page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, September 20, 2012

ရယ်စရာမောစရာ ဟာသများ

ညချစ်သူ | 1:07 AM |
ညချစ်သူ | 1:07 AM |




Best Blogger Tips
Share





အဲ.အချိန်ငါမမှီလောက်ဖူး


ကျွန်တော်တစ်ညမှာအိပ်မက်တစ်ခုမက်သည်။အိပ်မက်ထဲတွင် နတ်သားတစ်ပါးနှင့်တွေ.သည်။
နတ်သားကပြောသည်-"အသင်သိချင်တာရှိရင်မေးနိုင်သည်။"ကျွန်တော်လည်းကမ္ဘာကြီးမှာဖြစ်နေ
တယ့်အထဲကမှသိချင်တာလေးတွေမေးလိုက်သည်။"အရှင်နတ်သားယခုတရုတ်ပြည်မှာလူဦးရေတွေ
မတအားတိုးပွားနေပါတယ်။ထို လူဦးရေတွေဘယ်တော့မှလျော.ကျသွားမှာပါလည်းခင်ဗျာ။"ဆိုတော့
နတ်သားကြီးကပြောတယ် "နောင်နှစ်ပေါင်း၁၀၀ပြည်.ရင်လျှော.ကျသွားမယ်တဲ." "ဟာဒါဆိုအဲ့အချိန်
ကျကျွန်တော်မရှိတော.ဖူးပေါ." "အေးမင်းမရှိပေမယ်.ငါရှိသေးတယ်က"ွ "နောက်တစ်ခုမေးမယ်အာဖရိက
ကလူတွေအငတ်ဘေးတွေကြုံနေရပါတယ်သူတို.တွေဘယ်တော.လောက်မှဒီအငတ်ဘေးက နေလွတ်မှလည်း"
"နောက်နှစ်ပေါင်း၁၀၀လောက်နေရင်လွတ်ပြီကွ" "ဟာအဲ.အချိန်ကျကျွန်တော်မရှိ တော့ဖူးပေါ့"
"အေးမင်းမရှိပေမယ့်ငါရှိသေးတယ်ကွ" "ဒါဆိုတစ်ခုပဲမေးမယ်ခင်ဗျာ ကျွန်တော်နိုင်ငံက
အင်တာနက်လိုင်းတွေဘယ်တော.မှကောင်းမှာလည်း" နတ်သားခေါင်းကိုငုံ.ပြီးအားငယ်စွာနဲ.ပြော သည်
" အဲ.အချိန်ငါမမှီလောက်ဖူးကွ"

ကူညီချက်


တောင်ကြီးရဲ့ဆောင်းညက...ဒီနှစ်တော်တော်အေး၏။

ကိုပိန်တယောက်.....ညဘက်ဆိုင်ကယ်စီးတိုင်း...ရင်ဘတ်အအေးပတ်၏။


ဒါတောင်ဂျာကင်ဝတ်ထားတာနော်.......မရပါ....ထို့ကြောင့်

ယနေ့ညပြန်ရင်......ဂျာကင်ပြောင်းပြန်ဝတ်မည်ဟုတွေးမိ၏။

ထို့နောက်...အရက်မူးအောင်သောက်၏။ည ဘက်ပြန်ချိန်ဆိုင်ကယ်ပေါ်ရောက်....တော့

ရေချိန်တော်တော်ကိုက်နေပီ....မောင်းကောင်းကောင်းနဲ့မောင်းလိုက်တာ....အကွေ့တခုမှာ....

.အရှိန်ကြောင့်ရော...အမှောင်ကြာင့်ရော...အမူးကြောင့်ရော..အားလုံးရောကာ ဆိုင်ကယ်မှောက်၏။

ပထမ....သတိလစ်သလိုဖြစ်သွား၏။ပြန်သတိရမယ်ကြံသေး.....လူနှစ်ဦးအသံကြား၏။

ပထမလူ.............ဒီနေ့သောက်တာအရမ်းများသွားပီကွ...

ဒုတိယလူ...........အေးငါလဲမလဲအောင်မနဲ..လမ်းလျှောက်နေရတာကွ

ပထမလူ............ဟာ ဟိုရှေ့မှာလူတယောက်ဆိုင်ကယ်မှောက်ပီး လဲနေတယ်ကွ....ကူညီရအောင်

ဒုတိယလူ...........အေး.....လာကွ....အသက်ရှူသံတော့ကြားနေရတယ်ဟ...မသေသေးဖူးဟေ့

ပထမလူ.............ဟာာာာ....ဒီလူ...ခေါင်းလည်နေတယ်ကွ.....အင်းကျီကကျောဘက်ချည်း....

ဒုတိယလူ..........အေးဟေ့...လာကွာခေါင်းပြန်တဲ့ပေးရအောင်....

ပထမလူ............အေး..ကောင်းတယ်.....မင်းနဲ့ငါ..အတူတူခေါင်းပြန်တည့်ပေးလိုက်စို့...


ဂစ် ဂစ်...ဂစ်..ဂျွတ်...

ထိုအသံကား.....မောင်ပိန်နောက်ဆုံးကြားရသောအသံပေတည်း။ ။

နောက်မဖြစ်အောင်


ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။

ဒီတော့ဆရာဝန်က.....

"ဘယ်လိုဖြစ်တာလဲ"

"ကားတံခါးဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "

"ခင်ဗျားမူးနေရင်တော့ဒီလို့ ခဏခဏဖြစ်နေမှာပဲ"

"နောက်မဖြစ်တော့ပါဘူး ဆရာ"

"အရက်ဖြတ်မယ်ပေါ့"

"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"


“ ထောက်ခံစာ ”


************

ငပိုး သည် သင်္ချာအလွန်ညံ့သော ကျောင်းသားတစ်ဦးဖြစ်သည် ဆရာ(မာမီ တေမင်း)က သင်္ချာစွမ်းရည်တိုးတက်လာစေရန်

ငပိုး ကိုပုစ္ဆာများဖိ၍ တွက်စေသည် ဂျွန်ကလေးကလည်း ပုစ္ဆာတွက်တိုင်း မှားမြဲမှားနေရာ...

ဆရာ... ။ “ ဟေ့ငပိုး ရေ... မင်းသင်္ချာတွက်တိုင်း မှားနေတယ်ကွာ ငါကမင်း အမှားတွေများ သင်နေလို့လားကွာ... ။ ”

ငပိုး ... ။ “ မဟုတ်ပါဘူးဆရာ ... ။ ”

ဆရာ... ။ “ ဒါဆိုရင် ဆရာဖြစ်ဖြစ် မင်းဖြစ်ဖြစ် တစ်ယောက်ယောက်တော့ ရူးနေလို့ဖြစ်မှာပါပဲကွာ... ။ ”

နောက်တစ်နေ့ရောက်သော် ငပိုး သည် တက်ကြွသောဟန်ဖြင့် ဆရာထံ စာရွက်တစ်ရွက်ယူလာလေသည်....

ဆရာ... ။ “ ဟေ... ငပိုး ဒါက ဘာစာရွက်ကြီးတုန်းဟ... ။”

ငပိုး ... ။ “ ကျွန်တော်မရူးကြောင်း ထောက်ခံစာပါဆရာ...။”

ဆရာ... ။ “ ဟေ....................။”

ထင်တာကတခြား


" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ
ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "

" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "

" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်
အကူအညီ မတောင်းခဲ့တာလဲ "

" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက


ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "

"ဖြစ်ပုံ"

အရောင်းစာရေးမ တစ်ဦး၊ စီမံရေးရာ စာရေး တစ်ဦး နှင့် မန်နေဂျာ တစ်ဦးတို့ နေ့လည်စာ

အတူထွက်စားကြသည်။ တစ်နေရာ အရောက်တွင် လွန်စွာအိုမင်းဟောင်းနွမ်းနေပြီ

ဖြစ်သော ကြေးဝါမီးခွက် ကလေးတစ်လုံးကို တွေ့လေ၏။

သူတို့ ပွတ်တိုက်ကြည့်ကြ၏။ ထိုအခိုက် အတွင်းမှ မီးခွက်စောင့်နတ်သမီး

ဂျင်းနီ ထွက်လာလေသည်။ ဂျင်းနီက " သင်တို့ လိုရာကို ပြောလော့၊ ကျွန်ုပ်

ဖန်ဆင်းပေးမည် " ဟုပြောလေသည်။


ထိုအခါ စီမံရေးရာစာရေးက "ကျုပ်အရင်ပြောမယ်... ကျုပ်အရင်ပြောမယ်" ဟုဆိုကာ "

ကျွန်ုပ် ဖလော်ရီဒါနားက Bahamas ကျွန်း လေးကို သွားချင်တယ်။

Speed Boat စီးပြီး  ဇိမ်ကျကျနေမယ်...ဘယ်သူ့မှဂရုစိုက်စရာ မလိုဘူး..."။

ပြောပြီးပြီချင်း  ဂျင်းနီက ခေါင်းတချက် ငြိမ့်လိုက်ရာ သူ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

နောက်..."ဒီတစ်ခါ... ငါ့အလှည့်" ... အရောင်းစာရေးမက အတင်း ၀င်ပြောသည်။

ငါ ဟာဝိုင်ယီကျွန်း ကို သွားမယ်။ ကမ်းခြေမှာ massage နှိပ်ပေးတဲ့သူ နဲ့ "Pina Coladas"

သီးစုံဖျော်ရည်လေး မြုံပြီး မှိန်းနေမယ်...။ သူမပြော ပြီးပြီး ချင်းဂျင်းနီက

ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။


နောက်... "ရှင့် အလှည့်" ဂျင်းနီကပြောသည်။

မန်နေဂျာက ခေါင်းတချက်ညိတ်လိုက်ပြီး "ဟို နှစ်ကောင်ကို ထမင်းစားပြီးချိန်မှာ

ရုံးကို ပြန်ရောက်လာအောင်လုပ်ပေးပါ။"

သင်ခန်းစာ။ ။ တစ်ခုခု ပြောစရာရှိလျှင် မန်နေဂျာကို ဦးစွာ ပြောခွင့်ပြု သင့်သည်။

သူငယ်ချင်းအားလုံး တစ်နေ့ တာ အမောတွေ ဟာသလေးတွေ ဖတ်ပြီး

ရယ်မောအပန်ဖြေနိုင်ကြပါစေသော် ။

ခင်မင်စွာဖြင့်

ညချစ်သူ



Share