** သတိပြုဖွယ် အန္တရာယ်**
မြန်မာပြည်ရဲ့ ဒီနှစ်နွေက အပူချိန်စံချိန်တင်မြင့်မားလာပါတယ်။ ဒီနေ့ပဲ အိမ်နားက သွေးတိုးရောဂါရှိတဲ့အဖွားတစ်ယော က်
ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားပါတယ်။ အပူရှပ်ပြီး ဖျားနာတာလည်း
များလာပါတယ်။ နွေအပူဟာ ဘာမှမဟုတ်သလိုနဲ့ တကယ်တော့ အားလုံးသတိပြုသင့်တဲ့
အန္တရာယ်တစ်ခုပါ။ ဒီတော့ မြန်မာပြည်သူပြည်သားအားလုံး နွေရာသီကို
အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ေ အာင် လိုက်နာရမှာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
- နေပူထဲမထွက်ခင် အနည်းဆုံး နာရီဝက်ကြိုပြီးတော့ နေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးနိုင်တဲ့ SPF အနည်းဆုံး ၃၀ လောက်ပါတဲ့ Suncream တွေကို မျက်နှာရော၊ ခြေလက်တွေပါ နေရောင်ခြည်နဲ့ ထိတွေ့ရမယ့်
နေရာမှန်သမျှကို လိမ်းပေးပါ။
- အကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ၀တ်ဆင်ပါ။ အပူမစုပ်တဲ့ အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် ချည်သားအ၀တ်အထည်တွေက အကောင်းဆုံးပါပဲ။
- အပြင်ထွက်တော့မယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တွေကို မမေ့ပါနဲ့။
- ဖြစ်နိုင်ရင် မနက် ၁၀ နာရီမှ ညနေ ၃ နာရီကြားမှာ နေပူထဲမထွက်ပဲ
အရိပ်ထဲမှာပဲနေပါ။ အလုပ်လုပ်မှ ဖြစ်မယ်ဆိုရင်လည်း နားနားပြီး လုပ်ပါ။
- နေပူထဲအလုပ်လုပ်ရတဲ့သူတွေက ရေများများသောက်ပေးပါ။ ရေခဲရေ မသောက်ပါနဲ့။ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပါ။
- နေပူထဲ အလုပ်လုပ်ရတဲ့အခါ သာမန်ထက်ပိုပြီး စွမ်းအင်ကုန်တဲ့အတွက် အစားအစာများများစားပေးဖို့လည်း လိုပါတယ်။
- နေပူထဲမှာ အချိန်ကြာမြင့်စွာနေထိုင်ခြင်းကို ရှောင်ရှားပါ။
- သက်ကြီးရွယ်အိုများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊
အတက်ရောဂါရှိသူများကို ဂရုပြုစောင့်ရှောက်ပေးပြီး အရိပ်အာဝါသရရှိပြီး
အေးမြတဲ့နေရာတွေမှာ ထားပါ။
- အရက်၊ ဘီယာ၊ ကော်ဖီတို့ဟာလည်း ရေဓာတ်ဆုံးရူံးမူကို ဖြစ်စေလို့ မသောက်သင့်ပါဘူး။
-အရက်သေစာ သောက်သုံးသူများအနေနဲ့ နေ့လည်နေ့ခင်းမှာ သောက်သုံးလျှင် အသက်အန္တရာယ်ထိခိုက်နိုင်လို့ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။
- နေပူထဲက ပြန်လာလာချင်း ရေခဲရေသောက်ခြင်း၊ ခြေလက်ဆေးခြင်း၊ ရေချိုးခြင်းတို့ကိုလည်း သတိပြုရှောင်ရှားရပါမယ်။
ဒီ Album မှာ ကျန်းမာရေးဗဟုသုတလေးတွေ၊ လမ်းညွှန်ချက်လေးတွေအပြင် ကျန်းမာရေးဆိုင်ရာအယူအဆမှားလေးေ
By: Myanmar Sky Link
No comments:
Post a Comment