page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, June 10, 2012

"စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးထားပါ..."

ZOLZOL | 12:58 AM |
ZOLZOL | 12:58 AM |




Best Blogger Tips
Share



တစ်ခါတုန်းက ပညာရှိကြီးတစ်ယောက်ဟာ မီးရထားနဲ့ခရီးသွားပါတယ်။
အဲဒီပညာရှိရဲ့အနားမှာ လူငယ်တစ်ယောက်ဟာ ငေးငေးမှိုင်မှိုင်နဲ့ထိုင်ပြီး
ရထားရဲ့ပြူတင်ပေါက်ကနေ အပြင်ကို ငေးနေပါတယ်။
ဒီတော့ ပညာရှိကြီးဟာ လူငယ်ကို မေးလိုက်ပါတယ်။
“ဘယ်ကို သွားမလို့လဲ” ပေါ့။
လူငယ်က ပြန်ဖြေပါတယ်။
“ မြို့တက်ပြီး အလုပ်သွားလုပ်မလို့ပါ”
“ဒီလိုဆို တောမှာ အလုပ်မရှိလို့လား” လို့ ပညာရှိက မေးလိုက်ပါတယ်။
“ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်က လယ်ဧက ငါးဧကလောက်လိုချင်လို့ပါ။ 
အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ မြို့တက်ပြီး ငွေသွားရှာမလို့ပါ”
လို့ပြန်ပြောလိုက်ပါတယ်။
ဒီတော့ ပညာရှိကြီးကပြန်ပြောလိုက်တာက
“လူကလေးရယ်။
 စိတ်ကူးဆိုတာ ငွေပေးရတာမှတ်လို့၊
ဘာကြောင့် လယ်ဧက ငါးဧကလောက် စိတ်ကူးရသလဲ
ကူးမှကူးလည်း လယ်ဧက ငါးရာကို 
ငါတစ်နေ့ပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်ကူးမျိုး
ကူးပါတော့လားကွယ်”တဲ့။
+++++++++++++++++++++++++++
အဲဒီပညာရှိကြီးဟာ လူပေါင်းသန်း၂၀၀ကျော်ရဲ့ဘဝတွေကို 
ကျွန်ဘဝက လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့
မဟတ္တမ ဂန္ဒီ ဖြစ်ပါတယ်။
ဂန္ဒီပြောလိုတာက 
စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးမားမား ထားဖို့ပါ။
စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးထားပြီး 
မေတ္တာအခြေခံနဲ့အလုပ်ကို ကြိုးစားလုပ်ဖို့
သူ့ဘဝတစ်လျှောက်လုံး သက်သေပြသွားခဲ့ပါတယ်။ 
လူကြီးမင်းကိုလည်း လယ်ကွင်းတွေ တွေ့လေတိုင်း
ဂန္ဒီ ပြောခဲ့တဲ့စကားကို အမှတ်ရနေစေချင်ပါတယ်။


Share

No comments: