page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, April 19, 2012

ဟာသလေး ပါ ဗျာ ... ဖတ်ကြည့်ကြပါအုံး

ညချစ်သူ | 10:52 PM |
ညချစ်သူ | 10:52 PM |




Best Blogger Tips
Share
*ကံအဆိုးဆုံးနေ့*
*******************

အရက်ဘားတွင်ဖြစ်သည်။
အရက်ခွက်ကို ရှေ့မှာ ချပြီး လူတစ်ယောက် ညှိုးငယ်စွာ ထိုင်နေသည်။
ထောင်ထောင် မောင်းမောင်း၊ ဗလ ကောင်းကောင်း လူတစ်ယောက်ဝင်လာပြီး ဘာမပြော၊
ညာမပြောနှင့် စောစောက လူရှေ့ရှိ အရက်ခွက်ကို ဆွဲယူကာ သောက်ချလိုက်သည်။
ထိုင်နေသူ မျက်နှာကို လက်နှစ်ဘက်ဖြင့် အုပ်ပြီး ရှိုက် ကြီးတငင် ငိုသည်။ ဗလကြီး
အံ့သြသွားသည်။ ထိုသူကို သနားစိတ်ဝင်သွားသည်။ သို့နှင့် နှစ်သိမ့်စကားပြောသည်။
"ဟေ့လူ၊ ဒီလောက်တောင် ဝမ်းနည်းမနေပါနဲ့။ ကျွန်တော် ကျီစားတာပါဗျ။


နောက်တစ်ခွက်ဖိုးကို ကျွန်တော် ပေးပါ့မယ်ဗျာ"
မျက်ရည်များကို သုတ်ပြီး ထိုလူ ပြန်ပြောသည်။
"ဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်အဖြစ်ကို ခင်ဗျားမသိလို့ပါ။ ဒီနေ့ဟာ
ကျွန်တော့
အတွက် ကံအဆိုးဆုံးနေ့ပါ။ မနက်က အိပ်ရာထ နောက်ကျသွားတယ်။ အလုပ်ဆင်းတာ
နောက်ကျတယ်ဆိုပြီး အလုပ်ရှင်က ကျွန်တော့ကို အလုပ်က ထုတ်လိုက်တယ်။
ကိုယ်ပိုင်ပစ္စည်းတချို့ကို ကောက်သိမ်းပြီး အပြင်ကို ထွက်လာတော့ ကျွန်တော့
စက်ဘီး
မရှိတော့ဘူး။ ဒါနဲ့ အိမ်ကို ခြေလျင် ပြန်လာရတယ်။ အိမ်ရောက်တော့ မိန်းမကို
လင်ငယ်နဲ့
တွေ့တယ်။ မိန်းမက ရှင့်ကို မပေါင်းနိုင်တော့ဘူးဆိုပြီး အိမ်ပေါ်က မောင်းချတယ်။
ကျွန်တော့ဘဝဟာ အဓိပ္ပါယ်မရှိတော့ဘူး။ အရက်ဆိုင်ကို လာပြီး အရက်နဲပ ဖြေဖျောက်ဖို့
စဉ်းစားတယ်။ အရက်တစ်ခွက်မှာလိုက်တယ်။ အဲဒီမှာတင် အတွေးပေါ်လာတယ်။ ဒီလောက်
ကံဆိုးနေမှတော့ လူ့ပြည်မှာ ဘာလုပ်ဖို့ ဆက်နေတော့မှာလဲ ဆိုတဲ့ အတွေး။ ဒါနဲ့
အရက်ခွက်ထဲကို အဆိပ်ခပ်ထည့်လိုက်တယ်။ သောက်မယ်လုပ်တုန်း ခင်ဗျား
ဝင်သောက်လိုက်တာ။ အင်း၊ သေချင်တာတောင် ဖြောင့်ဖြောင့် မသေရပါလားနော်။
ကျွန်တော့ကိုက ကံဆိုးပါတယ်ဗျာ"
“ဟိုက်။ ငါ သေရတော့မှာပါလား။ ဘုရား၊ ဘုရား”



*တစ်ရက်ပဲကျန်တော့တယ်*
********************************

ဆရာဝန်က လူနာကို ဖုန်းဆက်ပြီးပြောသည်။
"ဟဲလို၊ ဦးဘမောင်ပါလား"
"ဟုတ်ပါတယ်"
"ကျွန်တော် ဒေါက်တာ ကောင်းထိုက်ပါ။ ဦးဘမောင်ကို ကျွန်တော် သတင်းနှစ်ခု
ပြောစရာရှိပါတယ်။ တစ်ခုက မကောင်းတဲ့သတင်း။ နောက်တစ်ခုကတော့ အင်မတန်ကို
ကောင်းတဲ့သတင်းပါ။ ဘာသတင်းက စပြောရမလဲ"
"မကောင်းတဲ့ သတင်းက စပြောဗျာ"
"ဟုတ်ကဲ့။ ဟိုတစ်နေ့က လူကြီးမင်း လာပြီး ဆေးတွေစစ်သွားတာ ရလဒ်တွေ သိပါပြီ။
ဒီရလဒ်တွေအရ လူကြီးမင်းဟာ အများဆုံး သုံးရက်ပဲ လူ့ပြည်မှာ နေရဖို့ ရှိပါတယ်
ဘုရား၊ ဘုရား။ ဒီလောက်တောင် အခြေနေ ဆိုသလားဗျာ။ အင်း၊ အင်မတန်ကောင်းတဲ့
သတင်းကကော"
"လူကြီးမင်းကို ကျွန်တော် ဖုန်းဆက်နေတာ နှစ်ရက်ရှိပါပြီ။ အခုမှပဲ
ဆက်လို့ရပါတယ်"



*မခွဲချင်ဘူး*
***************

ခွဲစိတ်ခန်းတွင်ဖြစ်သည်။
ခွဲစိတ်ခန်းအတွက် လိုအပ်သည်များကို ပြင်ဆင်နေရင်းက သူနာပြုဆရာမက လူနာကို
ပြောသည်။
"မကြာခင် ဆရာဝန်လာလိမ့်မယ်။ စိုးရိမ်ကြောင့်ကြတဲ့ အမူအရာစား ဆရာဝန်ကို
ပြုံးပြဖို့
ကြိုးစားပါရှင်"
"ဟင့်အင်း၊ ပြုံးပြနိုင်ဘူး။ ခွဲစိတ်ခံရမယ့် အရေးကို တွေးပြီး ကျွန်တော်
ဘယ်လိုမှ
စိတ်မအေးနိုင်ဘူးဗျာ"
"ရှင်စိုးရိမ်နေတယ် ဟုတ်လား။ အင်း၊ ဒေါက်တာလည်း ဒီအတိုင်းပါဘဲ။ ပထမဆုံး
အကြိမ်အဖြစ် ခွဲစိတ်ဖို့ သူ့ကို ဆေးရုံအုပ်ကြီးက တာဝန်ပေးလိုက်တာ သိတာနဲ့
သူ့ခမြာ
ကြောက်စိတ်ကြောင့် သတိလစ်သလိုလိုတောင် ဖြစ်သွားတယ်ရှင့်၊ သိလား"



*မာတာမိခင်*
****************
သားဖြစ်သူက နယ်ရှိ မိခင်ထံ ဖုန်းဆက်သည်။
"ဟဲလို၊ မေမေလား။ မေမေ၊ ကျွန်တော် မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပြီဗျ
ဒါပေမယ့် မေမေ။ ကျွန်တော်ယူမည့် မိန်းကလေးဟာ အသားမည်း နီဂရိုး အမျိုးသမီး
ဖြစ်နေတယ်"
"ဟုတ်လား။ ဝမ်းသာလိုက်တာ သားရယ်"
"ဒါများ အရေးတကြီး လုပ်လို့ကွယ်။ မေမေနဲ့ သားတို့ ဖေဖေ အသားအရောင်
ခွဲခြားတက်တဲ့စိတ် မရှိဘူးဆိုတာ မင်းသိသားနဲ့"
"ဒါပေမယ့် သူ့မှာ အရင်ယောက်ျားနဲ့ရတဲ့ ကလေးသုံးယောက် ပါလာမယ် ခင်ဗျ"
"ကိစ္စရှိပါဘူး။ မေမေနဲ့ သားဖေဖေ ကလေးတွေကို ချစ်တက်ပါတယ်ကွယ်"
"ခက်တာက ကျွန်တော်တို့ နေစရာ မရှိဘူး အမေရာ"
"ဒါလည်း ပြဿနာ မဟုတ်ပါဘူး။ မေမေတိုဆီမှာ လာနေပေါ့။ မေမေတို့ အိမ်ခန်းက
အိပ်ခန်းတစ်ခန်းထဲ ရှိပေမယ့် နေလို့ရပါတယ်။ မင်းတို့ မိသားစု အဲဒီအခန်းမှာ
နေကြပါ။ အဲ
မင်းဖေဖေကတော့ စတိုခန်းမှာ နေပါလိမ့်မယ်ကွယ်"
"မေမေ၊ မေမေကရော ဘယ်မှာ နေမလဲခင်ဗျ"
"မေမေလား။ မေမေလေ မင်းနဲ့ အခု စကားပြောပြီးတာနဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို
သတ်သေလိုက်မယ်။ သား စိတ်မပူပါနဲ"



*ဖွင်မှပေါ့*
***********

လူကြီးတစ်ယောက် ပင်လယ်ကမ်းစပ်တွင် ပုလင်းဟောင်း တစ်လုံးကို တွေ့သည်။ ငယ်ငယ်က
ကြားဖူးသော ပုံပြင်ကို သတိရသည်။ ပုလင်းထဲတွင် ဂျင်မီနီ ထိုင်နေမည်။ ပုလင်းကို
ပွတ်ရမည်ဟု သဘောပေါက်လိုက်သည်။ သို့နှင့် ပုလင်းကို ပွတ်သည်။ တစ်နာရီ၊
နှစ်နာရီ၊
သုံးနာရီ ကြာသွားသည်။ ဘာမှ ထူးမလာချေ။ နောက်ဆုံး မောလည်းမော၊ စိတ်လည်း
ပျက်လာသည်နှင့် ပုလင်းကို လွှင့်ပစ်မည်ဟု လုပ်သည်။ ဤတွင် ပုလင်းထဲမှ ဂျင်မီနီ၏
အသံကို ကြားရသည်။
"ဟေ့လူ။ ခင်ဗျား ရူးနေသလား။ ပုလင်းအဖုံးကို ဖွင့်ဦးမှပေါ့ဗျ"



*ဖိုးသက်ရှည်*
****************

အသက်၂ဝ-အရွယ် အမျိုးသမီးကို မကြာမီကမှ လက်ထက်လိုက်သော အသက် ၇ဝ-
အရွယ်ရှိ အဘိုးကြီးက မိတ်ဆွေဖြစ်သူ ပင်စင်စားကို ပြောသည်။
"တကယ်တမ်း ပြောရရင် ရယ်စရာတော့ အကောင်းသားဗျနော်။ ခင်ဗျားပဲ စဉ်းစားကြည့်။
ကျုပ်မိန်းမ အသက်၇ဝ- ပြည့်တဲ့ အခါမှာ ကျုပ်ရဲ့ အသက် ၁၂ဝ- ရှိနေရော့မယ်"



*မေ့တတ်တဲ့အရွယ်*
**********************
"ဒေါက်တာ။ ကျွန်တော့အသက် ၈ဝ- ရှိပြီ။ ဒါပေမယ့် အခုအချိန်ထိ အမျိုးသမီး
ချောချောလှလှကို တွေ့ရင် သူ့နောက် လိုက်မိနေတုန်း"
"ဟာ ဒါကောင်းတာပေါ့ အန်ကယ်ရယ်"
"ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာအတွက် ကျွန်တော် လိုက်သလဲဆိုတာ ဘယ်လိုမှ
စဉ်းစားလို့ မရဘူး"



*အကြောင်းမဲ့ ရန်ရှာခြင်း*
***************************

ယုန်က သားရဲတိရစ္ဆာန်တို့၏ဘုရင် ခြင်္သေမင်းကို လာတိုင်သည်။
"ဝက်ဝံဟာ ကျွန်တော့ကို အကြောင်းမဲ့ ရန်ရှာပြီး အနိုင်ကျင့်နေတယ်ခင်ဗျ။
ကျွန်တော့ကို
တွေ့တဲ့အခါတိုင်း 'ဟေ့၊ ယုန်စုတ်၊ မင်းဘာဖြစ်လို့ ဦးထုပ် မဆောင်းထားသလဲကွ '
ဆိုပြီး
ကျွန်တော့ကို ထိုးကြိတ်တယ် ခင်ဗျ"
ခြင်္သေမင်းက ဝက်ဝံကို ခေါ်တွေ့ပြီး ပြောသည်။
"ဟေ့ ဝက်ဝံ၊ ယုန်ကို ရန်စဖို့ တခြားနည်းလမ်း မရှိဘူးလားကွဟေ။ ဥပမာ၊ ပန်းသီး
ယူလာခဲလို့ မင်းပြောကြည့်။ မှည့်ဝင်းနေတဲ့ ပန်းသီးကို ဒင်းယူလာရင်
ခပ်စိမ်းစိမ်းကိုမှ စားချင်တယ်ပြော။ ဆေးလိပ် ပေးသောက်စမ်းလို့ ပြောကြည့်။
ဖင်စီခံ မပါတဲ့ စီးကရက်ကို
ဒင်းပေးရင် ဖင်စီခံနဲ့ သောက်ချင်တယ်လို့ပြော။ မီးတစ်တို့ ပေးညှိစမ်းလို့
ပြောကြည့်။
သစ်သားမီးခြစ်ကို ပေးရင် ဂတ်စ်မီးခြစ်နဲ့မှ ညှိချင်တယ်လို့ ပြော။ သဘောကတော့
သူ့ကို
ရန်ရှာစရာအကြောင်းတွေ အများကြီး ရှိပါတယ်ကွ"
ယုန်ကို ဝက်ဝံ တွေ့သည်။
"ပန်းသီး ယူလာစမ်း"
"အစိမ်းလား၊ အမှည့်လားဟင်"
"ဆေးလိပ် ပေးသောက်စမ်း"
"အစီခံနဲ့လား၊ အစီခံ မပါတာလားဟင်"
"မီးခြစ်ပေးစမ်း"
"သစ်သားမီးခြစ် ယူမလား။ ဂတ်စ်မီးခြစ် ယူမလား"
"ဟေ့ကောင်၊ မင်း ဘာဖြစ်လို့ ဦးထုပ် မဆောင်းထားသလဲကွ ဟေ"



*မေ့သွားလို့ပါ*
****************

ကိုဘမောင်တို့ လင်မယား ကိုးထပ်တိုက်၏ အပေါ်ဆုံးထပ်တွင် နေသည်။
တစ်နေ့ ကိုဘမောင် မရှိခိုက် ၄င်း၏ မိတ်ဆွေ ကိုရွှေဂဲ ရောက်လာသည်။ ကိုဘမောင်၏
ဇနီးက ကော်ဖီ ဖျော်တိုက်ပြီး စကားစမြည် ပြောနေကြသည်။ အပြင်မှ တံခါးကို
သော့ဖြင့်
ဖွင့်သံ ကြားရသည်။ ယောက်ျားဖြစ်သူ အလွန် သဝန်တိုတက်မှန်း သိသဖြင့် မိန်းမဖြစ်သူ
အကြီးအကျယ် စိုးရိမ်စိတ် ဝင်သွားသည်။ သို့နှင့် ကိုရွှေဂဲကို ပြောသည်။
"ဒုက္ခပါပဲ။ ကျွန်မကို သူ အထင်လွဲတော့မယ်။ ဝရန်တာမှာ ခဏသွားပုန်းပါရှုင်။ သူ
တစ်ခုခု
မေ့လို့ လာပြန်ယူတာ ဖြစ်ပါလိမ့်မယ်။ မကြာခင် သူ ပြန်ထွက်သွားမှာပါ"
ကိုရွှေခဲ တံခါးဖွင့်ပြီး ဝရန်တာဘက် ကပျာကယာ ထွက်သွားသည်။
ကိုဘမောင် အခန်းထဲ ဝင်လာသည်။ ကော်ဖီပန်းကန်များကို ကြည့်ပြီး မျက်နှာကြီး
နီလာသည်။
"ကောင်မ ၊ မှန်မှန်ပြောစမ်း။ မင်း လင်ငယ်နဲ့ ပြောနေတယ်ပေါ့လေ၊ ဟုတ်လား။
ဘယ်မှာလည်း ဒီ အကောင် မှန်မှန်ပြောရင် ပြော မပြောရင် ငါဟာငါ ရှာမယ်"
"ကိုဘမောင်၊ ရှင် ကျွန်မကို ဒီလို မစွပ်စွဲပါနဲ့။ ရှင် သူငယ်ချင်း ကိုရွှေဂဲ
အလည်လာတာပါ။
ရှင်သဝန်တိုတက်မှန်း သိလို့ သူ့ကို ကျွန်မ ဝရန်တာမှာ ပုန်းခိုင်းထားမိပါတယ်။ သူ
ဝရန်တာမှာပါ"
"မင်းတော်တော် အသုံးမကျတဲ့ မိန်းမပါလားကွ ဟေ။ တို့ အိမ်မှာ ဝရန်တာ မရှိဘူးဆိုတာ
မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ တောက်"



*ALL RIGHT*
****************
"ဘယ်ခြေထောက်၊ ဘယ်မျက်လုံး၊ ဘယ်လက်၊ ဘယ်နားရွက်မရှိတဲ့သူကို
ဘယ်လိုခေါ်သလဲဟင်"
"ALL RIGHT"



*စုပေါင်းဓာတ်ပုံ*
******************

အတန်းပိုင်ဆရာမနှင့်အတူ လေးတန်း(အေ)မှ ကျောင်းသူ ကျောင်းသားများ စုပေါင်း
ဓာတ်ပုံ
ရိုက်ကြသည်။ ရိုက်ပြီးသောအခါ ဆရာမက ကလေးတို့ကို ဓာတ်ပုံတစ်ပုံစီ ဝယ်ကြရန်
တိုက်တွန်းသည်။
"ဓာတ်ပုံကို မင်းတို့ အမှတ်တရ ဝယ်ထားသင့်ကြတယ်။ ကြီးလာတဲ့အခါ ဓာတ်ပုံကို
ကြည့်ပြီး မင်းတို့ အမှတ်တရ ပြောနိုင်ကြမယ်။ 'ဒါကတော့ မောင်နီပဲ။ အခု
ခွဲစိတ်ဆရာဝန်ကြီး ဖြစ်နေပြီ' ၊ ' သူကတော့ မခင်သက်၊ တက္ကသိုလ်မှာ ကထိကကြီး
ဖြစ်နေပြီ' ၊ ' သူကတော့ ချောကလျာ၊ အခုတော့ နာမည်ကြီး ရုပ်ရှင် မင်းသမီး'
စသဖြင့်ပေါ့ကွယ်"
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးထံမှ တိုးတိုးလေး ပြောသံ ကြားရသည်။
"အင်း။ အလယ်တည့်တည့် မှာ ရပ်နေတဲ့ ငါတို့ ဆရာမတောင် သေသွားတာ ကြာပါပကော"



*ကောက်ချက်*
******************

ဆရာမက ပီတာလေးကို မေးသည်။
"ပီတာ၊ မင်း ဘာဖြစ်လို့ ကျောင်းနှစ်ရက် ပျက်ရတာလဲ"
"ကျွန်တော့လုံချည်ကို တမြန်နေ့က မေမေ လျှော်လိုက်လို့ပါ"
"ဘာလဲ၊ မင်းမှာ လုံချည်တစ်ထည်တည်း ရှိတာလား"
"ဟုတ်ပါတယ်"
"ကောင်းပြီ။ ဒါဖြင့်ရင် မနေ့ကကျတော့ကော ဘာဖြစ်လို့ ကျောင်းမတက်တာလဲ"
"ဒီလိုပါ။ မနေ့က ကျွန်တော် ဆရာမတို့ အိမ်အနားက ဖြတ်လျှောက်သွားပါတယ်။ အဲဒီမှာ
ဆရာမရဲ့ ထမီကို လျှော်ထားတာ တွေ့လိုက်ရတယ်။ ဆရာမလည်း ဒီနေ့ ကျောင်းလာမှာ
မဟုတ်ဘူးလို့ တွေးလိုက်မိတယ်"


သူငယ်ချင်းတို့ နည်းနည်းလေးပဲပြုံးသွားမယ်ဆိုရင်ပဲ ကျေနပ်ပါတယ်

ကျေးဇူးတင်ပါတယ်ခင်ဗျ
Share

1 comment:

yee yee said...

အထူးကိုကျေးဇူးတင်ရှိပါတယ်။။။။
အားရပါးရရီ ပြုံးသွားပါတယ်။။။။