page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Showing posts with label ရသဆောင်းပါး. Show all posts
Showing posts with label ရသဆောင်းပါး. Show all posts

Friday, August 17, 2012

မြန်မာ့ လူနေမှုဘ၀ထဲက သနပ်ခါး ယဉ်ကျေးမှု

ညချစ်သူ | 12:28 AM |
ညချစ်သူ | 12:28 AM |




Best Blogger Tips
Share







"ရွှေနံ့သာခေါက်ကိုလ

ကျောက်ပျဉ်မှာ အသာတင်


ခန်းခွင်မှာသွေး


လိမ်းမယ်လို့ ကြံ


မှန်ယူခဲ့ ဆံတိုလေးရယ်


ပိန်းရိုက်စို့လေး။"

ဤကျောက်ပြင် ပေါ်အထက်မှာဖြင့်
ကျော်ကရက်မက် အနှစ်တုံးကိုလ
နံ့သာဖြူ အသာရောတဲ့ပြင်
မပြစ်ကျဲ အရည်ဖျော်ကာပ
ဘယ်ဝိုင်းညာ အသာသွေးပါလို့
လိမ်းခြယ်သ နံ့သာကြိုင်ဆင်း
ရနံ့တွင်း ပြိုင်ဘက်ကင်းတာကြောင့်
ပြင်းပြင်းဖွေး လိမ်းကာခြယ်ကာပ
သင်းသင်းမွှေး တကယ်လှလို့
တအားကုန် မွှေးကာရှိုက်လိုက်မယ်
အမယ့်ပါးက သနပ်ခါး။
“ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ၊ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ” ဆိုသည့် နန်းတော်ရှေ့ ဆရာတင်၏ နာမည်ကြီး သီချင်းမှသည် ယနေ့ခေတ် Black Whole အဖွဲ့၏ “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ၊ သူများတွေထက် မထင်ရှားလည်းပဲ ကိုယ့်အတွက် လမင်းလေးပါ” ဆိုသည့် “သနပ်ခါးချစ်သူ” သီချင်းအထိ ခေတ်အလိုက် သနပ်ခါး သီချင်းများကို လူငယ်တို့ ဆိုညည်းကြသည်အထိ သနပ်ခါးက ရေပန်းစားလှသည်။
Share