page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 15, 2012

အရွယ်တင်နုပျိုရေး အတွက် တွေ့ရှိချက်များ

ZOLZOL | 11:05 PM |
ZOLZOL | 11:05 PM |




Best Blogger Tips
Share
by Health Articles on Tuesday, May 15, 2012 at 11:09am ·
 
 



အသက် ရှည်ခြင်း နဲ့ ပတ်သက်ပြီး သုတေသီ တွေ ရဲ့ နောက်ဆုံး ပြုလုပ် ထားတဲ့ လေ့လာမှုအရ အသက် အရွယ်ကြီး ရင့်လာ တာ ကို နှေးကွေးအောင် နဲ့မဖြစ် အောင် ပြုလုပ်နိုင် တယ်လို့ သိရပါတယ်။ အရွယ်တင် နုပျိုခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာ ရှင်တွေ အသစ် တွေ့ရှိ ထားတဲ့ အကြောင်းအရာတွေကို ဖော်ပြပေး လိုက်ပါတယ်။


၁။ နှလုံးကို ကာကွယ်ဖို့ မက္ကစီကမ်လိုမျိုး စားသောက်ပါ ပဲနဲ့ ငရုတ်သီးစိမ်းတွေ အများစုပါဝင်တဲ့ မက္ကစီ ကမ်အစားအစာဟာ နှလုံးကို ကာကွယ်နိုင် ပါတယ်။ ငရုတ်သီးစိမ်းမှာ တခြားအစားအစာတွေထက် ဗီတာ မင်စီ ပိုမိုပါဝင်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ သုတေသနပြုလုပ်ချက်အရ ဗီတာမင်စီဟာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် သွေးဖိ အားကို ကျဆင်းစေနိုင်ပြီး နှလုံးဆဲလ်တွေကို တိုက်ခိုက် တဲ့ ဒြပ်ပေါင်းတွေကို တွန်းထုတ်နိုင်ပါတယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ သင်ရဲ့ခန္ဓာကိုယ်ဟာ ဗီတာမင်စီကို အား ဖြည့်ဆေးမှထက် အစားအစာမှ ပိုမိုပြီးစုပ်ယူနိုင်တာ ကြောင့် ဗီတာမင်စီ ပါဝင်မှုများတဲ့ အချဉ်အရသာရှိ တဲ့ သစ်သီး၊ ငရုတ်သီးနဲ့ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေကို နေ့စဉ် သုံးကြိမ်ခန့် စားပေးပါ။
Tip- နှလုံးရောဂါမျိုးရိုး လိုက်မှာကို စိုးရိမ်နေ ပါသလား သင့်မိသားစုရာဇဝင်မှာ နှလုံးနဲ့ ပတ်သက်ပြီး ပြဿနာရှိနေရင် သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေ ကို အစိမ်းလိုက်များများစားပါလို့ ကနေဒါမှ သုတေ သန ပြုလုပ်ချက်အသစ်အရ သိရပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို မချက်ပြုတ်ဘဲ အစိမ်းအတိုင်း စားတာဟာ မကျန်းမာတဲ့ နှလုံးရောဂါ မျိုးရိုးဗီဇဂျင်း တွေကို ဖယ်ရှားနိုင်တယ်လို့ ဆိုပါတယ်။
 ဆဲလ်တွေကို ကာ ကွယ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများ အပြားရရှိသွားတာကြောင့်ပါ။

၂။ အမြင်အာရုံကို ကာကွယ်နိုင်ဖို့ နွားနို့သောက်ပါ ဗီတာမင်ဒီ အဆင့်မြင့်မားစွာရှိတဲ့ အမျိုးသမီး တွေဟာ ဘဝတစ်သက်တာ အမြင်ကြည်လင်ပြီး အမြင် အာရုံသန်မာနိုင်ပါတယ်လို့ မျက်စိနဲ့ပတ်သက်တဲ့ ဂျာနယ်မှ ဖော်ပြထားပါတယ်။ သင်ဟာ မျက်မှန်တပ် ဆင်ထားရတဲ့သူဖြစ်နေရင်တောင် ဗီတာမင်ဒီများများ ရရှိတာကြောင့် အမြင်အာရုံပိုမိုမဆိုးရွားလာအောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အစားအသောက်မှ ဗီတာမင်ဒီကို နေ့စဉ် ၆၀ဝ ရရှိအောင်ယူပါ။ နွားနို့၊ ဒိန်ချဉ်၊ မာဂျရင်းနဲ့ အားဖြည့်ထားတဲ့ ကွေကာတွေ စားသုံးနိုင်ပါတယ်။

၃။ ဦးနှောက်လုပ်ဆောင်ချက်ကောင်းဖို့ စီဒီနား ထောင်ပါ သီချင်းအေးအေးတွေ နားထောင်တာ၊ ယောဂ ကျင့်စဉ်လုပ်တာ ဒါမှမဟုတ် လမ်းများ များလျှောက် တာတွေ လို စိတ်ဖိစီးမှုလျှော့ ချနိုင်တဲ့ အရာတွေကို ပြလုပ်တာကြောင့် ဦးနှောက်နုပျိုပြီး ဥာဏ်ရည်ထက် မြက်လာနိုင်တယ်လို့ ဂျာမန် က သုတေသီတွေက ဆို ပါတယ်။ သင်ရဲ့ခန္ဓာကိုယ်ဟာ စိတ်ဖိစီးမှုတွေ ကင်း နေရင် ဦးနှောက်တွင်းမှ အာရုံကြောဆဲလ်တွေဟာ လည်း နုပျိုပြီး အသက်ရှည်နိုင်တယ်လို့ လေ့လာမှု ပြုသူက ဆိုပါတယ်။
Tip -စပျစ်သီးအစေ့အနှစ် စားပါ သူ့မှာပါဝင်တဲ့ များစွာသော Polyphenols တွေဟာ ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုမှ ကာကွယ်နိုင် တယ်လို့ ဆိုပါတယ်။

၎။ အရိုးသန်မာဖို့ ဆီးသီးခြောက် စားပါ Rochester ဆေးတက္ကသိုလ်မှ သုတေသီတွေ က အရိုးသန်မာနိုင်တဲ့ နည်းလမ်းသစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ အဲဒါကတော့ နေ့စဉ် ဆီးသီးခြောက် ငါးလုံး စားဖို့ပါ။ ဆီးသီးခြောက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက အရိုးဆဲလ်တွေ ပြိုကွဲမှုမရှိ အောင် ကာကွယ်နိုင်တဲ့အပြင် ဆဲလ်အသစ်ထုတ်လုပ် မှုကိုလည်း အားပေးတာကြောင့်လို့ ဆိုပါတယ်။
Tip - လက်ဖက်ရည်ကြမ်း (Green Tea)ဟာ လည်းအရိုးကိုသန်မာစေနိုင်ပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သုံးခွက်မှ ငါးခွက် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ လက်ဖက်ရည် ကြမ်း မသောက်သူတွေထက် အရိုးသိပ်သည်းဆ ပို မိုမြင့်မားကြောင်း သိရပါတယ်။ လက်ဖက်ခြောက်မှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေဟာ အရိုးဆဲလ်အသစ်တွေ ကြီးထွားဖို့ ကူညီနိုင်လို့ပါ။

၅။ စွမ်းအင်ပြန်လည်ရရှိအောင် ဝါသနာပါရာ အလုပ်ကိုလုပ်ပါ မိမိဝါသနာပါရာ ရုပ်ရှင်ကြည့်တာ၊ ကပွဲသွား တာ ဒါမှမဟုတ် ဘိုးလင်းကစား တာတွေကို ပုံမှန်ပြု လုပ်သူတွေဟာ စွမ်းအင်ရရှိမှု ၂၀ဝ ရာခိုင်နှုန်း ပိုတယ် လို့ Rushဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ ပျော်ရွှင်မှုရ တာကြောင့် ဦးနှောက်ရဲ့ ဏူနျေကမန ဌာနရဲ့ လုပ်ဆောင်ချက်တွေကို လှုံ့ဆော်လိုက် ကာ ခန္ဓာကိုယ် မှ ပျော်ရွှင်တက်ြွက တဲ့ဟော်မုန်းတွေ အများအပြားထွက်လာပါတယ်။

Tip- ပန်းသီးဟာလည်း စွမ်းအင်ကို ပြန်လည် မြှင့်တင်ပေးနိုင်ပါတယ် ပန်းသီးအခွံမှာ ပါဝင်တဲ့ များစွာသော Quercetin တွေဟာ အဆုတ် အတွင်း အောက်ဆီ ဂျင်တွေကို ပိုမိုရရှိစေပါတယ်။ ပန်းသီးစားသုံးတဲ့ စက်ဘီးစီးသမား တွေဟာ ပန်းသီးမစားသူတွေထက် မမောမပန်းဘဲ စက်ဘီးကို ဝေးဝေးစီးနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တ်တာခင်မိုးမိုး
Ref: Good Health
Source: http://yoyarlay.com/health/health/article/25952-2012-05-11-06-45-21 Share

1 comment:

ချစ်စံအိမ် said...

ဖတ်သွားပါတယ် အကိုေ၇