ရန်ကုန်၊
တိုင်းပြည် တည်ငြိမ်ပြီး အေးအေးချမ်းချမ်း ရှိကာ ပြည်သူတွေကလဲ သဘော ကျသည်ဆိုပါက မည်သူပဲ (သမ္မတ အဖြစ်) တက်တက် မိမိအနေဖြင့် တက်စေချင်ကြောင်း၊ မိမိ၏ ဆန္ဒ အမှန်မှာ အနားယူလိုခြင်းသာဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ဥရောပသုံးနိုင်ငံခရီး ဒုတိယ မြောက်ခရီးစဉ်အဖြစ် ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို့သို့ရောက်ရှိစဉ် ပြော ကြားလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တော် ရှိ Bellevue Palace ဟိုတယ်တွင် ဆွစ်ဇာလန် သတင်းဌာန NNZ News နှင့်တွေ့ဆုံစဉ် နောက်သက် တမ်းတွင် သမ္မတဝင်အရွေးခံဦးမည် လားဟု အင်န်ဇက်ဇက်သတင်းထောက် ၏ အမေးကို နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်သည်။
Share