page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, July 27, 2012

ဒါဟာ အချစ်တဲ့လား ....................?

ညချစ်သူ | 1:16 AM |
ညချစ်သူ | 1:16 AM |




Best Blogger Tips
Share


ဒါဟာ အချစ်တဲ့လား ....................?

သူငယ်ချင်းတို့ ရေ  ဒါဟာအချစ်တဲ့လား ဆိုပြီးသီချင်းဆိုနေတယ်လို့ မထင်လိုက်ပါနဲ့ ။
အချစ်ဆိုတာ ဘာလဲ၊ ဘယ်လိုပုံသဏ္ဍာန်ရှိလဲ ၊သိချင်တာနဲ့ ပြီးတော့ ရေးချင်စိတ်
ပေါ်လာလို့  ရေးလိုက်တဲ့ အချစ်အကြောင်း ခေါင်းစဉ်လေးတစ်ခုပါ ။တကယ်ဆို 
ရေးနေတဲ့ ကျွန်တော်လည်း အချစ်အကြောင်းမသိပါဘူး ။ကြားဖူးနားဝ ရှိတာလေး
တွေကို စာတစ်ပုဒ်ဖြစ်အောင်ရေးကြည့်တာပါ ။

အချစ်ဆိုတာ ဘယ်လိုပုံသဏ္ဍာန်ရှိမှန်းမသိတဲ့ ပုစ္ဆာတစ်ခုလို့ ထင်ပါတယ် ။လူတွေ
ကကိုယ်လိုချင်တဲ့  ပုံသဏ္ဍာန်အတိုင်း အမျိုးမျိုးသတ်မှတ်နေကြတာလို့  ကျွန်တော်က 
တော့တွေးထင်မိတယ် ။တကယ်တော့ အချစ်ဆိုတာ ပုံသေသတ်မှတ်လို့ မရတဲ့ အရာ
တစ်ခုလို့ ထင်ပါတယ် ။

အချစ်ဆိုတာ .................?

၁။ သူ့အတွက် ပေးဆပ်ချင်နေတာလား ? အဲဒါဆို ခင်ဗျားရဲ့အချစ်က ပေးဆပ်ခြင်းပဲ။
၂။ သူ့ရဲ့အချစ်၊ ဘ၀ ကို ပိုင်ဆိုင်ချင်တာလား? အဲဒါဆို ရယူပိုင်ဆိုင်လိုခြင်း။

သြော်... နောက်ထပ်ရှိသေးတယ်။
“အချစ်” ဆိုတာ ချစ်နေဘို့ပါပဲ... တဲ့

 အချစ်ဆိုတာ "love is blind" တဲ့...


တစ်ကယ်တော့အချစ်ကသူ.ဘာသာသူနေတာပါ ။
တကယ်ရိုးစင်းပါတယ် ။
အချစ်ကိုအရောင်ဆိုးနေတာကလူတွေပါဘဲ။
ကောင်းအောင်ဖန်တီးတာလဲလူတွေပါဘဲ။
မကောင်းအောင်ဖန်တီးတာလဲလူတွေပါဘဲ။

အသည်းကွဲနေတဲ့လူငယ်တစ်စုရဲ.အရက်ဝိုင်းကိုနားစွင့်ကြည့်ရင်တော့အချစ်ဆိုတာ

အပူမီးပေါ့ပန်းခြံထဲကအတွဲတွေနားခပ်တိုးတိုးလေးသွားချောင်းကြည့်ရင်တော့အချစ်
ထက်ကောင်းတာတောင်အချစ်လောက်မကောင်းဘူးပေါ့ သူ.အမြင်နှင့်သူပေါ့။အချစ်ကြောင့်ငါတို.ရဲ့ခန္မာကိုယ်တွေပေါ့ပါးလန်းဆန်းပြီးအားအင်တွေပြည့်ခဲ့ရတယ်။
အချစ်ကြောင့်ငါတို.ရဲ့ခန္မာကိုယ်တွေလေးလံထိုင်းမိုင်းပြီးအင်အားတွေချည့်နဲ.ခဲ့ရတယ်။
အချစ်ကြောင့်ငါတို.ရဲ့အနာဂတ်တွေမျှော်လင့်ချက်များစွာနှင့်ရှင်သန်ခဲ့ရတယ် ။
အချစ်ကြောင့်ငါတို.ရဲ့အနာဂတ်တွေဘာမှလုပ်မရအောင်စုတ်ပြတ်သတ်ခဲ့ရတယ်။
အင်း အချစ် အချစ်  မင်းဟာလူတွေအပေါ်မှာတော်တော်လွှမ်းမိုးနိုင်တဲ့တစ္ဆေကောင်ဘဲ

လို့ ကျွန်တော်က ထင်မြင်မိပါတယ်။ 


တကယ်ဆိုရင် ~~~ အချစ်ဟာဖြေရှင်းမရတဲ့ ပြဿနာ ~~~~ အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ ငါကိုယ်တိုင်အချစ်ဟာဘာလဲ မသိတော့ပါ ~~~~

အချစ်အကြောင်းအချစ်အကြောင်းနဲ.ပြောလာလိုက်တာမင်းကအချစ်အကြောင်းဘယ်လောက်
နားလည်လို.လဲ ၊ အချစ်ကိုကောမလိုချင်ဘူးလားလို.မေးလာခဲ့ရင်တော့

ဟုတ်ကဲ့  ကျွန်တော်ဘာမှနားမလည်ပါဘူး ၊ ဥာဏ်မီသလောက်တွေးကြည့်တာပါ
အချစ်ကိုကောမလိုချင်ဘူးလားဆိုတော့  ဟဲဟဲဟဲ လိုချင်တာပေါ့ ။
အချစ်ဆိုတာမရှိလို.မဖြစ်ဘူးဗျ ။


အချစ်ဆိုတာ ဘာလဲလို့ အကြိမ်ကြိမ်ခါခါ လူတိုင်းကိုရော ကိုယ်တိုင်ပါ အကြိမ်ကြိမ်
ခါခါမေးမိပေမယ့်..ခုချိန်ထိ အချစ်ဆိုတာဘာလဲ...အချစ်ဆိုတာ ဒါပဲ.လို့လက်ခံနေရတုန်းပဲ..


သူငယ်ချင်းအားလုံးကို အစဉ်လေးစားခင်မင်စွာဖြင့်
ညချစ်သူ


Share

1 comment:

mstint said...

အချစ်ဆိုတာ လူတိုင်းသိဖို့ ခက်ခဲနက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့ ညချစ်သူရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်