page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, April 13, 2012

ဘ၀ အမောတွေ ပြေပျောက်ဖို့ ဟာသလေးတွေ ဖတ်ကြစို့.....

ZOLZOL | 12:48 AM |
ZOLZOL | 12:48 AM |




Best Blogger Tips
Share


အရင်ဖြေပါ
------------------
လူငယ်အမျိုးသား ။    ။ ဦးရဲ့ သမီးနဲ့ ကျနော့်ကို လက်ထပ်ခွင့် ပေးပါဦးရယ်
သမီးဖခင်           ။    ။ မင်းအရက် ကလေး ဘာလေးသောက်တတ်သလား?
လူငယ်အမျိုးသား ။    ။ အရက်ကိုနောက်မှတိုက်ပါဦးရယ်၊ ကျနော့်တောင်းဆိုချက်ကို အမိန့်ရှိပါဦး       ဟူ၏။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဝေးလေ ကောင်းလေ
-----------------------------
       လူငယ်တယောက် သည် ကားတစီး ဌားပြီး ချစ်သူမိန်းကလေး အား ခိုးပြေးလေ သည်။ လုံခြုံ စိတ်ချရသော မြို့တမြို့ရှိ သူငယ်ချင်း
အိမ်သို့ရောက်သော အခါ......
      ' ကျေးဇူးပဲ ကား ဆရာရေ ကားခ ဘယ်လောက်ပေးရမလဲ ပြောပါ'
     ' ပေးဖို့မလိုပါ ဘူးခင်ဗျာ၊ကားခ ကို မိန်းကလေး အဖေ က အလုံအလောက် ပေးပြီးပါပြီ၊ ပြီးတော့ ခင်ဗျား ကိုလည်း စာတစောင် ပေး
လိုက်ပါတယ် ' ဟုပြောပြီး ကားဆရာက စာတစောင် ထုတ်ပေး၏။
     စာထဲတွင်....
       ' ပြောမရ ဆိုမရ လို့ စိတ်ညစ်နေရတဲ့ မိဘ တွေများရဲ့ ဒုက္ခ တွေ ကို ပခုံးပြောင်းလွှဲယူသွားတဲ့ မောင့်ကို ကျေးဇူးတင်လွန်းလို့ ကားခ ပေးပြီးပါပြီ ၊ ဝေးဝေး ကိုသာ ခိုးသွားပါကွယ် ' ဟူသတည်း။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဒါကြောင့်ပါ
---------------
   ' ဟောဟို အမျိုးသမီး ကြည့်ရတာ အပူမိနေပုံပဲ ဗျ၊ ဘာဖြစ်လို့ပါလိမ့် '
   ' ယောင်္ကျားတယောက်အတွက် နေမှာပေါ့ဗျာ '
   ' အိုဗျာ....သူ့မှာ ယောင်္ကျားမှမရှိပဲ '
   ' မရှိလို့ ပြောတာပေါ့ဗျာ၊ သူ့ခမျာ ၀မ်းနည်းနေရှာတယ်လေ 'ဟူ၏။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
လက်တွေ့ ကျကျ
-------------------------
ကောင်မလေး။  ။ တို့ကိုချစ်ရဲ့လား
ကောင်လေး  ။  ။ ချစ်တာပေါ့
ကောင်မလေး။  ။ တို့သေရင် မောင်ငိုမှာလား
ကောင်လေး  ။  ။ ငိုမှာပေါ့
ကောင်မလေး။  ။ ဘယ်လောက်ထိ ငိုမှာလဲ ၊ ငိုပြပါလားဟင်
ကောင်လေး  ။  ။ အရင်သေပြလေ  တဲ့။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မုန်းလို့
----------
  အိပ်ရာပေါ်တွင် သေလုမြောပါး ဖြစ်နေသော လူနာ ဇနီးသည် က ခင်ပွန်း ဖြစ်သူကိုလှမ်းခေါ်လိုက်သည်။
     ' ကျမ သေလို့ တစ်လလောက်အကြာမှာ ရှင် မနီလာ ကိုလက်ထပ်ယူပါ '
  ခင်ပွန်း ဖြစ်သူ က....
     ' ဟာ....မနီလာ က မင်းရဲ့ ရန်သူမဟုတ်လား '
 ထိုအခါ ဇနီးသည် က
     ' ဟုတ်တယ်လေ၊ ရှင် နဲ့ အိမ်ထောင် ကျတဲ့ ကာလ တွေမှာ ကျမ ခံစားနေရတဲံ ဒုက္ခ တွေ ကို အဲ့ဒီကောင်မ ခံစားစေချင်လို့ပါ '
ဟူ၏။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ကျန်သေးတယ်
--------------------
   မောင်မောင် နဲ့ ဇော်ဇော် တို့ သူငယ်ချင်း နှစ်ဦး မဆုံ ဖြစ်သည်မှာ ကြာပြီ ဖြစ်သဖြင့်လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဟို အကြောင်း ဒီအကြောင်းတွေ ပြောဖြစ်ကြသည်။
မောင်မောင် ။     ။ နေပါဦးကွ မင်း အဘွားကြီး( ယောက္ခမ ) ဆုံးသွားပြီဆို
ဇော်ဇော်     ။     ။ မင်းကလည်းခုမှလာပြီး အိမ်မက်မက်နေတယ် ၊ ဆုံးတာ တနှစ်တောင် ကျော်သွားပြီ
မောင်မောင် ။     ။ အေးကွာ မင်းယောက္ခမ ဆုံးတယ်လို့တော့ကြားတယ် ၊ ငါလည်း နိုင်ငံခြားရောက်နေလို့ မလာဖြစ်ဘူး                         ငါမလာ  ဖြစ်တာ ခွင့်လွှတ်ပါကွာ...
ဇော်ဇော်     ။     ။ ရပါတယ် ကိစ္စ မရှိပါဘူးကွာ ၊ ပြောနေရမယ့် လူတွေမှမဟုတ်တာ..
မောင်မောင် ။     ။ ရက်လည်တော့ ဘာကျွေးသလဲ ကွ
ဇော်ဇော်     ။     ။ မုန့်ဟင်းခါး ပဲပေါ့ကွ
မောင်မောင် ။     ။ မစားလိုက်ရတာနာတယ်ကွာ
   ထို အခါ သူငယ်ချင်း ၏ ပြန်ပြောစကားကြောင့် မောင်မောင် ဘာဆက်ပြောရမလဲ မသိဖြစ်သွားသည်။
    ဇော်ဇော် ပြောလိုက်သည့်စကားမှာ......
          ' နောက်တခါကျမှ အ၀ စားပေတော့ ၊ အဘိုးကြီး ကျန်သေးတယ် ၊ ခု အိမ် မှာ သူလည်းနေမကောင်းဖြစ်နေတယ်ကွ '
ဟူသတည်း။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
စိတ်ညစ်လို့
------------------
ကိုပိန်      ။    ။ ဟေ့ မောင်လှ မင်းကြည့်ရတာ စိတ်မကောင်းဖြစ်နေသလိုပဲ
မောင်လှ   ။   ။ ငါ့ မိန်းမ က ငါ့ကို ရက်ပေါင်း ၃၀ စကားမပြောဘူး ပြောထားလို့ကွ
ကိုပိန်      ။    ။ သြော်ဒါကြောင့် မင်း စိတ်မကောင်းဖြစ်နေတာလား
မောင်လှ  ။    ။ မဟုတ်ပါဘူးကွာ..ဒီနေ့ ရက် ၃၀ ပြည့်တဲ့နေ့ ဖြစ်နေလို့ စိတ်ညစ်နေတာပါကွာ....တဲ့လေ။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သမီး ကိုပဲ ယူပါရစေ
---------------------------
    " ဦးရယ်...ဦးသမီးကို ကျနော် လက်ထပ်ပါရစေ " ကိုအောင် က သူ့ချစ်သူ အဖေ အား အရဲစွန့် ပြောလိုက်သည်။
    ' နေပါဦးကွ မင်း ငါ့ မိန်းမ နဲ့ အရင်တွေ့ပြီးပြီလား ' ဖခင် က ပြန်မေးလိုက်သည်။
     ကို အောင် က ' ဟုတ်ကဲ့ တွေ့ပြီးပါပြီ ခင်ဗျာ...ဒါပေမယ့် ကျနော် ဦးသမီး ကိုပဲ ကြိုက်လို့ပါ ' ဟူ၏။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
အော်ရဲရင် အော်ကြည့်
-----------------------------
    ကောင်လေးတယောက် က ကောင်မလေး တယောက်အား ဇွတ် အတင်း ဖက်နမ်းနေသည်ကို ကောင်မလေး ၏ မိခင်လုပ်သူ က တွေ့
သွားလေသည်။
  မိခင်လုပ်သူ က ချောင်းဟန့် သံပေးမှ ကောင်လေး မှာ ထွက်သွားလေသည်။
  'ညဉ်းကောင်လေး က ညဉ်း ကို ဇွတ်အတင်း ဖက်နမ်းနေတယ်မဟုတ်လားဟင် ငါကိုယ်တိုင် မြင်လိုက်တယ် '
  ' ဟုတ်ပါတယ် မေမေ ၊ သမီးလိမ်မပြောပါဘူး '
  ' ညဉ်း က သဘောတူပြီး ငြိမ်ခံနေတယ်ပေါ့လေ ဘာလို့ မအော်သလဲ '
  ' သမီး က အော်မလို့ လုပ်တော့ သူက ခြိမ်းခြောက်လို့ပါ '
  ' အလို...ဘယ်လို့ ခြိမ်းခြောက်တာလဲ ငါ့ကို မြန်မြန် ပြောစမ်း '
  ' အော်ရဲရင် အော်လိုက်စမ်းတဲ့ ၊ အော်လိုက်ရင် နောက်တခါမလာတော့ဘူးတဲ့ သမီးကိုလည်း ဘယ်တော့မှမနမ်းတော့ဘူး တဲ့ ' .....
ဟူသတည်း။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
           ဟာသလေးတွေ ကို ဖတ်ရှု ရယ်မောရင်းဖြင့် ဘ၀ အမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ........

Posted by ပိတောက်မင်းသား 
 http://www.zwekapinmyae.com/forum/topics/2879352:Topic:487025

Share

No comments: