page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, October 20, 2014

ကိုယ့်ဘဝရဲ့ဖူးစာရှင်ကို စောင့်နေချိန်မှာ ပြုလုပ်နိုင်မယ့်အရာ (၆)ချက်

ZOLZOL | 10:06 AM |
ZOLZOL | 10:06 AM |




Best Blogger Tips
Share



ကိုယ့်ဘဝရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို ဆုံးဖြတ်တဲ့အခါ အကောင်းဆုံး စဉ်းစားသလိုပါပဲ၊ ကိုယ်လိုချင်တဲ့ ဖူးစာရှင်မျိုးကို ရှာဖွေတဲ့နေရာမှာလဲ ဘယ်လိုလူမျိုးကို လိုချင်တယ်ဆိုတာကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။ ဖူးစာရှင်ကို စောင့်နေတဲ့အချိန်မှာ ကိုယ်လိုအပ်တဲ့ ကိုယ်လိုလားတောင့်တတဲ့ အရာတွေကို အဓိပ္ပာယ်ဖွင့်နိုင်ဖို့ အချိန်ယူလိုက်ပါ။ ၁။ အသက်မွေးဝမ်းကျောင်းအလုပ်မှာ ဆရာတစ်ဆူဖြစ်အောင် ကြိုးစားပါ။


ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရည်မှန်းချက်မှာ အာရုံစူးစိုက်ပါ။ ကိုယ့်ဘဝရဲ့ဖူးစာရှင်ကို စောင့်နေပါတယ်လို့ မစဉ်းစားပါနဲ့။ ဒီအချိန်က ကိုယ့်အတွက် အလုပ်ထဲမှာ ထိပ်ဆုံးရောက်ပြီး အောင်မြင်နေစေဖို့ အချိန်ပါ၊ ကိုယ်ဟာ မရှိမဖြစ်လူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ ဒါမှ ဖူးစာရှင်ကို ရှာတွေ့တဲ့အခါ ကိုယ့်အလုပ်က အတည်တကျဖြစ်နေတော့ တစ်ပန်းသာတာပေါ့။ ဖူးစာရှင်နဲ့ ကိုယ့်ရဲ့ လျှောက်လှမ်းမယ့် ခရီးလမ်းကလည်း တူနေမယ်ဆိုရင် relationship မှာ ငွေရေးကြေးရေးက စိတ်ပူစရာနည်းသွားတာပေါ့။

၂။ ကိုယ်နှစ်သက်မြတ်နိုးတဲ့အရာတွေကို ရှာဖွေပါ။

ဘဝမှာ ဖူးစာရှင်မရှိသေးတော့ ကိုယ့်အကြောင်းကို အနှောက်အယှက် မရှိဘဲ လွတ်လွတ်လပ်လပ် လေ့လာနိုင်တာပေါ့။ ကိုယ်နှစ်ပေါင်းများစွာ နှစ်သက်ခဲ့တဲ့ ဝါသနာတွေ၊ စိတ်ဝင်စားတဲ့အရာတွေကို ကိုယ်ကသာ အချိန်ပြည့်ပြည့်ဝဝ ပေးနိုင်မယ်ဆိုရင် စိတ်ကြည်နူးပျော်ရွှင်မှုတွေနဲ့ ပြည့်နက်စေမှာ ဖြစ်ပါတယ်။ ကိုယ့်မှာနှစ်သက်မြတ်နိုးတဲ့အရာ မရှိသေးဘူးဆိုရင်လည်း ကိုယ်သဘောကျမယ့် အရာတစ်ခုကို ရှာဖွေနိုင်ပါတယ်။ ဒါက အဖိုးထိုက်တန်လှတဲ့ ရည်မှန်းချက်လေးပါပဲ။

