page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, April 29, 2012

သီချင်းခံစားမှု - Waiting Outside The Lines - Greyson Chance

ညချစ်သူ | 12:51 AM |
ညချစ်သူ | 12:51 AM |




Best Blogger Tips
Share

သီချင်းခံစားမှု - Waiting Outside The Lines - Greyson ChanceSaturday, April 28, 2012 12:02 PM

 ခုတလော ဆယ်ကျော်သက်တွေကြားမှာရော You Tube နဲ့ ဖေ့စ်ဘွတ်စ်တွေ ပေါ်မှာပါ ရေပန်းစား လူသိများနေတဲ့ ပါရမီရှင်လေးကတော့ အသက် ၁၂ နှစ်အရွယ်လေးနဲ့ အဆိုတော်ဖြစ်လာတဲ့ အမေရိကန် ပေါ့(ပ်)၊ ရော့(ခ်)အဆိုတော် ဂရေဆန် ချန့်(စ်)ပဲ ဖြစ်ပါတယ်။ အမည်ရင်း ဂရေဆန် မိုက်ကယ်ချန့်(စ်)ကို ၁၉၉၇ ခုနှစ် ၊ သြဂုတ်လ (၁၆) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ် ၀ီချီတာဖော(စ်)မှာ မွေးဖွားခဲ့ပြီး အခုသူဟာ အသက် ၁၄ နှစ်ရှိပြီ ဖြစ်ပါတယ်။


ချန့်(စ်)ဟာ လေဒီဂါဂါရဲ့ Paparazzi သီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်မှာ စန္ဒယားတီးသူအဖြစ် ပါဝင်ဖျော်ဖြေခဲ့တဲ့နောက်ပိုင်း တဖြည်းဖြည်း လူသိများလာခဲ့ပါတယ်။ ခုချိန်မှာတော့ ယူကျု့ဝက်(ဘ်)ဆိုက်မှာ သူ့ရဲ့သီချင်းတွေကို ကြည့်ရှုသူပေါင်းဟာ ၄၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သူဆိုခဲ့တဲ့ သီချင်းတွေထဲက "Stars" နှင့် " Broken Hearts" ဆိုတဲ့သီချင်းတွေဟာ ၀က်ဘ်ဆိုက်မှာ ကြည့်ရှုသူပေါင်း ၅ သန်း နဲ့ ၇ သန်းစီ အသီးသီး ရှိနေခဲ့ပြီး Unfriend You သီချင်းကတော့ ကြည့်ရှုသူ ၁၀ သန်းနီးပါး ရှိနေပါတယ်။

ချန့်(စ်)ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ "Waiting Outside The Lines" ကို ၂၀၁၀ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်ထဲမှာတော့ " Hold On' Til the Night" ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထပ်မံဖြန်ချိခဲ့တာပါတယ်။  ချန့်(စ်)ဟာ စကော့နဲ့ လီဆာချန့်(စ်)တို့ရဲ့ သားအငယ်ဆုံးဖြစ်ပြီး သူ့ရဲ့ အသက် (၁၈) နှစ်အရွယ် အစ်မ အဲလက်ဇာ၊ အသက် (၂၀) နှစ်အရွယ် အစ်ကိုဖြစ်သူ တန်နာတို့နဲ့အတူ အိုကလားဟိုးမားပြည်နယ်၊ အက်မွန်မြို့လေးမှာ နေထိုင်လျက်ရှိပါတယ်။ အသက် (၈) နှစ်အရွယ်ကတည်းက စန္ဒယားကို စတင်တီးခတ်ခဲ့တာဖြစ်ပြီး (၃) နှစ်ခန့် ဆက်လက်လေ့လာခဲ့သူ ဖြစ်ပါတယ်။

