page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, May 14, 2012

မိတ်ဆွေကောင်း

ZOLZOL | 12:32 AM |
ZOLZOL | 12:32 AM |




Best Blogger Tips
Share


လောကကြီးမှာ မိတ်ဆွေကောင်းရှိဖို့အရေးကြီးတယ်လို့ ပြောတတ်ကြပါတယ် တကယ့်တကယ်ကြတော့ 
အပြောရတော့ လွယ်ပါတယ်. . .မိတ်ဆွေကောင်းရဖို့တော့
မလွယ်ပါဘူး . . . . 
 
လက်တွေ့ဘ၀မှာ ကြုံတွေ့နေရတာတွေက မိတ်ဆွေတုတွေပဲ များပါတယ်. . . . . မိတ်ဆွေတုဆို တာကလည်း အမျိုးမျိုးရှိပါတယ် ဒီထဲမှာမှ လေ့လာ စမ်းစစ်ကြည့်လိုက်တော့ 
အုပ်စုလေးမျိုးကွဲပြားသွားပါတယ်..

ပထမအမျိုးအစား 
မိတ်ဆွေတု မျိုးကတော့

ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေ

ဒီလိုမိတ်ဆွေမျိုးကတော့ မကောင်းတဲ့အကျင့်(၄) မျိုးလောက်ရှိတတ်ပါတယ် 
ဘယ်လိုအကျင့်တွေလည်း ဆိုတော့ . .

၁။ငွေကြေးအကူအညီ၊ လုပ်အား အကူအညီ စသည်ဖြင့် . . .သူ့ဘက်က အကူအညီပေးတယ် မရှိပါဘူး . . ကိုယ့်ဆီက ရရင်ယူမယ်. . . ရသမျှ ယူမယ်ဆိုတဲ့ အကျင့်ရှိတယ်.

၂။ ကူညီရင်လည်း နည်းနည်းပဲ . . သူ့အလှည့်ရောက်တဲ့အခါ ကိုယ့်ဆီက ယူတဲ့ အကူအညီကျတော့ အများကြီး ၊ အများကြီး ပိုယူရမှ ကျေနပ်တဲ့ သဘောထားရှိတယ်. . အကျင့်ရှိတယ်. . .

၃။ ကူညီတယ်ဆိုရာမှာလည်း ဒီလိုမကူညီရင် သူအကြီးအကျယ်ဒုက္ခရောက်မှာ ဆိုးလို့ ကြောက်လန့်ပြီးကူညီတာပါ . . စေတနာကောင်းနဲ့ ကူညီတာမျိုးမဟုတ်ပဲ. . .မလွှဲမရှောင်သာလို့ ကူညီတာပါ. .

၎။ ကိုယ့်ကို လာပြီးပေါင်းသင်းတာဟာ ကိုယ့်ကို ချစ်လို့ ခင်လို့ မဟုတ်ပါဘူး . . . သူ့အတွက် အကျိုးရှိမှာ မို့လို့သာ လာပေါင်းတာပါ. . . သူ့အတ္တအကျိုးပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့ လူမျိုးတွေပါ. . .

ဒီလိုလူစားမျိုးတွေဟာ ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေမှာရှိတဲ့ မကောင်းကျင့်တွေပါ. .

ဒုတိယ မိတ်ဆွေအမျိုးအစားကတော့
ကူညီမှုမှာ လက်မပါ ၊ ပါးစပ်သာ ပါတဲ့ မိတ်ဆွေ

(၁) အတိတ်နဲ့ လောကွတ်ပြုတတ်တယ်. .

ဆိုလိုတာက . . . ကိုယ့်မှာ အခက်အခဲကြုံလို့ ခေတ္တပေးပါ. . ၊ ချေးငှားပါ. . အကူအညီပေးပါ. .. စသည်ဖြင့်ပေါ့ အကူအညီလိုလို့ တောင်းတဲ့အခါ အဲဒီ မိတ်ဆွေမျိုးက ဘာပြန်ပြောတတ်သလဲ ဆိုတော့ "ကူညီနိုင်တုန်းကတော့ မလာဘူး . . ခုမှ လာတော့ မကူညီနိုင်ဖြစ်နေတယ်. . . .၀မ်းနည်းပါတယ် အရင်တုန်းက သာဆို ဒီအကူအညီမျိုး ပေးနိုင်တာပေါ့ . စသည်ဖြင့် " အတိတ်လောကွတ်နဲ့သာ လောကွတ်စကား ပြောနိုင်ပါတယ်. . . လက်တွေ့ကတော့ ဘာမှ မကူညီဘူး . . .

(၂) အနာဂတ်နဲ့လောကွတ်ပြုတတ်တယ်

ကိုယ်က အကူအညီတောင်းတယ်. . . ဒါကို သူပေးနိုင်တယ်. . ဒါပေမယ့် မပေးချင်ဘူး ဒီအခါမှာ "မရှိခိုက်၊ မကူညီနိုင်ခိုက်နဲ့ အခုကြုံနေလို့ ၊ စိတ်မကောင်းပါဘူး နောင်ကျရင် လာခဲ့ပါ ကူညီနိုင်မှာပါလို့ လောကွတ်စကား ပြောတတ်ပါတယ်. . "နောက်တစ်ခါ တကယ် အကူအညီလိုရင်လည်း ဒီလိုပဲ ပြောပြီး ရှောင်ဦးမှာပါ. .

(၃)အချည်းအနှီးစကားတွေနဲ့ လောကွတ်ပြုတတ်တယ်. . .

အကူအညီမလိုမှန်းသိနေတဲ့ အခါ ကိုယ့်မှ ပြည့်စုံမှု ၊ အဆင်ပြေမှုတွေ ရှိနေတဲ့အခါမှာ အဲဒီမိတ်ဆွေမျိုးက "အကူအညီလိုရင်တောင် တောင်းနော် ကူညီပါ့မယ် " စသည်ဖြင့် ပြောတတ်ပါတယ်. . . တကယ်တမ်း လိုအပ်ရင်တော့ မကူညီပါဘူး

(၄) ပျက်စီးမှုကိုပြပြီး ရှောင်တတ်တယ်

တကယ်အကူအညီတောင်းတဲ့ အခါမှာ "လုပ်ငန်းတွေ အရှူံးပေါ်သွားလို့ ခုတော့ မကူညီနိုင်တာ ခွင့်လွှတ်ပါလို့ စသည်ဖြင့် အဆင်မပြေမှု ၊ ဆုံးရှုံးပျက်စီးတာတွေကို အကြောင်းပြပြီး အကူအညီပေးဖို့ ရှောင်တတ်တဲ့ မိတ်ဆွေမျိုးပါ. . "

တတိယ မိတ်ဆွေ အမျိုးအစား

ရှေ့တွင် ချစ်ချင်ယောင်ပြုပြီး အလိုက်သင့် ပေါင်းတတ်တဲ့ မိတ်ဆွေ

(၁) မကောင်းတဲ့ အလုပ်မျိုး၊ အပြုအမူမျိုးကို ကိုယ်က ပြုလုပ်ချင်တယ်ပြောရင် ဒီမိတ်ဆွေမျိုး က ကိုယ့်အကြိုက်လိုက်ပြီး "လုပ်သာလုပ်၊ ပြုသာပြု " လို့ ပြောတတ်တယ်

(၂) ကိုယ်က ကောင်းတာ လုပ်မယ်ပြောတော့လည်း "လုပ်သာလုပ်လို့" အကြိုက်ကို ပြောတတ်တယ်.

(၃) သူများရှေ့မှာ ကိုယ့်ရှေ့မှာ တော်ကြောင်း ၊ ကောင်းကြောင်း မြှောက်ပင့်ပြောတတ်တယ်. . . ဒါပေမယ့်

(၄) ကွယ်ရာကိုလည်းရောက်ရော . . ကိုယ့်မကောင်းကြောင်းကို အားရပါးရ ပြောတတ်တဲ့ မိတ်ဆွေမျိုး ဖြစ်ပါတယ်.

စတုတ္ထမိတ်ဆွေအမျိုးအစား

(၁) မူးယစ်စေတတ်တဲ့ အရာတွေကို သုံးစွဲစားသောက်ခြင်းမှာ သဘောတူ လိုက်လျော ပေါင်းဖော်တတ်တယ်

(၂) ညအချိန် လေလွင့် လမ်းသလားမှုမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

(၃) သဘင်ပွဲလမ်း၊ အပျော်အပါး လိုက်စားမှုမျိုးမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

(၄) လောင်းကစားမှုတွေမှာ စိတ်တူကိုယ်တူ ၊ လုပ်ဖော် ကိုင်ဖက်အဖြစ် ပေါင်းဖော်တတ်တယ်.

အများအားဖြင်း တော့ အဲဒီအကျင့်ဆိုး ၊ သဘောထားဆိုးတွေရှိတဲ့ မိတ်ဆွေတု (၄) မျိုးနဲ့ပဲ ကျွန်မတို့ ဘ၀ခရီးမှာ ကြုံတွေ့တတ်ပါတယ်. . . ကိုယ် ကြုံတွေ့ ဆက်ဆံ့ ခဲ့သူက မိတ်ကောင်း ဆွေကောင်းဆို တော်ပါ သေးတယ်. . . . . မိတ်ဆွေကောင်း အဖြစ် အဖော်ကောင်း အဖြစ် ဟန်ဆောင် ကောင်းတဲ့ လူတွေ လူ့လောကမှာ အများကြီးပါ. . . . . ဒါကြောင့် လူမှုဆက်ဆံရေးမှာ သတိကောင်း သူများ ဖြစ်ပါစေလို့. . . . .
 
Rupa Singi
 
 
Share

1 comment:

ချစ်စံအိမ် said...

ဖတ်သွားပါတယ်ရှင့်