၃။ ခိုင်မြဲတဲ့ သူငယ်ချင်းသံယောဇဉ် တည်ဆောက်ပါ။

တခါတရံမှာ ချစ်သူတွေဟာ မိန်းကလေးသူငယ်ချင်းတွေနဲ့ ခင်မင်မှုကြားမှာ ပါလာတတ်ပါတယ်။ ကိုယ့်မှာ ချစ်သူမရှိသေးတဲ့အခါ ကိုယ့်သူငယ်ချင်းတွေအတွက် တတ်နိုင်သလောက် အချိန်ပေးဖို့ စဉ်းစားပါ။ အားပေးဖို့လိုအပ်နေတဲ့ သူငယ်ချင်းရှိနိုင်သလို၊ ပျော်ပါးချင်တဲ့ သူငယ်ချင်းတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်စိတ်ကျေနပ်ရာကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်။ ကိုယ့်အိပ်မက်ထဲက ချစ်သူနဲ့တွေ့ဆုံခဲ့မယ် ဆိုရင်တောင် သူငယ်ချင်းတွေနဲ့ ဘယ်တော့မှ မပျက်စီးမယ့် သံယောဇဉ်မျိုး တည်ဆောက်ပါ။

၎။ အခွင့်အလမ်းတွေကို ဂရုစိုက်ထားပါ။

Relationship ကြီးကြောင့် ဝန်လေးနေစရာမလိုဘဲ လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာနိုင်ပါတယ်။ ခရီးသွားဖို့ဆိုရင် အမြဲဆန္ဒရှိသူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မဟုတ်လည်း တခြားကိစ္စတစ်ခုခု ရှိမယ်ဆိုရင် အခုအချိန်က ဒါတွေလုပ်ဖို့ အချိန်ပါပဲ။ ဒီလိုအခွင့်အရေးမျိုးက ဘယ်တော့မှ ထပ်ရမှာ မဟုတ်ပါဘူး။

၅။ ကိုယ့်ကိုယ်ကိုသိပါ။

ကိုယ့်ဖူးစာရှင်က ကိုယ့်နားမှာပဲ ရှိချင်ရှိနေမှာလေ။ ဒါကြောင့် သူပေါ်လာခဲ့တယ်ဆိုရင် ကိုယ်က သိဖို့လိုအပ်ပါတယ်။ အမျိုးသားတွေနဲ့ပတ်သက်ရင် ကိုယ်ကရွေးချယ်တဲ့နေရာမှာ ညံ့ဖျင်းတယ်ဆိုရင်လည်း ဒီတစ်ခါသေချာဂရုစိုက်ပြီး အရင်ဖြစ်နေကြပုံစံကို ချိုးဖောက်ပစ်လိုက်ပါ။ ကိုယ်လည်း ကိုယ့်ကိုယ့်ကို ချစ်ပြီး မြတ်နိုးတန်ဖိုးထားသလို ကိုယ့်ကိုချစ်ပြီး မြတ်နိုးတန်ဖိုးထားမယ့် ချစ်သူမျိုးကို လိုအပ်လာပါလိမ့်မယ်။

၆။ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် နေပါ။

ဖူးစာရှင်စောင့်နေချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်လာဖို့ အချိန်ပေးပါ။ မကောင်းတဲ့ အလေ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်တာတို့၊ ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေ စားတာတို့၊ ဆွဲဆောင်လွန်းတဲ့ အဝတ်အစားများ၊ ကိုးရိုးကားယား အဝတ်အစားများ ဝတ်ဆင်တာတို့နဲ့ အမြဲနောက်ကျတတ်တာတို့တွေကို ပြင်ဆင်နိုင်တဲ့ အချိန်ပါ။ ဒါတွေအားလုံးက ကိုယ်ကျော်ဖြတ်လို့ရတဲ့ ဆွဲဆောင်မှုမရှိတဲ့ လက္ခဏာတွေပါ။ ဒါမှ ကိုယ့်ဖူးစာရှင် ရောက်လာတဲ့အခါကျရင် ကိုယ်ကအကောင်းဆုံး တောက်ပနေမှာ ဖြစ်ပါတယ်။

Trend Myanmar Share

No comments: