Share
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် မောင်ရိုးလို့ခေါ်တဲ့
လူငယ်လေးတစ်ယောက်ရှိတယ်။ အဲဒီလူငယ်လေးဟာ ဘယ်လောက်ရိုးသားလဲဆိုတော့ ဘယ်သူပဲ
အနိုင်ကျင့်ကျင့်ဘာမှ ပြန်မလုပ်ဘူးတဲ့။ သူ့မှာ သူ့အဖေရယ်။ အစ်ကို၊ အစ်မတွေ
ရှိတာပေါ့။ သူ့အစ်ကို အစ်မတွေက
အိမ်ထောင်ကိုယ်စီနဲ့ပေါ့။ သူကတော့ အသက်ကြီးနေတဲ့ အဖေကို ပြုစုပြီး
အိမ်ထောင်မပြုသေးဘူးတဲ့။ သူ့အစ်ကို အစ်မတွေက သူ့အဖေကို လာမကြည့်လည်း သူက
စိတ်မဆိုးဘူးတဲ့။
တစ်နေ့ကျတော့ အဖေဖြစ်တဲ့သူက သူ မသေခင်
သူကလေးတွေအားလုံးကို တွေ့ချင်တယ်လို့ သူ့သားကို ပြောတာပေါ့။ သူလည်း
သူ့အစ်ကို၊ အစ်မတွေကို သွားပြောပါတယ်။ ဒါပေမယ့် မလာကြပါဘူး။ သူ့အဖေလည်း
ကြံရာမရတော့ နောက်ဆုံးမှာ
Share
Showing posts with label သုတစာစု. Show all posts

Thursday, March 27, 2014
Tuesday, August 13, 2013
Tuesday, August 21, 2012
ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ အဆင့်ရှစ်ဆင့်
နိုးနိုး | 5:09 PM | သုတစာစု
Share
ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ရွေးချယ်စရာရှိတာ ရွေးချယ်ရ၊ ဆုံးဖြတ်ချက်ချစရာရှိတာ ချကြရပါတယ်။အဲဒီလို ရွေးချယ်ဆုံးဖြတ်တဲ့အခါမှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့အရာကို၊ ကိုယ်နှစ်သက်သဘောကျတဲ့အရာကို ရွေးချယ် ဆုံးဖြတ်တတ်ဖို့ လိုပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့အရာကိုလည်း ယုံယုံကြည်ကြည်နဲ့ အကောင်းအထည် ဖော်ဖို့လို ပါတယ်။ဒါကြောင့် အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချရာမှာ အသုံးဝင်နိုင်မယ့် ဆုံးဖြတ်ချက်ချနည်း အဆင့်
ရှစ်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
အဆင့်(၁) စိတ်အေးအေးထားပါ
အရေးကြီးကိစ္စတစ်ခုခုကို ရွေးချယ်ဆုံးဖြတ်ရတဲ့အခါမျိုးမှာ ကျွန်တော်တို့ဟာ အရွေးမှားမှာ၊ ဆုံးဖြတ်ချက်အချမှားမှာကို စိုးရိမ်တယ်၊ ပူပန်တတ်ကြပါတယ်။ အဲဒီလို လောဘ၊ မောဟ၊ သောကတွေကြောင့် ဆုံးဖြတ်ရာမှာ မှားယွင်းတတ်ကြပါ တယ်။ အရေးကြီးတဲ့ကိစ္စတစ်ခုဆုံးဖြတ်ရတော့မယ်ဆိုရင် စိတ်အေးငြိမ်းတည်ငြိမ်တဲ့အချိန်မှသာ ဆုံးဖြတ်ပါ။ စိတ်အေးနေ ပါက အမှန်ကို အမှန်အတိုင်းမြင်တတ်၊ တွေးတောဆင်ခြင်တတ်ပါတယ်။
အဆင့် (၂) ကိုယ်လိုချင်တာဘာလဲသေချာသိအောင်လုပ်ပါ
ကိုယ့်ရဲ့ပန်းတိုင်၊ ကိုယ်လိုချင်တဲ့အရာကို သေချာသိမှ ကိုယ့်အတွက်အကောင်းဆုံး ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်နိုင် မှာပါ။ ဒါကြောင့် ကိုယ်လိုချင်တာဘာလဲ၊ ကိုယ်ဖြစ်ချင်တာဘာလဲဆိုတာကို ရှင်းလင်းပြတ်သားစွာ သိဖို့လိုပါတယ်။ ကိုယ့် ရဲ့ အတွင်းစိတ်ဆန္ဒကို သေချာဆန်းစစ်ပါ။

Labels:
သုတစာစု
Subscribe to:
Posts (Atom)