page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, April 13, 2012

ဒေါက်တာခင်မိုးမိုး ၏ ရှောက်သီး တစ်လုံး အသုံးပြုနည်း

ZOLZOL | 1:09 AM |
ZOLZOL | 1:09 AM |




Best Blogger Tips
Share

ရှောက်သီး တစ်လုံး အသုံးပြုနည်း

26 Mar 2012  | By Good Health
မင်စွန်း တာ ပျောက် ကင်း နိုင်ပါ တယ်
ရှောက်သီး ကို ထက်ခြမ်း ခွဲပြီး အဝတ် မှ မင်စွန်းရာအပေါ် ပွတ်ထား ပေးကာ မိနစ်အနည်းငယ်ခန့် ထားပါ။ ပြီးရင် ရေအေးနဲ့ မင်စွန်းတာပျောက်တဲ့ အထိ လျှော်ဖွပ်လိုက်ပါ။
အဝတ်အစားတွေ ဖြူဖွေး တောက်ပြောင်စေပါတယ်
အဝတ်လျှော်ဖွပ်ဖို့ ဆပ်ပြာမှုန့်နဲ့ အဝတ်တွေစိမ်ထားစဉ်မှာ ခွက်တစ်ခွက် ရဲ့ လေးပုံတစ်ပုံစာ ရှောက်သီးရည်ကိုပါ ထည့်ထားပါ။ အဝတ်အစားတွေ ဖြူဖွေး တောက်ပြောင်သွားပါလိမ့်မယ်။

အခွံနွှာပြီးသား အာလူးတွေ အညိုရောင်မပြောင်းအောင် ကာကွယ်နိုင်ပါတယ်
အခွံနွှာပြီးသား အာလူးတွေ အညို ရောင်မပြောင်းလဲစေချင်ရင် အခွံနွှာပြီး သား အာလူးတွေကို ရှောက်ရည်ညှစ် ထားတဲ့ရေနဲ့ စိမ်ထားပါ။ ရှောက်ရည်မှာ ပါဝင်တဲ့ Citric Acid ဟာ အာလူးတွေ ကို အညိုရောင်မပြောင်းလဲအောင် ကာ ကွယ်နိုင်ပါတယ်။
ရေဘုံပိုင်ခေါင်းတွေ တောက်ပြောင်စေပါတယ်
ရေဘုံပိုင်ခေါင်းပေါ် ရှောက်ရည် သုတ်ပြီး ပွတ်တိုက်ပေးပါ။ ပြီးရင် ရေ ဆေးချပြီး ပျော့ပျောင်းတဲ့ အဝတ်နဲ့ သုတ်ပေးပါ။ ဘုံပိုင်ခေါင်း ကြေးစင်သွား ပြီး တောက်ပြောင်နိုင်ပါတယ်။
ရေချိုးခန်းမှ ပလတ်စတစ် ကန့်လန့်ကာတွေမှာ ပိုးမွှားကင်းစင်စေနိုင်ပါတယ်
ရေချိုးခန်းမှ ကန့်လန့်ကာတွေကို ရှောက်ရည်နဲ့ ပွတ်တိုက်ပေးပါ။ ရှောက် ရည်ဟာ ပိုးမွှားတွေ သန့်စင်စေနိုင်တဲ့ အတွက် မှိုပိုးတွေ ကြီးထွားမှုကို ရပ်တန့် နိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး    မူရင်း    http://yoyarlay.com/health/health/article/24668-2012-03-26-10-43-34 Share

No comments: