Share
နည်းလမ်း...။
ကျွန်တော်လမ်းလျှောက်တတ်ဖို.... လမ်းတစ်ခု မလိုဘူး'''''''',,,,,,,,,
ဒါပေမယ့် ........ လမ်းတစ်ခုပေါ်တော့ လျှောက်တတ်ဖို့ လိုချင်တယ်......။
နာရီကို အချိန်သိဖို့ ကျွန်တော် ငုံ့မကြည့်ဘူး '''''''',,,,,,,,,
ဒါပေမယ့် ...... စက္ကန့်သံနဲ့ မိနစ်ပြ နာရီတိုင်းက ကျွန်တော့်ကို ငုံ့ကြည့်တယ်......။
ကမ္ဘာက ၂၃ နှစ်ပိုင်းတစ်ပိုင်း လည်ပါတ်တယ် '''''''',,,,,,,,,
ဒါပေမယ့်..... ကျွန်တော့် ကဗျာတွေ ၂၃ နှစ်ပိုင်းတစ်ပိုင်း မစောင်းဘူး.....။
ဒါပေမယ့် တွေကို ကျွန်တော် မသုံးချင်ဘူး.....
ဒါပေမယ့် '''''''',,,,,,,,,
ကျွန်တော့်ကို ဒါပေမယ့် တွေက သုံးနေတယ်........။
တစ်ခုတော့ ရှိတယ်......။
ကျွန်တော့် နှလုံးသားတံတိုင်းကဒဏ်ရာတွေ ပြိုပျက်စေချင်ရင်တော့ ......
ခင်ဗျားကိုယ်တိုင်'''''''',,,,,,,,,
ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေ ရွတ်ဆိုရင်းနဲ့ ......
အမြင့်က ခုန်ချလိုက်ဖို့ပဲ ရှိတယ်.....'''''''',,,,,,,,, ။ ။
ကကြီး။ (24.3.2012)http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:31259?commentId=6523429%3AComment%3A31509&xg_source=msg_com_blogpost
Share
Showing posts with label ကဗျာ. Show all posts

Tuesday, July 17, 2012
အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ
နိုးနိုး | 12:12 PM | ကဗျာ Be the first to comment!
Share
ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့် ပစ္စုပ္ပန်) မသိ၍ဆို၊ မလို၍ပြော။ သူ့စိတ်မှာ အလွန်ယဉ်လို့၊ သူ့ ဉာဉ်မှာ အလွန်သန့်တယ်၊ ထူးချွန့်သဘော။ ။ မသိ၍ထင်၊ မမြင်၍ပြော။ သူ့ဝိညာဉ် မသေပျောက်ပါဘူး၊ မိုးပေါက်လို အစဉ်ကြည်လို့၊ နေခြည်လို အစဉ်လန်းကာ၊ ဖျန်းဆွတ်စိတ်စော။ ။ မင်းသုဝဏ် aung10 အာဇာနည် အလေးပြု ငါတို့အတွက်၊ ကိုယ့်အသက်ကို၊ မကွက်မညှာ၊ စွန့်ကြရှာသည်၊ ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊ ညွှတ်တွားသမှု၊ အလေးပြု၍၊ သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊ ခြောက်ဖော်နတ်က ကြားစေသောဝ်။ (မင်းသုဝဏ်) (၄၊ ၁၊ ၁၉၅၃) (အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ စာမျက်နှာ ၁၄၃-မှ ....)
သခင်အောင်ဆန်းတရား ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊ မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊ အဘယ်တရားဟောမည်နည်း။ ဆန်း၏ သတ္တိ၊ ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊ ဟောစရာကား အလွန်များ၏။ မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊ လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊ ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊ မင့်သား သိစေချင်လှ၏။ သူ့အစွမ်းကား၊ အခြားမဟုတ်၊ အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊ မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊ ဗန်းပြအလှ၊ ပကာသနကို၊ ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊ ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊ ကြုံရာဘဝ၊ မုကလုံလောက်၊ ခံမြို့ဆောက်၏။ ထို့နောက်တဆင့်၊ မိုးထိလွင့်အောင် ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့် ပျံတလူလူ၊ သူထူခဲ့ကြောင်း ခေါင်းဆောင်သဘော၊ မင့်သားချောကို၊ ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။ ဇော်ဂျီ (ညီသစ်ဆင်း ကဗျာများ မှ ...)

Labels:
ကဗျာ
Subscribe to:
Posts (Atom)