ချန့်(စ်)က နှလုံးသားနဲ့ ခံစားပြီး သီဆိုတဲ့ အနုပညာရှင်တိုင်းကို လေးစားအားကျပြီး သူကိုယ်တိုင်လည်း အဲဒီလိုပဲ ခံစားပြီး သီဆိုနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ချန့်စ်ဟာ သီချင်းဆိုခြင်း၊ စန္ဒယားတီးခတ်ခြင်းစတဲ့ အနုပညာရပ်တွေကို လေ့လာလိုက်စားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်အားပေးမှုကို များစွာ လက်ခံရရှိနေသူ ဖြစ်ပြီး အထူးသဖြင့် ၂၀၀၉ ခုနှစ် MTV Video Music Award တေးဂီတဆုပေးပွဲမှာ လေဒီဂါဂါရဲ့ ပါပါရာဇီ သီချင်းဖျော်ဖြေမှု ပြီးတဲ့နောက် လေဒီဂါဂါက သူ့ကို ဂီတနယ်ပယ်ထဲမှာ အောင်မြင်မှုတွေ ပိုမိုရရှိလာအောင် ကူညီဖေးမမှုတွေ ပေးခဲ့တာ ဖြစ်ပါတယ်။ သူကလည်း လေဒီဂါဂါကို လေးစားအားကျကြောင်းနဲ့ ခရစ္စတီးနား အဂွီလာရာ၊ သြဂတ်စတန်နာ၊ ဂျွန်လီဂန်၊ အဲလ်တန်ဂျွန် နဲ့ ဂျွန်လင်နွန် တို့ကိုလည်း လေးစားအားကျတယ်လို့ ဆိုပါတယ်။  အသက်ငယ်ရွယ်ပေမယ့် စန္ဒယားကို ကိုယ်တိုင်တီးခတ်ပြီး ဂီတနဲ့ နှလုံးသားကို တစ်ထပ်တည်းကျအောင် အသံပိုင်နိုင်စွာ သီဆိုသွားနိုင်တဲ့ ထူးခြားတဲ့ အသံပါရမီရှင်လေး ချန့်(စ်)ရဲ့ ပထမဆုံးစီးရီးခွေရဲ့ ခေါင်းစဉ်လည်းဖြစ်တဲ့ Waiting Outside The Line သီချင်းလေးကို ဒီလ သီချင်းခံစားမှုအတွက် တင်ဆက်လိုက်ပါတယ်။

ဒီသီချင်းကိုတော့ Eric Bellinger ၊ Marcos Enrique Palacios ၊ Aaron Cox ၊ Jr. Clark တို့က ရေးထားတာဖြစ်ပါတယ်။ ကြည့်ရှုသူပေါင်း ၁၃ သန်းကျော်ရှိနေတဲ့ ဒီသီချင်းလေးရဲ့ ဗီဒီိယိုကိုတော့ http://www.youtube.com/watch?v=_AU1yyy_At4 ဆိုတဲ့ You Tube လင့်လေးမှာ ကြည့်ရှုနိုင်ပါတယ်။



 စည်းရဲ့အပြင်ဘက်က စောင့်နေပါတယ်
တေးဆို - ဂရေဆန် ချန့်(စ်)*

(မင်းဟာ ဘ၀မှာ ဘယ်တုန်းကမှ ပျော်ရွှင်မှုတွေ မရခဲ့သူပါ ဘောင်ခတ်ထားတဲ့ ကမ္ဘာလေးထဲမှာပဲ အခွင့်အလမ်းတွေကို ယူဆောင်ဖို့ အရမ်း ကြောက်ရွံ့နေခဲ့တာ ဒီလိုပုံစံနဲ့တော့ အောင်မြင်မှုတွေ ဘယ်လို ရနိုင်ပါ့မလဲ ...)ပုံသေ ပညတ်ချက်တွေနဲ့ ချိန်ထိုးကြည့်ရင်တော့မင်းရဲ့ဘ၀က ဖြောင့်ဖြူးလို့ နေတာပေါ့ဒါပေမယ့်.. နေ့တစ်နေ့ကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းဖို့ကတော့မင်းရဲ့တွေဝေမှုတွေကို အရင် ရှင်းထုတ်ပစ်ရမှာပေါ့ ...ပုံမှန် ဘ၀ထဲက ရုန်းထွက်လိုက်ပြီးမင်းရဲ့ မနက်ဖြန်ကို မျှော်ကြည့်လိုက်ပါ ခုချိန်ကစပြီးမင်းရဲ့ စိတ်ကူးသစ်တွေကို အကောင်အထည် ဖော်လိုက်ပါတော့....** (ကိုယ် စောင့်နေတယ်..... စောင့်နေပါတယ်.... စောင့်လို့နေဆဲပါ  ကိုယ် စောင့်နေပါတယ်... စည်းတွေရဲ့ အပြင်မှာ ဆက်စောင့်နေဆဲပါ  စည်းရဲ့အပြင်ဖက်ကပဲ စောင့်လို့နေပေးပါ့မယ် ...  စည်းရဲ့ အပြင်ဖက်ကပဲ စောင့်လို့နေပေးပါ့မယ် ....)နောင်တတွေတော့ မရမိစေနဲ့ပေါ့ညအမှောင်မှာ ဖြစ်နေရင်တောင်မင်းရဲ့အမြင်တွေကို ပိတ်လှောင်ထားရင်ဘ၀ကို အောင်မြင်စွာ ဘယ်လိုဖြတ်သန်းမလဲ...မင်းရဲ့ ပုံမှန်ဘ၀ဟာ တစ်နေရာထဲမှာ ငြိမ်သက်နေခဲ့တကယ်ဆို....ဒီထက်ပို ထိုက်တန်ပါတယ်မင်းသာ ဆန္ဒရှိမယ်ဆိုရင်..အရာအားလုံးကို မင်း ရရှိနိုင်မှာပါ......ပုံမှန်ဘ၀ထဲက ရုန်းထွက်လိုက်ပြီးမင်းရဲ့မနက်ဖြန်ကို မျှော်ကြည့်လိုက်ပါခုချိန်ကစပြီးမင်းရဲ့စိတ်ကူးသစ်တွေကို အကောင်အထည် ဖော်လိုက်ပါတော့....မင်းကို အမြဲ ပြုံးနေရမယ်လို့တော့ မဆိုလိုပါဘူးမင်းဘ၀ရဲ့ မျှော်လင့်ချက် ရောင်ခြည်တွေကိုသာ ဖမ်းဆုပ်ခွင့် ရစေချင်ခဲ့တာပါအကောင်းဆုံးတွေကိုသာ ပိုင်ဆိုင်စေချင်ခဲ့တာပါ.......** (  )ကိုယ်ဟာ သည်းခံ စောင့်ဆိုင်းလို့နေပါတယ်အခက်အခဲဆိုတာလည်း အမြဲရှိနေမှာပဲပေါ့ဒါပေမယ့်...ကိုယ်မင်းကို ယုံကြည်ပါတယ်..ဒါတွေကို မင်း အရယူနိုင်လိမ့်မယ်လို့ပေါ့ ...ကိုယ် စောင့်နေတယ်..... စောင့်နေပါတယ်.... စောင့်လို့နေဆဲပါကိုယ် စောင့်နေတယ်... စည်းအပြင်မှာ ဆက်စောင့်နေဆဲပါ(ကိုယ် စောင့်နေတယ်..... စောင့်နေပါတယ်.... စောင့်လို့နေဆဲပါကိုယ် စောင့်နေပါတယ်... စည်းတွေရဲ့ အပြင်မှာ ဆက်စောင့်နေဆဲပါစည်းရဲ့အပြင်ဖက်ကပဲ စောင့်လို့နေပေးပါ့မယ် ...စည်းရဲ့ အပြင်ဖက်ကပဲ စောင့်လို့နေပေးပါ့မယ် ....)* (  )



Waiting Outside The Lines - Greyson ChanceYou never enjoy your lifeLivin' inside the boxYou're so afraid of taking chancesHow are you going to reach the top?Rules and regulationsForce you to play it safeGet rid of all the hesitationIt's time for you to seize the dayInstead of just sitting aroundAnd looking down on tomorrowYou gotta get your feet off the groundThe time is nowI'm waiting, waiting, just waitingI'm waiting, waiting outside the linesWaiting outside the linesWaiting outside the linesTry to have no regretsEven if it's just tonightHow you gonna walk aheadIf you keep living blindStuck in the same positionYou deserve so much moreThere's a whole world around usJust waiting to be exploredInstead of just sitting aroundAnd looking down on tomorrowYou gotta get your feet off the groundThe time is now, just let it goI don't want to have to force you to smileI'm here to help you notice the rainbow'Cause I know what's in you is out thereI'm waiting, waiting, just waitingI'm waiting, waiting outside the linesWaiting outside the linesWaiting outside the linesI'm trying to be patientEach step is the hardestI know you can make itGo ahead and take itI'm waiting, waiting, just waitingI'm waitingI'm waiting, waiting, just waitingI'm waiting, waiting outside the linesWaiting outside the linesWaiting outside the linesYou never enjoy your lifeLivin' inside the boxYou're so afraid of taking chancesHow are you going to reach the top?

ဘာသာပြန်ဆိုသူ
Source by :ဂျူရိုကိုး (သတင်းကွန်ယက်)


http://www.blogger.com/feeds/7906622731256142071/posts/default

Share

No comments: