတာလဲဟင် မေမေ..သားဘာများမှားခဲ့လို့လဲဟင်..
သားမေမေ့ ၀မ်းဗိုက်ထဲမှာ နွေးထွေးလုံခြုံမှုအပြည့်နဲ့
နေခဲ့တုန်းကပေါ့
သားကိုသား စစ်သူကြီးတစ်ယောက်လိုလို..
စည်းစိမ်အပြည့်နဲ့ ဘုရင်ကြီးတစ်ယောက်လိုလို...
ဘ၀င်တွေမြင့်ခဲ့သေးတယ်..မေမေရယ်....
မေမေ့ ၀မ်းကြာတိုက်က သားအတွက်
တကယ့်ကိုနွေးထွေးတဲ့ ဘုံဗိမ္မာန်ကြီးတစ်ခုပါပဲ မေမေ..
ဒါနဲ့များ သားကိုဘာကြောင့် ဒီလိုစွန့်ပစ်ရတာလဲဟင်
မေမေ..မေမေ..ဖြေပေးပါဦး သားကိုဖြေပေးပါဦး မေမေ...

မေမေရယ်...သားသွားရတော့မယ်လေ
သား နေချင်ပါသေးတယ် မေမေ..တို့နဲ့အတူ
လူလောကကြီးထဲမှာပျော်ပျော်လေးနေချင်ပါသေးတယ် မေမေ..
အို...မေမေ..ဘေးနားမှာ ..ခွေးနက်ကြီးတွေရောက်လာကြပြီ မေမေ...
သူတို့အစာကို အမှိုက်ပုံထဲလာရှာရင်းနဲ့ သားကိုတွေ့သွားကြတော့မယ်။
သူတို့ သားကိုရောစားပစ်မှာလားဟင် မေမေ..
သား သား ကြောက်တယ် မေမေ...
သား အရမ်းကြောက်တယ် မေမေ..
သား ကို မေမေ.လှည့်မကြည့်တော့ဘူးလားဟင်..

သား နှုတ်ဆက်ခဲ့ပါတယ် မေမေ..နော်
မေမေ လည်းနေကောင်းအောင်နေနော်
သားအရမ်းချစ်တယ် မေမေ ကိုလေသား အရမ်းချစ်ပါတယ်။
မေမေ.....ေ မ ေ မ.......ေ မ ေ မ.....။

Share

No comments: