page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, May 3, 2012

အိပ်ချင်ပြေလေး .......

ညချစ်သူ | 2:25 AM |
ညချစ်သူ | 2:25 AM |




Best Blogger Tips
Share
မထင်ပါနဲ့
ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး
လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း
ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ
သတ္တိရှိရှိ ကျုပ်ကို ရင်ဆိုင်စမ်းပါတဲ့ ... ......

မရှိပါ
ဆရာဝန်တစ်ဦးကစားသောက်ဆိုင်တစ်
ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုးတင်ပါးကို ကုတ်နေတာ တွေ့လို့ မေးလိုက်တယ်။
"လိပ်ခေါင်းရှိသလား!"
ထိုအခါ စားပွဲထိုးလေးပြန်ဖြေလိုက်တာက ... ... 
"မီနူးထဲမှာ ရှိတာပဲ မှာပါ "  ဟူသတည်း ... ...

ပြားသွားပြီ
ပီတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကြီးမှာ ကော်ဇောခင်းပေးနေပါတယ်။
အားလုံးပြီးစီးတဲ့ အချိန်မှာဆေးလိပ်သောက်မယ်ဆိုပြီး  ကြည့်တော့သူ့ ဆေးလိပ်ဘူးကို ရှာမတွေ့တော့ပါဘူး။
ဒါနဲ့ လိုက်ရှာ ကြည့်တဲ့အခါ ကော်ဇောရဲ့အလယ်လောက်မှာ ဖုနေတာကို တွေ့လိုက်ရပါတယ်......
ကော်ဇောကို အစအဆုံးပြန် မယူဖို့ မဖြစ်နိုင်တာနဲ့..... ဖုနေတဲ့နေရာကို ပြားသွားအောင် ပီတာက တူနဲ့ ထုချလိုက်ပါတယ်...
သူအလုပ်ပြီးသွားချိန်မှာ အိမ်ရှင်က ထွက်လာပြီ ပြောတာက...
" ပီတာရေ... မင်းစီးကရက်ဘူး ဒီမှာ ကျန်နေခဲ့တယ်။ ဒါနဲ့ ငါမွေးထားတဲ့.... ဟမ်းစတားလေးများ တွေ့မိသေးလား" တဲ့။

ဒီလိုပြောပါတယ်......
မူလတန်းကျောင်း တစ်ကျောင်းမှာ ဆရာမက ကျောင်းသားတွေကို စက်ပစ္စည်းတစ်ခုခု ယူခိုင်းခဲ့ပြီး အဲဒီပစ္စည်းရဲ့ အသုံးဝင်ပုံကို ရှင်းပြခိုင်းပါတယ်။
ကျောင်းသားတစ်ယောက်က ကက်ဆက်တစ်လုံးကို ယူလာပြီး......
"ဒီကက်ဆက်က သီချင်းနားထောင်လို့ ရပါတယ်"....လို့ ပြောပြပါတယ်..........
နောက်တစ်ယောက်ကလည်း .........
သံဘူးတွေဖွင့်တဲ့ စက်ယူလာပြီး
"ဒါက သံဘူးတွေကို ဖွင့်တာပါလို့ "ဆိုပါတယ်........
ဒါနဲ့ ဂျွန်နီအလှည့်ရောက်တော့ လက်ထဲမှာ ဘာမှ ပါမလာတဲ့ ဂျွန်နီလေးကို ဆရာမက
 "ဘာမှ ပါမလာဘူးလား" ဆိုတော့......
သူက အတန်းနောက်မှာ ထားတဲ့ နှလုံးခုံစက်ကို ယူပြပြီ......
"ဒါက နှလုံးခုံစက်ပါ...... ဆေးရုံမှာ လူနာတွေ နှလုံးကို ဆက်ပြီး အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်"လို့ ဆိုပါတယ်.....
ဆရာမကလဲ အထင်ကြီးစွာနဲ့......
"မင်းဒီစက်ယူလာတော့ မင်းအဖေက ဘာမှ မပြောဘူးလား "လို့ မေးတော့. ဂျွန်နီလေး ပြန်ဖြေတာက
"အားးးးးးးးးးးးးးးးးးးးး" တဲ့........

သူငယ်ချင်းတစ်ယောက်ထံမှ ရသော foward မေးလ်လေးပါ.........မူရင်းအတိုင်းမပြောင်းလဲဘဲတင်ပေးလိုက်တာပါ
Share

1 comment:

ချစ်စံအိမ် said...

ဖတ်ခဲ့ပါတယ်