page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, May 16, 2012

မိတ်ဆွေကောင်းအပေါ် တန်ဖိုးထားပါ ။

ညချစ်သူ | 12:35 AM |
ညချစ်သူ | 12:35 AM |




Best Blogger Tips
Share


ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အ
ဖေက ကောင်လေးကိုအိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီ ပြောပါတော့တယ်။မင်းတစ်ခါစိတ်တိုတိုင်းသံ တစ်ချောင်း
ကို နောက်ဖေးက၀င်းထရံတိုင်မှာသွားရိုက်ချေကွတဲ့။အဖေကအဲ့ဒီလိုပြောပြီးသံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ
ကောင်လေးဟာ ၀င်းထရံတိုင်မှာသံပေါင်း၃၇ချောင်း ရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တို တိုင်းသံလေး
တွေကို ၀င်းထရံမှာရိုက်ရင်းရိုက်ရင်း ကောင်လေးဟာသူစိတ်သူထိန်းနိုင်လာသတဲ့။


သံရိုက်ချက်တွေဟာလည်းတစ်နေ့ထက်တစ်နေ့ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာဝင်းထရံမှာသံပြေးရိုက်
တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။ အဆုံးမှာ
ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွား
ပို့တယ်.. အဖေရေ..သားတော့စိတ်ကို ထိန်းနိုင်သွားပြီဗျ။



အဲ့ဒီလိုကျတော့ သူအဖေကတစ်မျိုးခိုင်းပြန်ရော..မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီ ဆို
တာနဲ့ အဲ့ဒီသံတွေကိုပြန်နှုတ်ဦးကွာ။ တစ်နေ့ထိန်း နိုင်ရင်ညအိပ်ခါနီးတစ်ချောင်းနှုန်းနဲ့နှုတ်နော်လို့ မှာလိုက်
တဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကိုပြောနိုင်သွားတယ်။ အဖေရေ..သားရိုက်ခဲ့တဲ့ သံတွေ
အားလုံးကို နှုတ်ပြီးသွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။အဲ့သည် အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး
သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကိုခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။


ဒါပေမယ့်သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှအပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေကအရင်
တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူးဆိုတာ သားမြင်တယ်မဟုတ်လား။ အေး...သားကစိတ်တိုတိုနဲ့
ပါးစပ်ကပြောချလိုက်တဲ့ အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာအခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့ တတ်
တယ်သားရယ်။ အဲ့ဒီလိုပဲ လူတစ်ယောက်ကိုသားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်
တယ်ဆိုပါစို့။


သားဘယ်နှစ်ခါပဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။


တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာငါတို့တွေကို ပျော်ရွှင်
ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်းမျှဝေခံစားကြတယ်။
ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆိုစိတ်လိုက်မာန်ပါ မလုပ်နဲ့
သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။

ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်ကဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်းသူတို့ရဲ့မိတ်ဆွေတွေ
အပေါ်ဂရုစိုက်လာအောင် လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်းမိတ်
ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကိုလက်ဆင့်ကမ်းပါ။



ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။



ရေးတဲ့သူက = ဆရာအတ္တကျော်ပါ။
   
 
.......................................................................


ဒီလို လူ(၁၀)မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ


၁။ ကိုယ်တကယ်ချစ်တဲ့လူကိုတွေ့ခဲ့ရင် သူနဲ့အတူတူဘဝတစ်လျှောက်လုံးလက်တွဲသွားဖို့ အခွင့်အရေးရအောင် ကြိုးစားပါ
ဘာဖြစ်လို့လဲဆိုတော့ သူထွက်သွားတဲ့အခါ အရာအားလုံး နောက်ကျသွားပါလိမ့်မယ်

၂။ ကိုယ်တကယ်ယုံကြည်ရတဲ့ သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့ အဆင်ပြေပြေ ကောင်းကောင်းမွန်မွန် ဆက်ဆံသွားပါ
ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ သူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ

၃။ ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း ကျေးဇူးတင်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ဘဝရဲ့ အလှည့်အပြောင်းလေး ဖြစ်ခဲ့လို့ပဲ

၎။ ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကို အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ

၅။ ကိုယ် တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့ သူ့ကို နှုတ်ဆက်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့် ကိုယ်က ပိုပြီး သတ္တိရှိလာခဲ့တယ်

၆။ ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူနဲ့ အေးအေးဆေးဆေး စကားစမြည်းပြောလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်း လောကအကြောင်းသိလာမှာ မဟုတ်ဘူးလေ

၇။ ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို "ပျော်ရွှင်ပါစေ" ဆိုပြီး ဆုတောင်းပေးလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ ကိုယ် သူ့ကို တိတ်တခိုးချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုဘဲ လိုလားခဲ့တာ မဟုတ်လား

၈။ ကိုယ့်ဘဝထဲကနေ ထွက်သွားခဲ့တဲ့သူကို တွေ့ခဲ့ရင် သူ ကိုယ့်ဘဝထဲ ဝင်ခဲ့တာကို ကျေးဇူးတင်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်လေ

၉။ ကိုယ့်ကို တစ်ချိန်တုန်းက အထင်လွဲခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် အချိန်မီ ဖြေရှင်းချက်ပေးလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင် ဖြေရှင်းဖို့ အခွင့်အရေးက တစ်ခါပဲ ရှိနိုင်လို့ပါ

၁၀။ ယခု ကိုယ်နဲ့ ဘဝတလျှောက်လုံး လက်တွဲသွားမဲ့သူကို တွေ့ရင် သူကိုယ့်ကို ချစ်တာ/ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ယောက်လုံး ပျော်ရွှင်မှုနဲ့ အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ







သူငယ်ချင်းအားလုံး ကျန်းမာရွှင်လန်းစွာဖြင့် မိတ်ဆွေ ၊ သူငယ်ချင်း များနဲ့ အတူ
သာယာကြည်နုးဖွယ် ဘ၀လေးကို တည်ဆောက်နိုင်ပါစေလို့  ဆန္ဒပြုလျှက်။။။။။။။။။။။။။။။

ညချစ်သူ

မှီးငြမ်း။။။
ORIGINAL>> https://www.facebook.com/note.php?note_id=219779784741658

ဆရာအတ္တကျော်။။ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်

Share

No comments: