page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, June 25, 2012

“ကိုယ်ရည်ကိုယ်သွေး တည်ဆောက်ခြင်း”

ညချစ်သူ | 2:06 AM |
ညချစ်သူ | 2:06 AM |




Best Blogger Tips
Share

လောကတွင် အရည်အချင်းအလုံးစုံပြည့်ဝသူဟူ၍မရှိပေ။ သို့သော် အရည်အချင်းအတော်အသင့်ပြည့်စုံသူ၊ အရည်အချင်းမရှိသူဟူ၍ရှိသည်။ အရည်အချင်း (ဝါ) ကိုယ်ရည်ကိုယ်သွေး ဟူသည် မွေးရာပါရလာဒ်မျိုးမဟုတ်။ ဘဝတစ်သက်တာ ကြိုးစားအားထုတ်မှုများပေါ်မူတည်၍ ပြည့်စုံလာခြင်းဖြစ်သည်။ ကြိုးစားသင်ယူမှုများပေါ်မူတည်၍ ကိုယ်ရည်ကိုယ်သွေးများကွာခြားသွားခြင်းဖြစ်ရာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တိုးတက်ရန်အတွက် ကြိုးစားသင်ယူမှုများ၊ ကောင်းသောအကျင့်စရိုက်များ မွေးမြူမှုများပြုလုပ်ကြရမည်။

ယခင်အချိန်များနှင့်မတူ အပြိုင်အဆိုင် အလွန်များသော ယခုခေတ်မျိုး၌ အချိန်လု၍ အလုပ်လုပ်နေရခြင်းနှင့်ကြောင့် မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်မှု၊ အရည်အသွေးများပြန်လည်တည်ဆောက်မှုများအတွက် အချိန်ပေးရန်မေ့လျှော့နေကြပေသည်။ ရှေ့ဆက်ရန်သာ အရုဏ်ရောက်နေသောကြောင့် ပြန်လည်သုံးသပ်မှုများအားနည်းခဲ့ကြသည်။ အကယ်စင်စစ်၌ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းဖြင့် မိမိ၏ အားသာချက်၊ အားနည်းချက်များကို သိရှိပြီးအလျှောက် ဖြည့်စွတ်သွားခြင်းဖြင့် ရှေ့ဆက်မည့်ခရီးကိုလည်း ပိုမိုတွင်ကျယ်စေမည်ဖြစ်သည်။



မိမိကိုယ်ကိုယ်ပြန်လည်စမ်းစစ်ပါ။

မိမိကိုယ်ကိုယ်ပြန်လည်စမ်းစစ်ခြင်းကို ၃ လ တစ်ကြိမ်ဖြစ်စေ၊ ၆ လ လျှင် တစ်ကြိမ်ဖြစ်စေ ပြုလုပ်ပါ။ အကယ်၍ ရက်သတ်မှတ်လိုပါက တစ်နှစ်တစ်ကြိမ် နှစ်ကုန်ရက်များ၊ New Year ရက်များတွင်ပြုလုပ်သင့်ပါသည်။ တစ်နှစ်တစ်ခါ ပြန်လည်စမ်းစစ်ခြင်းဖြင့် မိမိဘဝတိုးတက်လာမှု၊ ဆုတ်ယုတ်သွားမှုများနှင့် မိမိအားနည်းချက်များ စသည်တို့ကို ရှင်းလင်းစွားမြင်လာမည်ဖြစ်သည်။

အားသာချက်များကို ဆက်လက်ထိန်းသိမ်းထား၍ အားနည်းချက်များကို ဖြည့်စွတ်နိုင်ရန်ကြိုးစားပါ။

တစ်နှစ်တာကာလ ဆုံးရှုံးခဲ့မှုများ၊ တိုးတက်မှုမရှိခဲ့သော ကိစ္စရပ်များကို ပြန်လည်သုံးသပ်၍ မိမိ၌ မရှိသောအရည်အချင်းများ ကို ရွေးထုတ်ပါ။ ရှိပြီးသား အရည်အချင်းများကို ဆက်လက်ထိန်းသိမ်းထားပါ။

မွေးမြူရမည့် ကိုယ်ရည်ကိုယ်သွေးများပြဌာန်းပါ။

ရွေးထုတ်ထားသော မိမိ၌မရှိသည့် အရည်အသွေးများကို မွေးမြူပျိုးထောင်ရန်အတွက် ဒိုင်ယာရီ၌ဖြစ်စေ၊ မြင်သာသော တစ်နေရာ၌ စာရေးသား၍ဖြစ်စေ တိကျသေချာစွာသတ်မှတ်ပြဌာန်းပါ။

မိမိသတ်မှတ်ထားသော ကိုယ်ရည်ကိုယ်သွေး များကို မွေးမြူပျိုးထောင်ပါ။

မွေးမြူရမည့် ကိုယ်ရည်ကိုယ်သွေးများကို ပြဌာန်းပြီးပြီဆိုပါက တစ်နှစ်တာကာလလုံး သတိဖြင့်ဆင်ခြင်၍ လေ့ကျင့် မွေးမြူသွားပါ။ မိမိမွေးမြူရမည့် အရည်အချင်းများကို အချိန်မလပ်သတိရနေခြင်း၊ Auto-suggestion နည်းကိုသုံးခြင်း စသည်များဖြင့် ဂရုတစိုက်မွေးမြူသွားပါ။

အထက်ပါအကြံပြုချက်များကို ပြုလုပ်သွားခြင်းဖြင့် သင်သည် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သော၊ အရည်အချင်းပြည့်စုံသော သူတစ်ယောက်ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

အောင်မျိုးခန့် (မော်ကျွန်း)
၆၊ ၆၊ ၂၀၁၂ (ဗုဒ္ဓဟူးနေ့)
Share

1 comment:

ချစ်စံအိမ် said...

လာရောက်ဖတ်သွားပါတယ်..