page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, September 10, 2013

ဟာသစာစု ( ၁ )

candle lay | 10:54 AM |
candle lay | 10:54 AM |




Best Blogger Tips
Share

သူငယ်ချင်းများ ကို အရင်ဦးဆုံး မင်္ဂလာပါ လို နုတ်ခွန်းဆက်သပါတယ်ခင်ဗျာ..
သူငယ်ချင်းအားလုံးကို ပျော်ရွှင်စေလိုသောဆန္ဒ နဲ့  ဟာသလေးတွေရှာဖွေစုစည်းကာ
တင်ပေးလိုက်ပါတယ် ။သူငယ်ချင်းများအားလုံး ဟာသတွေဖတ်ပြီး ဘ၀အမောတွေကို 
မေ့ကာ ရယ်မောပျှော်ရွှင်နိုင်ကြပါစေဗျာ.............................................
 

အပျိုကြီးက အပျိုကြီးပဲ.....
တခါကတုန်းက နတ်ပြည်မှာ နတ်သမီးအပျိုကြီးတယောက်ရှိသတဲ
သူက တကိုယ်တည်းဆိုတော့ ကြာတော့ ပျင်းလာတာပေါ
အဲဒါနဲ့ ပဲ .. သိကြားမင်းကိုသွားဂျီကျသတဲ
သူ့ ကို ဖူးဇာရှင်ရှာပေးပေါ့ လေ ..
အဲ့ဒီတော့ သိကြားကပြောပြတယ်
မပူနဲ့ ပေါမကြာခင် (နတ်ပြည်နဲလူပြည် အချိန်ကွာတာကိုးး ) ရောက်လာမှာပေါ
နတ်သမီးကအဲလောက်နဲ့ ဘယ်ရမလဲ ရစ်ရော....
သူ့ကို အဲ့ဒီလူ ပြပါပေါ့
အဲဒါနဲသိကြားကပြလိုက်တယ် အဲ့ဒီလူကဘုန်းကြီေးကျာင်းကပ်နေတဲခြေတဖက်ကျိုးကြီးတဲ
သူ့ ကုသိုလ်က သူကလမ်းသွားရင် ခြေတဖက်ကတရွတ်တိုက်နေတောအမှိုက်လှည်းပေး
သလိုဖြစ်နေတာတဲ
အဲဒီ နတ်သမီး ကြည့်ရတာ နဲနဲ စပ်ဆော့ပုံရတယ်
တဘက်ထဲဆို ကုသိုလ်နည်းတယ်ပေါ၂ဘက်လုံးချိုးလိုက်ရင် ကုသိုလ်ပိုများပြီး ငါ့ ဆီမြန်မြန်ရောက်မှာ
နောက်ငါလဲ တန်ခိုးပိုကြီး တဲ့ နတ်ယောက်ျားလေးရရောဆိုပြီး
နောက်ခြေတဘက်ပါချိုးလိုက်ရော.....

ဟိုလူသေတောကုသိုလ်တွေက သိပ်များနေတောနတ်ဖြစ်တော့  ....
အဲဒီဲနတ်သမီးနေတဲ့အထပ်ကျော်ပြီး..... အပေါ်က နောက် အထပ်ကိုရောက်သွားရောတဲ့
အဲဒီနတ်သမီးလဲ အပျိုကြီးက အပျိုကြီးပဲတဲ့ ....


 
ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။

ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။


ဆရာမ - အင်း မေး။

ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။ တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။

ဆရာမ က ရှက်ရှက် နှင်.

ဆရာမ - အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။

ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။ ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။
 ~~ကွန်နက်ချင်လား . တူဖျားနေရယ်~~


ကောင်မလေး ။ ။ ဟိုင်း မောင်

ကောင်လေး ။ ။ ဟိုင်း ချစ်သဲ ( sending fail )

ကောင်မလေး ။ ။ မောင် အကြောင်းပြန်ဦးလေ

ကောင်လေး ။ ။ အင်း အကြောင်းပြန်နေတယ်လေ ( sending fail )

ကောင်မလေး ။ ။ မောင် ကျွန်မကို ဂရုမစိုက်တော့ဘူးလား ၊ အသစ်တွေ့လို့ပစ်ထားတဲ့သဘောလား

ကောင်လေး ။ ။ မဟုတ်ပါဘူးကွာ .. message ကမထွက်ဘူးထင်တယ် .. ကိုယ်ဖုန်းခေါ်လိုက်မယ်လေနော်
( sending fail )

ကောင်မလေး။ ။ တော်ပြီ .. ရှင် ကျွန်မကို ဘယ်တော့မှ စကားလာမပြောနဲ့ ရှင်နဲ့ကျွန်မ ပြတ်ပြီသာမှတ်

ကောင်လေး ။ ။ သေစမ်းကွာ .. ချီးထုတ်ပဲ ( message send )


ခွဲရခက်ပုံ

အများသုံးအိမ်သာအတွင်းမှ မကျေနပ်သံတခု ထွက်ပေါ်လာ၏။
" တောက်......အများသုံးအိမ်သာဆိုပြီး
  တော့ ရေလဲ မရှိဖူး။ .....ဒုက္ခပဲ စက္ကူ ကလဲပါမလာဖူး။ " ဟူ၍ ဖြစ်၏။
ထိုသူ၏ စိတ်ထဲတွင်လည်း......
ရှိတဲ့ ပိုက်ဆံ တွေက လည်း အရွက်ကြီးတွေချည်းပဲ။
ဘယ်နဲ့ လုပ်ရပါ့။ထို့နောက် ...ဖြတ်ကနဲ ..အကြံတခုပေါ်လာ၏။သို့နှင့်
" ဟိုဘက်ခန်းက အစ်ကိုကြီး...ခင်ဗျားမှာ စက္ကူ အပိုမပါဖူးလား။ပါရင် အပေါ်ကလှမ်းပေးပါဗျာ။..." ဟုကပ်လျက်အိမ်သာခန်းသို့ဆိုလေ၏။
တဘက်မှ ပြန်ပြောလိုက်တာက....." .ရှင်အိမ်သာမှားနေပီ....ဒါမိန်းမအိမ်သာမဟုတ်ဖူးလား....."
" ဗျာ .....မိန်းမအိမ်သာ။ ဟုတ်လား။သူတို့ က စာရေးမထားဖူး ။ ပုံပဲ ဆွဲထားတာ။ ခင်ဗျားမှားတာလား။ ကျနော်မှားတာလား။"
တဘက်မှ ....အံသြသံဖြင့်....
" ရှင်.....ယောက်ကျားအိမ်သာလား။ ကျမ ပုံကိုကြည့်တော့ ဂါဝန်ပုံ ထင်တာပဲ ရှင့် "ဟု ဆို၏။
" ကျနော်လဲသေချာကြည့်တာပဲဗျ။ အဲ...ဘောင်းဘီပုံ ဆိုပီး ၀င်လာတာပဲ။
..ကဲပါဗျာ.....ဘာပဲဖြစ်ဖြစ်ဗျာ။ ရောက်နေမှတော့ မထူးတော့ပါဖူး။
ဒါနဲ့ စက္ကူ အပိုပါရင် အပေါ်ကလှမ်းပါဦးဗျာ။ "
ထိုအခါ တဘက်ခန်းအိမ်သာမှ ပြန်ပြောလိုက်တာက....
" စက္ကူတော့ မပါဖူးရှင့် ။ဘောပင်တော့ပါတယ်။ ယူမလား ".......တဲ့

 

ကြောင်တာမဟုတ်ဘူး

 

ရထားတစ်စီးပေါ်တွင် ခရီးသည်တယောက်သည် လက်မှတ်စစ်မှ လာစစ်ရာ.....
သူ့လက်မှတ်ကိုဘောင်းဘီအိပ် ထဲရှာလိုက်.....အင်းကျီအိပ်ထဲရှာလိုက်.....ပိုက်ဆံအိတ် ထဲ ရှာလိုက်နှင့် ပျာယာခပ်လျက်ရှိသည်။
အမှန်မှာ ထိုလူသည် လက်မှတ်အား ပါးစပ်တွင်ကိုက်ကာ လိုက်ရှာနေသဖြင့် ကျန်ခရီးသည်များက သူ့ကိုကြည့်ပီး ရီ စရာဖြစ်နေကြ၏။
ထိုအခါ လက်မှတ်စစ်သည်ပြုံးလျက် သူ့ ပါးစပ်ထဲမှ လက်မှတ်ကို ဆွဲယူကာ ရေးမှတ်ပီး ပြန်ပေးလိုက်၏။
လက်မှတ်စစ်ထွက်သွားသောအခါ သူနှင့်အတူပါလာသော သူငယ်ချင်းက ထိုသို့ပြောလိုက်သည်။
" မင်းကွာ။တကယ်ကြောင်တဲ့ကောင်ပဲ။ လက်မှတ်ကို ပါးစပ်ထဲကိုက်ပီး လိုက်ရှာနေရတယ်လို့......"
ထိုအခါ ထိုသူ ပြန်ပြောလိုက်သည်မှာ........
" ဘာကွ။ ကြောင်တာမဟုတ်ဖူး။ငါက လက်မှတ်ပေါ်က ရက်စွဲ ကို ကြိတ်ပီး ၀ါးနေတာ......"....တဲ့

အလကားညှပ်ရမယ်ဆိုလို့

 

 လူတစ်ယောက်သည် ကလေးငယ်တစ်ယောက်နဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ ရောက်လာပြီးဆံပင်ညှပ်လေသည်။
ပထမဆုံး ထိုလူမှဆံပင်အညှပ်ခံလေ၏။ ဆံပင်ညှပ်ပီးသွားသောအခါ....... ဆံသဆရာအား ထိုသူမှ ပြောလိုက်သည်။

" ဒီကလေးကိုဆံပင်ညှပ်ပေးလိုက်ပါ။ ကျနော် ဟိုဘက်ခန်းက ဆိုင်မှာ တခုခု သွားသောက်လိုက်ဦးမယ် "
သို့နှင့် ဆံသဆရာလည်း ကလေးကိုဆံပင်ညှပ်ပေးလေ၏။
ထို့နောက် ဆံသ ဆရာသည် ထိုသူပြန်အလာကို စောင့်နေသည်။
ကြာလာသဖြင့် ကလေးငယ်ကို ဆံသ ဆရာမှမေးလိုက်၏။
" ဟေ့ .. မင်းအဖေက ဘယ်တွေလျှောက်သွားနေတာလဲကွ။ ကြာလိုက်တာ.."
ထိုအခါ ကလေးကပြန်ပြောလိုက်သည်မှာ.....
" ဟာ....သူက ကျနော့်အဖေ မဟုတ်ဖူး ...လမ်းမှာတွေ့တော့ သူက မင်းဆံပင် အလကားညှပ်ရမယ် လိုက်ခဲ့ ဆိုလို့ပါ...".ဟူ၍ ဖြစ်သည် ။

ကြောင်လိုဖြစ်သွားမယ်

ကိုဘမောင်ကား ဒေါသအရမ်းကြီးသူတစ်ဦးဖြစ်ပီး လက်မြန်သူလဲဖြစ်၏။အမှတ်သညာ လည်းကြီး၏။
တစ်ရက် ကိုဘမောင် ထံ မိတ်ဆွေများ အလည်လာရောက်၏။
ကိုဘမောင်က လက်နဲ့ အချက်ပြလိုက် သည်နှင့် မိန်းမ နှင့် ယောက္ခမ သည် ဧည့်သည်များအား
ထမင်းကျွှေးရန်ပြင်ဆင်သည်။
ထမင်းစားပွဲပေါ်တွင် အရက်ပုလင်းနှင့် ဖန်ခွက်များ ချသည်။ စီးကရက် တည်သည်။

ထိုအခါ မိတ်ဆွေများက ကိုဘမောင်ကိုမေး၏။
" ပိုင်လှချည်လားဗျ၊မိန်းမ နဲ့ ယောက္ခမ ကို ခင်ဗျား ဘယ်လိုစည်းရုံးထားလဲဗျ "
ကိုဘမောင်ပြန်လည်ရှင်းပြပုံမှာ
" တနေ့ ကျနော် ဗူးသီးကြော်စားနေတယ်၊ကြောင်က စားပွဲပေါ်တက်လာပီး ဘူးသီးကျော်တစ်ခုကို
ဆွဲပီးပြေးတယ်။
ကျနော် သူက ကို သတိပေးလိုက်တယ်။ဒီကောင် ဒုတိယ တခါ လာ ယူပြန်တယ်။ ကျနော် သူ့ကို
ဒုတိယ အကြိမ် ထပ်သတိပေးလိုက်တယ်။
ဒါတောင် တတိယ အကြိမ်လာ ယူပြန်တယ်။ကျနော်လဲတတိယ အကြိမ် ထပ်သတိပေးတယ်။
စတုတ္ထအကြိမ် လာယူ တဲ့ အခါ ကျတော့ ကျနော် ဒီကောင့် ကို အမြီးကနေဆွဲပီးပြတင်းပေါက်ကနေ
လွှင့်ပစ်လိုက်တယ်....
ကျနော်တို့နေတာက ၁၃- ထပ်မှာလေ....."

ထိုအခါ မိတ်ဆွေများမှ....
" မိန်းမ နဲ့ ယောက္ခမ ကျိုးနွံတာ ကိုပြောတာလေဗျာ.....ကြောင်နဲ့ဘာဆိုင်လို့လဲဗျ...ကိုဘမောင် "

ဤတွင် ကိုဘမောင်ထပ်ရှင်းပြလိုက်ပုံက....
" ဆိုင်ပါသော်ကော၊မိန်းမက သတိပေးခံရတာ နှစ်ခါရှိပီ။ ယောက္ခမကတော့ သုံးကြိမ်ရှိပီ....."..တဲ့


 

 

 

 


Share

1 comment:

Anonymous said...

အရမ်းရယ်ရပါတယ်